Home သတင်း ‌လေး‌ကေ‌ကော်‌ဒေသကို စစ်‌ကောင်စီတပ်မှ (၄) ကြိမ်‌မြောက် ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

‌လေး‌ကေ‌ကော်‌ဒေသကို စစ်‌ကောင်စီတပ်မှ (၄) ကြိမ်‌မြောက် ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်

1288

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက် ကရင်အမျိုးသား လွတ်‌မြောက် ‌ရေးတပ်မ‌တော်-KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်‌မြေ ‌လေး‌ကေ‌ကော်‌ဒေသကို စစ်‌ကောင်စီတပ်မှ (၄) ကြိမ်‌မြောက် ‌လေယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်မှုအဖြစ် ယ‌နေ့ ဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ထပ်မံပြုလုပ်ခဲ့သည်။

‌လေး‌ကေ‌ကော်‌ဒေသကို စစ်‌ကောင်စီတပ်မှ ပထမအကြိမ် ‌လေယာဉ်ဖြင့် ပစ်ခတ်ခြင်းကို ဒီဇင်ဘာ ၂၃ ရက် ည ၁ဝ နာရီဝန်းကျင်က ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ကို ဒီဇင်ဘာ ၂၄ ရက် ည‌နေ ၄ နာရီ ဝန်းကျင်နှင့် တတိယအကြိမ်ကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ နံနက် ၄ နာရီမှစကာ မြဝတီမြို့၏ ‌တောင်ဘက် ၃ မိုင်ခန့်အကွာ ‌မေတ္တာလင်းမြိုင်‌ကျေးရွာအနီးနှင့် ‌ကျောက်လုံးကြီး အ‌နောက်ဘက်ခြမ်းမှ စစ်‌ကောင်စီတပ်က လက်နက်ကြီး အချက်‌ပေါင်း ၁၀၀‌ကျော် ပစ်ခတ်ခဲ့ပြီး‌နောက် ယခု မွန်းလွဲ ၁ နာရီခွဲတွင် စစ်‌လေယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်‌ဆောင်လာခြင်းဖြစ်သည်ဟု ‌ဒေသသတင်းအရင်းအမြစ်အရ သိရသည်။

“လက်နက်ကြီး ပစ်ခတ်တာ‌တွေ လုပ်တဲ့ တပြိုင်နက် ‌မြေပြင်ထဲလက်နက်ငယ်‌တွေပစ်ခတ်ပြီး မဲ့‌ထော်သ‌လေး ဘက်ကို ထိုးစစ်ဆင်‌နေတယ် “ဟု ‌ဒေသသတင်းအရင်းအမြစ်တစ်ခုက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်‌နေ့မှစတင်၍ ယ‌နေ့ ဒီဇင်ဘာ ၂၇ ရက်‌နေ့ထိ (၁၃) ရက်ကြာ ဖြစ်ပွားသည့် KNLA မဟာ မိတ်ပူး‌ပေါင်းအဖွဲ့ နှင့် စစ်‌ကောင်စီတပ်တို့ကြား တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စာရင်းအတိအကျကို‌တော့ သီးသန့် အတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။

အဆိုပါ တိုက်ပွဲဂယက်‌ကြောင့် ‌လေး‌ကေ‌ကော်‌ဒေသနှင့် အနီးဝန်းကျင်ရှိ ‌ကျေးရွာ‌ပေါင်း ၁ဝ ရွာ‌ကျော်မှ ‌ဒေသခံပြည်သူ တစ်‌သောင်း‌ကျော်မှာ တဖက်ထိုင်းနိုင်ငံဘက်ခြမ်းနှင့် နီးစပ်ရာ‌နေရာများတွင် စစ်‌ဘေး‌ရှောင်‌နေရ‌ကြောင်း သိရသည်။