Hay Htoo
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် အမျိုးသမီးဦးရေ ပိုမို ထည့်သွင်းရန် WLB တောင်းဆို
မေလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ပြည်ထောင်စု ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ်စားပြုမှုဦးရေ ပါဝင်လာသည်ကို ကြိုဆိုသော်လည်း ၂ဦးသာ ပါဝင်သည့်အတွက် ထပ်မံ ထည့်သွင်းပေးရန် လိုသေးကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရအား အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) က ယနေ့ ကြေညာချက်ထုတ်...
ဘုရားသုံးဆူတွင် ကေအဲန်ယူ ဆက်ဆံရေးရုံးဖွင့်ပြီးစီး
မေလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ထိုင်းစံတော်ချိန် ၁၁း၂ဝနာရီ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကေအဲန်ယူ ဆက်ဆံရေးရုံးကို ယနေ့မနက် ၉နာရီ(မြန်မာစံတော်ချိန်)တွင် ဖွင့်လှစ်ပြီးစီးခဲ့ရာ ဒေသခံလူထု ၂၀၀၀ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆက်ဆံရေးရုံးဖွင့်ပွဲကို မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး...
ကျန်ရှိနိုင်ငံရေးအကျဉ်းသား လွှတ်ပေးရန်နှင့် ကချင်ဒေသထိုးစစ် ရပ်ရန် ဂျပန်တွင် ဆန္ဒပြ
မေလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်း လွှတ်ပေးရန် နှင့် ကချင်ဒေသ အပါအဝင် ပြည်တွင်းစစ်ကို ရပ်စဲပြီး စစ်မှန် သည့် ငြိမ်းချမ်းရေးကို မြန်မာအစိုးရမှ ဖော်ဆောင်ပေးရန် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ညနေ ၃နာရီမှ ၄နာရီအထိ...
ကရင်နီပြည်အတွင်း မြေမြှပ်မိုင်းရှင်းပေးရန် အစိုးရထံ KNPP တောင်းဆို
မေလ ၁၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်နီပြည်သူများ တောင်းဆိုထားသည့် မြေမြှပ်မိုင်းရှင်းလင်းပေးရေး ကိစ္စနှင့် ပတ်သက်၍ အစိုးရထံ တောင်းဆိုထားကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။
၎င်းက “ကျနော်တို့ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါမှာ ဒီကိစ္စတွေကို...
ဗိုလ်မှူးကြီးမိုးဖြူ ဈာပန ပရိဿတ် ၂၀ဝနီးပါး လာရောက်ခဲ့
မေလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့် ဗိုလ်မှူးကြီးမိုးဖြူ၏ ဈာပနအခမ်းအနားကို ကရင် အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)နေရာတွင် ယနေ့ပြုလုပ်ခဲ့ရာ လူပရိဿတ် ၂၀ဝနီးပါးခန့် လာရောက်ခဲ့ကြသည်။
ယနေ့ နေ့လည်မှ မွန်းတည့်အထိ ပြုလုပ်ခဲ့သည့် အဆိုပါဈာပနတွင် ဝတ်ပြုဆုတောင်းခြင်း၊ ကွယ်လွန်သူအား ဂါရဝပြုခြင်းအပြင်...
နှုတ်ခမ်းရာထက် မြတ်သောခြေရာ
စအိုင်ခန့် (နှင်းခဲမြေ)
ရွာနီးချုပ်ကမိတ်ဆွေဆီအလည်သွားတာပါလို့
အမေ့ကို မညာဖူးတဲ့ကျနော်
ရွာကနေထွက်လာခဲ့တာ
စစ်သင်တင်းတက်ပြီးခါမှ
သား စစ်ထဲဝင်သွားမှန်းသိခဲ့ရတဲ့အမေ။
ဆင်းရဲဒုက္ခမျိုးစုံတွေနဲ့
ကြမ်းတမ်းတဲ့တော်လှန်ရေးရဲ့လောကဓံကို
ရင်ဆိုင်ရမယ့်သားကို
ကြိုသိနေတဲ့အမေမျက်ဝန်းမှာ
ဆို့နင့်သောက မျက်ရည်စတွေ
ဟန်ဆောင်အပြုံးကြားက ကျခဲ့ပေမယ့်လည်း
သားလုပ်ရပ်ကိုဘာတစ်ခုမှ
အပြစ်မြင်မတားဆီးခဲ့တဲ့အမေ။
မိတ္ဆာတွေရမ်းကားမင်းမူတဲ့ အမေတို့ရွာ
ပိုးစုန်းကြူးလေးတွေကွန့်မြူးတဲ့
လယ်တောစပ် မဟူရာညအမှောင်ထဲက
အမေ့ရဲ့လယ်တဲလေးမှာ
အမေ့ဆီတိတ်တခိုးလေးရောက်လာတဲ့ကျနော့်ကို
သွားလေရာလာလေရာ
အမြဲသတိရှိပါဘုရားတရားမမေ့နဲ့လု့ိုု့့
ကွမ်းသံဗလုံးထွေးနဲ့ပြောခဲ့တဲ့အမေ။
စစ်မြေပြင်မှာဘေးမတွေ့ရအောင်
အသုဘတွေဆီကရတဲ့ပိတ်ဖြူစကို
ရွာဦးကျောင်းက ဆရာတော်ဆီမှာ
အပြေးအလွှားသွားယူလာကာ
ခြေဖဝါးနှစ်ဖက်ကိုဆီနဲ့လိမ်းအိုးမဲနဲ့သုတ်
ပိတ်ဖြူပေါ်မှာခြေရာထင်ကျန်အောင်ပြုလျှက်
အန္တရာယ်ကင်းအဆောင်အဖွဲ ့အဖြစ်
သားကိုဆောင်စေခဲ့တဲ့အမေ။
အနန္တဂိုဏ်းဝင်တဲ့ဂရုနာရှင်
အမေ့ခြေရာတော်အဆောင်အဖွဲ ့အါးကိုးနဲ့
စစ်တိုက်ခဲ့တဲ့အမေ့ရဲ့သားလေး
အောင်ပွဲအလီလီနှစ်တွေလည်းအလီလီ
ကြာညောင်းခဲ့ပြီးအမေရယ်။
သားတို့ရဲ့အမျိုးသားတော်လှန်ရေး
အနှစ်ခြောက်ဆယ်ကျော်
ကာလအစိတ်အပိုင်းတစ်ခုထဲမှာ
အမေရဲ့ဩဝါဒအမေရဲ့ခြေရာတွေနဲ့
သားရဲ့ဘဝအစိတ်အပိုင်းတစ်ခုကို
သားပြည်သူအတွက်ပေးဆပ်ခွင့်ရတာ
အတိုင်းအတာတစ်ခုအထိ
သားကျေနပ်ပါတယ်အမေရယ်။
သားရဲ့လွတ်မြောက်ခြင်းတိုက်ပွဲရဲ့အောင်ပွဲတိုင်းဟာ
သားတို့ပြည်သူတွေကျရောက်နေတဲ့
စစ်မိတ္ဆာစနှစ်ဆိုးရဲ့လောင်းရိပ်အောက်က
ငရဲခန်းရဲ့တံခါးတွေကိုရိုက်ချိုးခဲ့တာပါအမေရယ်။
အဲဒီတိုက်ပွဲရဲ့အောင်ပွဲတွေကို
အမေရဲ့ခြေရာကဖြစ်စေခဲ့တဲ့
မဟာခွန်အားသတ္တိတွေနဲ့
သားတိုက်ခဲ့တာပါအမေရယ်။
ဒီအချိန်မှာ အမေ့ခြေရာတော်ဟာ
ဘယ်လောက်တန်းဘိုးရှိလဲလို့
တစ်စုံတစ်ဦးကမေးလာခဲ့ရင်အမေရယ်
ဂျပန်ပြည်ကို အလည်သွားခဲ့တဲ့
ကမ္ဘာကျော်မင်းသမီး လေဒီကာကာရဲ့
လက်ဖက်ရည်ကြမ်းပန်းကန်လုံးပေါ်က
ဒေါ်လာခုနှစ်သောင်းတန် နှုတ်ခမ်းတော်ရာထက်
အမေ့ခြေရာတွေက သားဘဝနဲ့ သားပြည်သူတွေအတွက်
တန်ဘိုးကြီးမြတ်ပါတယ်အမေရယ်။
...
အိမ်မဲတွင် NLD ဆိုင်းဘုတ်တင်ပွဲ ကျင်းပ
မေလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ဧရာဝတီတိုင်း၊ အိမ်မဲမြို့ ချယ်ရီလမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က ပါတီဆိုင်းဘုတ်တင်ပွဲကို ယနေ့မနက် ကျင်းပပြုလုပ်ခဲ့ ရာ လူပရိဿတ် ၁,၀၀၀ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
ယနေ့မနက် ၁ဝနာရီခွဲမှ မွန်းလွဲ ၁နာရီခွဲအထိ ကျင်းပခဲ့သည့် အဆိုပါ ဆိုင်းဘုတ်တင်ပွဲနှင့် တဆက်တည်းတွင် ပါတီရုံးခန်းကိုပါ...
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့
မေလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (ကေအိုင်စီ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ အစည်းအဝေးခမ်းမ၌ ယမန်နေ့ မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲ ဦးဆောင်သည့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ ဖိတ်ကြားစာထဲတွင်...
လယ်သိမ်းခံရသူ ကယားပြည်နယ် လယ်သမားများအာဏာပိုင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့
မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ကယားပြည်နယ်၊ လွိုင်ကော်မြို့မြောက်ဘက် ၃မိုင်အကွာရှိ လယ်ယာမြေအသိမ်းခံရသည့် လယ်သမားများသည် ပြည်နယ်အစိုးရအဖွဲ့၊ Square Power Group Company မှ Director အဖွဲ့ဝင်များနှင့် ပြီးခဲ့သည့် မေလ၉ရက်(ဗုဒ္ဓဟူး)နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံဖြိုးရေးအတွက် ဆွေးနွေးရန်ဟူ၍...
KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်
မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီးစောမိုးဖြူ ၆၂နှစ်သည် ယနေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချိုရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကွယ်လွန်သွားခဲ့သည်။
KNLA မှ စစ်ဦးစီးမှူး တတိယတန်း(G-3) ဗိုလ်မှူးတာမလာသောက “G-2 ဗိုလ်မိုးဟာ ရိုးသားတယ်။...





