Home သတင်း စစ်‌ကောင်စီနှင့် မပူး‌ပေါင်းရန် ဧရာဝတီကရင်လူငယ်များ ကရင်လူထုထံသို့ သတိ‌ပေးတိုက်တွန်းနှိုး‌ဆော်

စစ်‌ကောင်စီနှင့် မပူး‌ပေါင်းရန် ဧရာဝတီကရင်လူငယ်များ ကရင်လူထုထံသို့ သတိ‌ပေးတိုက်တွန်းနှိုး‌ဆော်

2371

‌မေလ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ/အသင်းအဖွဲ့များအပြင် ကရင်လူထုများအ‌နေဖြင့် စစ်‌ကောင်စီနှင့် ပူး‌ပေါင်းခြင်း မပြုရန် ဧရာဝတီကရင်လူငယ်ဦး‌ဆောင်‌ကော်မတီက ကရင်လူထုထံသို့ အသိ‌ပေးတိုက်တွန်းနှိုး‌ဆော်ထုတ်ပြန်ချက်ကို ယမန်‌နေ့ ‌မေလ ၃ဝ ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ/အသင်းအဖွဲ့များသည် ကရင်လူထုများအ‌ပေါ် လွှမ်းမိုးဦး‌ဆောင်မှု ‌ပေးနိုင်သည့်အတွက် လတ်တ‌လောကာလတွင် စစ်‌ကောင်စီနှင့် ပူး‌ပေါင်းမှုများကို မပြုရန် အချက် ၃ချက်ဖြင့် တိုက်တွန်း နှိုး‌ဆော်ချက် တစ်‌စောင်ကိုထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဧရာဝတီကရင်လူငယ်ဦး‌ဆောင်‌ကော်မတီ ‌ပြောခွင့်ရသူတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက ” ပြည်တွင်းမှာရှိတဲ့ စာ‌ပေနှင့်ယဉ်‌ကျေးမှုက အဓိကဖြစ်တဲ့အတွက်‌ကြောင့် စာ‌ပေနှင့်ယဉ်‌ကျေးမှု‌တွေက ဒီမတိုင်းခင်က ကရင်လူထု‌တွေကို ဦး‌ဆောင်ပြီး‌တော့ သွား‌နေတယ်လို့ ‌ပြောလို့ရတယ်‌ပေါ့‌လေ။ ဒီလက်ရှိအ‌ခြေအ‌နေမှာ ဒီစာ‌ပေနှင့် ယဉ်‌ကျေးမှုက လူထုအတွက်ကို ခိုင်ခိုင်မာမာနဲ့ရပ်တည်ပြီး‌တော့မှ မပြတ်မသားလုပ်‌ဆောင်‌နေရမယ့်အချိန် လုံးဝ မဟုတ်‌တော့ဘူး။ ပြတ်ပြတ်သားသားနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာ‌တွေရှိတယ်။ ‌ရှေ့ဆုံးက‌နေဦး‌ဆောင်လမ်းပြ ဖြစ်‌နေသင့်ပြီး‌ပေါ့‌လေ။ ဒီလိုမျိုးအရာ‌တွေကို သတိ‌ပေးတိုက်တွန်းတာ ဖြစ်တယ်။ ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ကရင်လူထုများအ‌နေဖြင့်လည်း စစ်အာဏာရှင်ဆန့်ကျင်‌ရေးတိုက်ပွဲကို စည်းလုံးညီညွတ်စွာ ယုံကြည်ရာ ‌မျှော်မှန်းသည့် အမျိုးသား‌တော်လှန်‌ရေးအထိမ်းအမှတ်ကို ပြန်ပြီးအသက်သွင်းကာ အ‌ကောင်အထည်‌ဖော်ရန် ယခုတစ်ကြိမ်တွင် အားလုံးပူး‌ပေါင်းပြီး ‌တော်လှန်‌ရေးအတွက် အမြဲတမ်း အသင့်ရှိ‌နေ‌ပေးပါဟုလည်း ၎င်းက ဖြည့်စွက်‌ပြောသည်။

ထို့အပြင် ကရင်စာ‌ပေသင်သည့် ကရင်ဆရာ၊ ဆရာမအပါအဝင် အစိုးရ ‌ကျောင်းများတွင် သင်ကြား ‌ပေး‌နေသည့် ကရင်လူမျိုး‌ကျောင်းဆရာ၊ ဆရာမများသည်လည်း စစ်တပ်မှဖွင့်မည့် ‌ကျောင်းများကို မတက်‌ရောက်ရန်နှင့် သင်ကြားရန်ဖိအား‌ပေးသူများကိုလည်း ဆန့်ကျင်ကြရန် အပြင် အာဏာရှင်အမြစ်ပြတ်‌ချေမှုန်း‌ရေးတွင်လည်း တက်စွမ်းသမျှ ဆက်လက်ပူး‌ပေါင်း‌တော်လှန်ပြီး ‌တော်လှန်‌ရေးသတိအမြဲရှိကြရန် ဆက်လက်‌ဖော်ပြထားသည်။

ဧရာဝတီကရင်လူငယ်ဦး‌ဆောင်‌ကော်မတီကို တိုင်းအတွင်းရှိ ကရင်လူငယ်များ၊ မတူညီ‌သောအစုအဖွဲ့များ ပိုမိုပါဝင်လာရန်ရည်ရွယ်ပြီး ပြီးခဲ့သည့် ၂၀၂ဝခုနှစ်၊ မတ်လ ၈ရက်‌နေ့တွင် ပြုလုပ်သည့် စတုတ္ထအကြိမ်‌မြောက် ဧရာဝတီတိုင်း ကရင်လူငယ်‌တွေ့ဆုံ နှီး‌နှောဖလှယ်ပွဲတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။