Home သတင်း မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားမှုဆက်ရှိနေသဖြင့် အရပ်သားအိုးအိမ်နှင့် လူထိခိုက်မှုဆက်ရှိနေ

မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားမှုဆက်ရှိနေသဖြင့် အရပ်သားအိုးအိမ်နှင့် လူထိခိုက်မှုဆက်ရှိနေ

848
Photo: CJ

ဧပြီလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များအကြား ယမန်နေ့ ဧပြီလ ၁ ရက်နေ့အထိ နှစ်ဖက်တိုက်ခိုက်မှုများ ဆက်ဖြစ်ပွားနေ ဆဲဖြစ်သည်ဟု သိရသည်။

ထို့သို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ဘက်မှ ပစ်ခတ်သည့် လက် နက်ကြီး၊ လေကြောင်းမှ တိုက်ခိုက်မှုတို့ကြောင့် အရပ်သားနေအိမ်များ ပျက်စီးမှု၊ လူထိခိုက်မှု၊ အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုများ ဆက်ရှိနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များ ပြောစကား အရ သိရသည်။

“ (မြဝတီ)မဲကနယ်ဇုန်ခိုးလမ်း (တရားမ၀င်ကုန်ကားပတ်လမ်း)ဘက်က ဗိုလ်မုတ်သုန်ရဲ့BGF ငွေတောင်း ဂိတ်ဘက် ပစ်ကြတာမှာ ၂၇၅ စစ်တပ်က လက်နက်ကြီးပစ်ကူပေးတော့ ရွာထဲကျ၊ အိမ်တွေ ရပ်ကွက် တွေထဲ ကျပြီး၊ တော်တော်ပျက်စီးကုန်တယ်။ လေယာဉ်က လာပစ်တော့လည်း ရပ်ကွက်အိမ်တွေပဲ ထိ ကုန်ပျက်စီးကုန်တယ်။ လူတွေကတော့ ရှောင်နေကြတော့ အိမ်မွေး၀က်တွေ၊ ဆိတ်တွေအစမှန်ပြီး သေကုန်တယ်။”ဟု မဲကနယ်၊ ရွှေမြစန္ဒီကွက်သစ်မှ စစ်ဘေးရှောင်နေရသူက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ မြ၀တီ၊ သင်္ဃန်းညီနောင်၊ မဲကနယ်ဒေသတွင် KNLA Cobra Column (ကော်ဘရာ စစ်ကြောင်း)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်း ထန် လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအလုံးရေ ရာချီပစ်ခတ်နေသည့်အတွက် လူနေ အိမ်များ ပျက်စီးခဲ့ပြီး ထိုတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က အရာရှိ ၁ ဦး အပါအ၀င် ၈ဦး၊ BGF ဘက်မှ အရာရှိ ၁ဦး အပါအ၀င် ၃ ဦး အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိထားသည်ဟု ကော်ဘရာစစ်ကြောင်းက ယမန်နေ့ ဧပြီ ၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

Photo: CJ

ထို့အတူ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ဘက်တွင်လည်း KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် ၊ BGF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကော့ကရိတ်မြောက်ပိုင်း ကြောင် လျှာကုန်း၊ ရန်ကုတ်ကျေးရွာများရှိ လူနေအိမ်များ၊ ကျုံဒိုးမြောက်ကရင်စု၊ တောင်ကရင်စု၊ အမှတ် ၁ ရပ်ကွက်ရှိ လူနေအိမ်များ၊ စျေးဆိုင်များ၊ အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။

“ကော့ကရိတ်ဘက်ဆို ကြောင်လျှာကုန်း၊ ရန်ကုတ်၊ ကောင်းမှုဘက်တွေ ၉၇ တပ်က လက်နက်ကြီး ပစ်ချတယ်၊ အိမ်တွေပျက်၊ ကျွဲ၊ နွားတွေသေပေါ့၊ လူတွေကတောခြံကုန်းတွေထဲ သွားရှောင်နေရတယ်။ ကျုံဒိုးမှာက စစ်တပ်၊ BGF၊ ပျူစောထီး၊ ပြည်သူစစ်အဖွဲ့တွေ ညဆိုကင်းပတ်တယ်၊ မထင်တဲ့နေရာတွေ ကနေ ရမ်းပစ်တယ်၊ အဲ့လိုဆိုရင် ၅၄၅/၅၄၆ စစ်တပ်က လက်နက်ကြီး တွေပစ်ထုတ်ပြီ။ ညတိုင်းအဲ့သလို လုပ်နေတော့ မြို့ပေါ်ဘယ်သူမှ မနေရဲတော့ဘူး။ ဖားအံရှောင်၊ မော်လမြိုင်ရှောင်ကြတဲ့သူရှိသလို ဂျိုင်းရွာတွေဘက်ရှောင် နေကြသူတွေလည်းရှိတယ် ”ဟု စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက် စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားကျင်းပပြီးနောက်ပိုင်း အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ ခန့် စစ်တိုင်းမှူး၊ ကစထမှူးများ လူအသစ်ပြောင်းလဲ တာ၀န်ပေးကာ စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက် ခြေမှုန်းရန်ညွှန်ကြားထားမှုရှိကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များအကြား သတင်းထွက်ပေါ်လျက်ရှိသည်။

၎င်းအပြင် ယခုရက်ပိုင်းအတွင်း ဖားအံ မြိုင်ကလေး၊ ကျုံဒိုး၊ ဂျိုင်းတံတား၊ ကော့ကရိတ်၊ လှိုင်၀ အမြှောက်ကုန်း၊ မြ၀တီ ၂၇၅ စစ်တပ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာတို့တွင် ဖျက်အားပြင်း 122 mm တာဝေးပစ် လက်နက် ကြီးများ တိုးချဲ့တပ်ဆင်ပစ်ခတ်ရန် လက်နက်ခဲယမ်းများ ပြင်ဆင်နေသည့် သတင်းများ ထွက်ပေါ် ကြားသိနေရကြောင်းလည်း စစ်ကောင်စီတပ် နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။