ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်ဧရိယာ မြဝတီတောင်ပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်နေချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပေးရန် နေပြည်တော်မှာရောက်ရှိနေသည့် DKBA ခေါင်းဆောင်များသို့ စစ်အုပ်စုက တောင်းဆိုခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့်...