ဒီဇင်ဘာလ (၁၆)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းယူထားသည့် သုံးနှစ်နီးပါး ကာလ တစ်လျှောက် အရပ်သားပြည်သူ ၅ ရာကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ မြန်မာ့ ငြိမ်းချမ်းရေးလမ်းစဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့-MPM ၏ စာရင်းပြုစုချက်အရ သိရသည်။
စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပစ်ခတ်မှုများအား တစ်နိုင်ငံလုံးနီးပါး လုပ်ဆောင်ခဲ့ရာတွင် အရပ်သား ပြည်သူစုစုပေါင်း (၅၆၆) ဦး သေဆုံးခဲ့ရကြောင်း ယနေ့ BNI-MPM မှ ကြီးမှူးပြုလုပ်သည့် “စစ်အုပ်စုရဲ့ လေ ကြောင်းရန်” နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မော်ဒယ်နှင့်ဒီဇိုင်းများ အစီရင်ခံ စာမိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါအရေအတွက်သည် လေကြောင်းသုံးတိုက်ခိုက်မှုများ၏ ရာခိုင်နှုန်း (၈၀) ကျော်ဖြစ်ပြီး အရပ်သားများ အား စစ်ရေးပစ်မှတ်အဖြစ် ပထမအဆင့်ထား တိုက်ခိုက်နေကြောင်း BNI-MPM ၏ တာဝန်ရှိသူတစ်ဦးက သ တင်း စာရှင်းလင်းပွဲတွင် ယခုလိုပြောသည်။
“အရပ်သား သေဆုံးသူ (၅၆၆) ယောက်ရှိပါတယ်။ အဲဒီထဲမှာ လေကြောင်းသုံးပစ်ခတ်လို့ အရပ်သား ၅ ယောက် နဲ့အထက်ကို အစုအလိုက်အပြုံလိုက်သေဆုံးမှုက ဖြစ်စဉ်ပေါင်းက ၂၃ မှု ရှိတယ်။ တိုင်းရင်းသား အင်အားစုတွေ နဲ့ ပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားတာ အများဆုံးပါ။ မြို့ပြဒေသအလိုက်က (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) PDF တွေကိုတော့ တတိယပစ်မှတ်အဖြစ် သတ်မှတ်တာပေါ့နော်။ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် တွေ သေဆုံးမှုများလေလေ လေကြောင်းကိုပိုသုံးလေလေ ဖြစ်တာမျိုး ကျနော်တို့ လေ့လာတွေ့ရှိရတာပါ။” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်တွင် လေကြောင်းသုံးတိုက်ခိုက်မှု ရက်ပေါင်း ၄၀ ကျော်၊ ၂၀၂၂ ခုနှစ်တွင် ရက်ပေါင်း ၁၅၀ကျော်နှင့် ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့အထိ ရက်ပေါင်း ၃၅၀ ကျော် လုပ်ဆောင်ခဲ့သလို ကရင်၊ ကချင်၊ ချင်းနှင့် ကရင်နီဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်(ERO)များက စစ်အုပ်စု၏လေကြောင်းသုံးတိုက်ခိုက်မှုအများဆုံးခံရသည်ဟု ၎င်း က BNI-MPM ၏ စာရင်းပြုစု ချက်များ အပေါ် ရှင်းပြသည်။
ဆက်လက်ပြီး ERO များအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးအ တွက် မိမိတို့ဒေသရှိပြည်သူများအား ဗုံးခိုကျင်းများတူးစေခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်းအပြင် စစ် ကောင်စီ၏ လေတပ်စခန်းဌာနများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ပွိုင့်ဖိုက်(၀.၅)ကဲ့သို့ လေယာဉ်ပစ်လက်နက် များဖြင့် တုံ့ပြန်တိုက်ခိုက်ခြင်းများပါ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရှိလာကြောင်း MPM ၏ တာဝန်ရှိသူ က ဆိုသည်။

၎င်းက “ဥပမာပေါ့ တယ်လီဂရမ်ကနေ လေယာဉ်တက်သွားတာတွေမျှဝေပေးတာရှိတယ်။ ဒါကလည်း မြေပြင် မှာ စစ်ကောင်စီရဲ့ အဆက်အသွယ်ဖြတ်တောက်ခံနေရတာတွေလည်းရှိနေတော့ အပြည့်အဝ မကာကွယ်နိုင်ဘူး။ (၀.၅)ဆိုတာမျိုးကတော့ သတင်းဖြစ်စဉ်ကနေတွေ့ရတာပဲဖြစ်တယ်။ ဘယ်အဖွဲ့အစည်းကနေ ဘယ်လောက် ရှိ တာမျိုးက သူတို့(အင်အားစုတွေ)ဘက်က သတင်းအနေနဲ့ဖော်ပြလိုခြင်း မရှိတာလည်းဖြစ်တာကြောင့် ကျနော် တို့မှာ စာရင်းရှိမနေဘူး။ လေကြောင်းတပ်စခန်းတွေကို မြို့ပြပြောက်ကျားအဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်တာက ချိတ် ဆက်မှုတွေရှိတယ်။ ကိုယ့်ရဲ့လုံခြုံရေးလမ်းကြောင်းလည်းရှိတာကြောင့် အဖွဲ့တွေရဲ့ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လို တာလည်းပါတာပေါ့” ဟု ကေအိုင်စီကို ပြောသည်။
BNI-MPM အနေဖြင့် အာဏာသိမ်းကာလတစ်လျှောက် စစ်ကောင်စီ၏ လေကြောင်းသုံးတိုက်ခိုက်မှုများ တစ် နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ကို မီးမောင်းထိုးဖော်ထုတ်ပြသလို၍ အဆိုပါအစီရင်ခံစာအား ရေးသား ပြုစုရခြင်းဖြစ်ပြီး ၎င်းတွင် လေကြောင်းသုံးတိုက်ခိုက်မှုများအပြင် စစ်အုပ်စု၏ လေတပ်စခန်း အခြေအနေ၊ နိုင်ငံတကာ၏အရေးယူမှုနှင့် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရေး အခြေအနေ သုံးသပ်တင်ပြထားချက်များ အစရှိသည်တို့ကိုလည်း လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။
ထို့အပြင် အစီရင်ခံစာရေးသားပြုစုရန် တော်လှန်ရေးအင်အားစုများအပါအဝင် လေကြောင်းတိုက်ခိုက်မှုဒဏ်ခံ စစ်ရှောင်စခန်းမှပြည်သူများအား တွေ့ဆုံမေးမြန်းထားသလို စစ်ကောင်စီ၏လေကြောင်းသုံးတိုက်ခိုက်မှုအား အဟန့်အတားဖြစ်စေရန် အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်းပြောဆိုသွားသည်။
ထို့အတူ နိုင်ငံတကာအနေဖြင့် လေယာဉ်မပျံသန်းရေးဇုန် သတ်မှတ်အကောင်အထည်မဖော်နိုင်သေးချိန်တွင် လေယာဉ်လောင်စာဆီကဲ့သို့သော လေကြောင်းတိုက်ခိုက်မှု၏လောင်စာများ မြန်မာပြည်အတွင်း ဝင်ရောက်နိုင် မည့်နည်းလမ်းများကို တားမြစ်ရန်လိုကြောင်း MPM က သုံးသပ်တင်ပြထားသည်။
တိုင်းရင်းသားအခြေစိုက်နှင့် နယ်မြေအခြေစိုက်သတင်းဌာန ၁၅ ခုဖြင့် စုပေါင်းဖွဲ့စည်းထားသော နိုင်ငံတကာ မြန်မာ့သတင်း-BNI ၏ Myanmar Peace Monitor-MPM ကို ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဥ် စောင့်ကြည့်ထုတ်ဖော်ခြင်းနှင့် အချက်အလက်စုဆောင်းသည့် လုပ်ငန်းများလုပ်ဆောင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



















