Home သတင်း အပစ်ခတ်ရပ်စဲသည့်‌နေ့တွင် KNU နှင့် မြန်မာအစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

အပစ်ခတ်ရပ်စဲသည့်‌နေ့တွင် KNU နှင့် မြန်မာအစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

1939
ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့ ဘားအံမြို့၌ ပဏာမ လက်မှတ်ထိုးသည့်‌နေ့တွင် ဖာပွန်မြို့နယ်၊ ဝါ့သိုးခို့‌ကျေးရွာတွင် လှုပ်ရှား‌နေသည့် မြန်မာစိုးရတပ်က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ကို စတင် ပစ်ခတ်မှု‌ကြောင့် တိုက်ပွဲဖြစ်ပွား ကာ နှစ်ဖက်ထိခိုက်‌သေဆုံးမှုများ ရှိခဲ့သည်။

‌ဒေသခံတဦးက “ငြိမ်းချမ်း‌ရေးစကား‌ပြောတဲ့‌နေ့ဆို‌တော့ ကရင်စစ်သား(KNLA)ဘက်က သွားလာတာ ဘာမှမဖြစ်ဘူးဆိုပြီး ဝါ့သိုးခို့ရွာဘက်မှာသွား‌တော့ မြန်မာစစ်သားက ပစ်လိုက်တာ ကရင်စစ်သားတ‌ယောက် ‌သေတယ်။ ကရင်စစ်တပ်ဘက်က လည်း မ‌ကျေနပ်လို့ ပစ်ထဲ့၊ မြန်မာစစ်တပ်ကို လမ်းတ‌နေရာမှာ ပြန်‌စောင့်ပြီး အဲဒီစစ်တပ် ဗိုလ်တ‌ယောက်ကို ဓါးနဲ့ ခုတ်သတ် လိုက်တယ်။”ဟု ရှင်းပြသည်။

မြန်မာအစိုးရတပ်နှင့် KNLA များ အပြန်အလှန် ပစ်ခတ်‌နေချိန်တွင် ဝါ့သိုးခို့ရွာမှ အမျိုးသမီးတဦးနှင့် မိန်းက‌လေးငယ်တဦးမှာ ‌သေနတ်ထိမှန် ‌သေဆုံး‌ကြောင်း ဝါ့သိုးခို့မှ လာသည့်သတင်းများအရ သိရသည်။

ထိုသတင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၅)သို့ ‌ကေအိုင်စီမှ ဆက်သွယ်‌သော်လည်း တိကျမှန်ကန် သည့် အချက်အလက်များကို မကြားသိရ‌သေး‌ကြောင်းသာ ပြန်လည်‌ဖြေဆိုခဲ့သဖြင့် အ‌သေးစိတ်ဖြစ်စဉ်ကို ဆက်လက် စုံစမ်း ‌နေဆဲဖြစ်သည်။