Home သတင်း ကျန်ရှိနိုင်ငံ‌ရေးအကျဉ်းသား လွှတ်‌ပေးရန်နှင့် ကချင်‌ဒေသထိုးစစ် ရပ်ရန် ဂျပန်တွင် ဆန္ဒပြ

ကျန်ရှိနိုင်ငံ‌ရေးအကျဉ်းသား လွှတ်‌ပေးရန်နှင့် ကချင်‌ဒေသထိုးစစ် ရပ်ရန် ဂျပန်တွင် ဆန္ဒပြ

3091
‌မေလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကျန်ရှိ‌နေ‌သေးသည့် နိုင်ငံ‌ရေး အကျဉ်းသားအားလုံး ချက်ချင်း လွှတ်‌ပေးရန် နှင့် ကချင်‌ဒေသ အပါအဝင် ပြည်တွင်းစစ်ကို ရပ်စဲပြီး စစ်မှန် သည့် ငြိမ်းချမ်း‌ရေးကို မြန်မာအစိုးရမှ ‌ဖော်‌ဆောင်‌ပေးရန် ဂျပန်နိုင်ငံရှိ မြန်မာသံရုံး‌ရှေ့တွင် ယ‌နေ့ည‌နေ ၃နာရီမှ ၄နာရီအထိ ဂျပန်နိုင်ငံ ‌ရောက် နိုင်ငံ‌ရေးတက်ကြွ လှုပ်ရှားသူများကစု‌ပေါင်းဆန္ဒပြ ‌တောင်းဆိုခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံ၌ သမ္မတ ဦးသိန်းစိန် ဦး‌ဆောင်သည့် အစိုးရလက်ထက်တွင် နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု အများအပြားရှိ‌နေပြီဟု ဆို ‌သော်လည်း ပြုပြင်ရန် လို‌သေး‌ကြောင်းကို ‌ထောက်ပြသည့်အ‌နေဖြင့် ယခုလို ‌တောင်းဆိုဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြမှု ဦး‌ဆောင်သူ ဂျပန်‌ရောက် ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ အဖွဲ့ချုပ်(ဗကသ)၏ ညွှန်ကြား‌ရေးရာ ‌ကော်မတီမှ ကိုမြတ်သူက ‌ကေအိုင်စီသို့ ‌ပြော သည်။

“မြန်မာနိုင်ငံမှာ ပြုပြင်ဖို့ အများကြီး လိုပါ‌သေးတယ်။ လက်ရှိ အ‌ရေးကြီး လိုအပ်တဲ့ ကချင်‌ဒေသထိုးစစ်ကို ရပ်ဖို့နဲ့ အကျဉ်း‌ထောင်မှာ ကျန် ရှိ‌နေ‌သေးတဲ့ နိုင်ငံအကျဉ်းသား‌တွေကို လွတ်‌ပေးဖို့ အဓိက ‌တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။”ဟု ၎င်းက ‌ပြောဆိုသည်။

ဂျပန်‌ရောက် နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူ ဦး‌ရေ ၅၀‌ကျော် ပါဝင်သည့် အဆိုပါဆန္ဒပြပွဲတွင် အကျဉ်း‌ထောင်အတွင်း ကျန်ရှိ‌နေ‌သေးသည့် နိုင်ငံအကျဉ်းသားများ၏ ဓါတ်ပုံနှင့် စာတန်း‌ဆောင်ပုဒ်များ ကိုင်‌ဆောင်ကာ ‌တောင်းဆိုချက် ၂ချက်ဖြင့် ‌ကြွေး‌ကြော်ဆန္ဒပြခဲ့ကြ‌သော်လည်း မြန်မာသံရုံး၏ တာဝန်ရှိသူများက တစုံတရာ တုန့်ပြန်ခြင်းများ မရှိခဲ့‌ကြောင်း သိရသည်။

မြန်မာအစိုးရသည် ကျန်ရှိ‌နေ‌သေးသည့် နိုင်ငံ‌ရေးအကျဉ်းသားများကို မလွှတ်‌ပေးမခြင်း ဆန္ဒပြသူများအ‌နေဖြင့် လာမည့် လစဉ် ၁၃ရက် ‌နေ့‌ရောက်တိုင်း ဂျပန်ရှိ မြန်မာသံရုံး‌ရှေ့တွင် ဆက်လက် ဆန္ဒပြ‌တောင်းဆိုသွားမည်ဟုလည်း ကိုမြတ်သူက ‌ပြောသည်။

“စစ်မှန်တဲ့ ဒီမိုက‌ရေစီစနစ်တခုဆိုရင် အကျဉ်းသားရှိတယ်ဆိုတာက ဖြစ်ကို မဖြစ်ရဘူး။ အကျဉ်း‌ထောင်ထဲက ကျန်‌နေ‌သေးတဲ့ နိုင်ငံ‌ရေး အကျဉ်းသား‌တွေဟာ မတရားပုဒ်မ တပ်ခံရပြီး ‌ထောင်ကျ‌နေတဲ့သူ‌တွေပါ။ ‌နောက် သူတို့ဟာ ဥပ‌ဒေအရလည်း ကာကွယ်‌ပေးစရာ‌တွေ မရှိခဲ့ဘူး။ သူတို့လွတ်‌အောင် ကျ‌နော်တို့ ဆက်လက်လုပ်‌ဆောင်ရမယ်။”ဟု သူက ဆက်‌ပြောသည်။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ လက်ထက် အကျဉ်းသားများအား ၄ကြိမ် လွှတ်‌ပေးခဲ့ရာ ထိုအထဲတွင် နိုင်ငံ‌ရေးအကျဉ်းသား စုစု‌ပေါင်း ၆၅၄ဦး လွတ်‌မြောက်ခဲ့‌သော်လည်း အနည်းဆုံး နိုင်ငံ‌ရေးအကျဉ်းသား ၉၅၉ဦးသည် မြန်မာနိုင်ငံရှိ အကျဉ်း‌ထောင်အသီးသီးတွင် ဆက် လက် အကျဉ်းကျ‌နေဆဲဖြစ်သည်ဟု နိုင်ငံအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(မြန်မာနိုင်ငံ) ၏ မှတ်တမ်းစာရင်းတွင် ‌ဖော်ပြ ထားသည်။

တဆက်တည်း၌ပင် ဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC အဖွဲ့ဝင်တချို့နှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီး‌သော် လည်း ၎င်း၏ အစိုးရစစ်တပ်သည် ကချင်‌ဒေသကို ယခုအချိန်ထိ ဆက်လက် တိုက်ခိုက်‌နေဆဲ ဖြစ်သည်။