Home သတင်း ‌ကော့မူးမှ ပြိုင်မည့် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ကရင်တိုင်းရင်းသားများ ကြိုဆို

‌ကော့မူးမှ ပြိုင်မည့် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ကရင်တိုင်းရင်းသားများ ကြိုဆို

2117
‌ဖေ‌ဖော်ဝါရီလ ၆ရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီးရှိ ကရင်လူမျိုးအများစု‌နေထိုင်သည့် ‌ကော့မှူးမြို့နယ်မှ ဝင်‌ရောက်အ‌ရွေးခံ မည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ အစီအစဉ်ကို ကရင်တိုင်းရင်းသားများက ကြိုဆို လိုက်သည်။

ထိုင်း-မြန်မာနယ်စပ်‌နေ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ‌စောဖိုးခွားက “‌ရေရှည်စစ်ပွဲ‌တွေ‌ကြောင့် တစ်‌ယောက်နဲ့တစ် ‌ယောက် ယုံကြည်မှု‌တွေ ကင်းမဲ့‌နေကြတယ်။ ဒီလိုအချိန်မှာ ‌ဒေါ်စုအ‌နေနဲ့ကရင်‌ဒေသကို ကိုယ်စားပြုပြီး ဝင်ပြိုင်မယ်ဆိုတာက ‌တော့ ကျ‌နော်တို့ တိုင်းရင်းသား‌တွေကြားမှာ သူ့အ‌နေနဲ့ ယုံကြည်မှုကို တည်‌ဆောက်တယ် ဆိုတာကို ‌ဖော်ပြလိုက်တာပါပဲ”ဟု ‌ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နန်းဒါးအယ်ကလယ်ကလည်း ‌ဒေါ်‌အောင်ဆန်းစုကြည် အ‌ပေါ် ကရင်တိုင်းရင်းသားများက ယုံကြည်မှုရှိ‌ကြောင်း ‌ပြောသည်။

“ကျမတို့အ‌နေနဲ့ ယုံကြည်ပါတယ်။ ‌ဒေါ်စုက တိုင်းရင်းသား‌တွေရဲ့ တန်းတူညီမျှမှုကို ဦးစား‌ပေးပြီး လုပ်ကိုင်တယ်။ ‌နောက်ပြီး တိုင်းရင်းသား‌တွေရဲ့ လိုအပ်ချက်အ‌ပေါ်မှာလည်း ‌တောင်းဆိုနိုင်လိမ့်မယ်လို့ မြင်တယ်”ဟု ‌ပြောကြားသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် တိုင်းရင်းသားအ‌ရေးကို အ‌လေးအနက်ထားသည့်အ‌နေဖြင့် ‌ကော့မှူးမြို့နယ် ဝါးသခင်္‌ကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုထံတွင် အိမ်‌ထောင်စု စာရင်းဝင်လိုက်ပြီး ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ခြင်းဖြစ်‌ကြောင်း အမျိုးသားဒီမိုက ‌ရေစီအဖွဲ့ချုပ်က ‌ပြောသည်။

‌ကော့မှူးမြို့နယ်သည် ချို့တဲ့သည့် ‌ဒေသများနှင့်လူသူ သွားလာမှုနည်းပါးသည့် ‌နေရာများဖြစ်သည့်အပြင် တိုင်းရင်းသားများ ‌နေထိုင်ရာ ‌ကျေးရွာဖြစ်သည့်အတွက်‌ကြောင့် ‌ရွေးချယ်လိုက်ခြင်းဖြစ်‌ကြောင်း NLD မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ‌ကေ အိုင်စီကို ‌ပြောသည်။

ဦးဉာဏ်ဝင်းက “အဓိက‌တော့ တိုင်းရင်းသား‌တွေနဲ့ သူနဲ့ စိတ်သ‌ဘောထားချင်း အတူတူပဲဆိုတဲ့ သ‌ဘောရယ်၊ တိုင်းရင်းသား ‌တွေအ‌ပေါ်မှာ သူ အ‌လေးအနက် ထားတယ်ဆိုတာ‌တွေကို ပြသချင်တာ‌တွေ‌ကြောင့်ပါ”ဟု ‌ပြောသည်။

အိမ်‌ထောင်စု စာရင်းဝင်လိုက်ခြင်းသည် ထို‌ကျေးရွာအတွင်း သွား‌ရောက်‌နေထိုင်ခြင်းမျိုး မဟုတ်ပဲ မဲဆန္ဒစာရင်းဝင်ရန်အတွက် ဝင်လိုက်ခြင်းဖြစ်ပြီး ‌ရွေး‌ကောက်ပွဲ ကျင်းပသည့်‌နေ့တွင် ထိုမိသားစုများနှင့် တစ်ရက်တာ သွား‌ရောက်‌နေထိုင်ရန် အစီအစဉ်ရှိ သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

‌ရွေး‌ကောက်ပွဲဥပ‌ဒေအရ တခြားအိမ်‌ထောင်စုအတွင်း ဝင်မည်ဆိုပါက မူလရှိသည့်‌နေရာမှ မဲဆန္ဒပယ်ဖျက်သည့် ‌ထောက်ခံစာ နှင့် အိမ်‌ထောင်စု‌ပြောင်းသည့် ပုံစံ ၁ဝ နှစ်ခုတွဲပြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံသို့ တင်ရ‌ကြောင်း ဆက်လက်‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် လာမည့် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ‌ကော့မှူးမြို့နယ်သို့ စည်းရုံး‌ရေး စဆင်းရန် အစီအစဉ် ရှိ‌ကြောင်းနှင့် ‌ဒေါ်စုသွား‌ရောက်မည့်အ‌ပေါ် ‌ဒေသခံများမှ ကြိုဆိုရန် စီစဉ်‌နေ‌ကြောင်း သိရသည်။

‌ကော့မှူးတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်အပြိုင် ပြည်သူ့လွှတ်‌တော်သို့ ဝင်‌ရောက်ယှဉ်ပြိုင်မည့်သူမှာ ပြည်‌ထောင်စုကြံ့ခိုင်‌ရေး နှင့် ဖွံ့‌ရေးပါတီမှ ‌ဒေါက်တာစိုးမင်း ဖြစ်သည်။