Home ထိပ်တန်းသတင်း ၂၀၁၁ခုနှစ် WCPRC ဆုရရှိသူများ အတွက် ထိုင်း-မြန်မာနယ်စပ် က‌လေးငယ်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

၂၀၁၁ခုနှစ် WCPRC ဆုရရှိသူများ အတွက် ထိုင်း-မြန်မာနယ်စပ် က‌လေးငယ်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

1986
နိုဝင်ဘာလ ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယခု ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ က‌လေးအခွင့်အ‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်‌နေသူ ပုဂ္ဂိုလ် ၃ဦးအား ဂုဏ်ပြု သည့်အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်၊ ‌ရွှေ့‌ပြောင်းအလုပ်သမား‌ကျောင်းများမှ ‌ကျောင်းသား/သူများက ယ‌နေ့ သတင်းစာရှင်း လင်းပွဲ အခမ်းအနားတခု ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ပြုလုပ်သည့် အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ‌ကျောင်းသားနှစ်ဦးမှ ၂၀၁၁ ခုနှစ်၊ က‌လေး အခွင့်အ‌ရေးများအတွက် ကမ္ဘာ့က‌လေးများမှ ‌ပေးအပ်သည့်ဆုကို ဖိလစ်ပိုင်နိုင်ငံမှ (Cecilia Flores)၊ ဘဂင်္လား‌ဒေ့ရှ်နိုင်ငံမှ (Monira Rahman)နှင့် ဒီအာကွန်ဂိုနိုင်ငံမှ (Murhabazi Namegabe)တို့ ရရှိသွား‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲ ဖြစ်‌မြောက်‌ရေးတွင် ပါဝင်သူ ဆရာမ‌နွေး‌နွေးဦးက “ဒီအခမ်းအနားကို ကျမတို့ လုပ်ရတဲ့ရည်ရွယ်ချက်က က‌လေးအခွင့်အ‌ရေးကို ‌ဆောင်ရွက်‌နေတဲ့သူ‌တွေကို ဂုဏ်ပြုဖို့နဲ့ က‌လေး‌တွေဟာ သူတို့ လုပ်ချင်တာဟာကို ကျမတို့က လိုအပ် တဲ့ အကူအညီ‌တွေ‌ပေးပြီး သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်ရဲဖို့ပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

က‌လေးများ ဖွံ့ဖြိုး‌ရေးဗဟို(CDC) အထက်တန်း‌ကျောင်းမှ ‌ကျောင်းသူ ‌နော်လာချစ်ကလည်း “ဒီလို အခမ်းအနားမျိုးမှာ သမီးတို့ တက်ခွင့်ရတာ ကံ‌ကောင်းတာ‌ပေါ့‌နော်။ တကမ္ဘာလုံးမှာ ရှိတဲ့က‌လေး‌တွေ ဒီလို အခမ်းအနားမျိုး တက်‌ရောက်‌စေချင်‌ပေမဲ့ ဆင်းရဲ တဲ့နိုင်ငံက က‌လေး‌တွေ‌တော့ ကိုယ့်မိသားစုအတွက်ပဲ အလုပ်လုပ်ရတဲ့အတွက် က‌လေးအခွင့်အ‌ရေးဆိုတာလည်း သူတို့နားမ လည်ပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံ က‌လေး‌တွေ ကိုယ့်အခွင့်အ‌ရေးကိုယ် မသိတာဟာ နိုင်ငံကို အုပ်ချုပ်‌နေတဲ့သူအ‌ပေါ်မှာ မူ တည်ပါတယ်။”ဟု ‌ပြောသည်။

အခမ်းအနားတွင် ‌ကျောင်းသူ‌ကျောင်းသားအချို့က က‌လေးသည် နိုင်ငံတနိုင်ငံ၏ အနာဂတ်ဖြစ်‌သော်လည်း မြန်မာနိုင်ငံတွင် စစ်ပွဲ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်ရ၍ ပညာမသင်ကြားနိုင်သည့် က‌လေးများနှင့် မိသားစု စားဝတ်‌နေ‌ရေး‌ကြောင့် အလုပ်လုပ်ရ သည့် က‌လေးများ အများအပြားရှိပြီး ၎င်းတို့ ရသင့်ရထိုက်သည့် က‌လေးအခွင့်အ‌ရေးများ ဆုံးရှုံးကြရသည်ဟု ‌ထောက်ပြ‌ပြော ဆိုခဲ့ကြသည်။

မြန်မာ့ရိုးရာအကဖြင့် ‌ဖျော်‌ဖြေခြင်း၊ WCPRC ဆုအတွက် ‌ရွေးချယ်မဲ‌ပေးခဲ့သည့် ရုပ်သံမှတ်တမ်းများကို ပြသခဲ့သည့် အဆိုပါ အခမ်းအနားတွင် မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းအလုပ်သမားစာသင်‌ကျောင်းများဖြစ်သည့် (CDC)၊ ဆာသူး‌လေ၊ (SAW)၊ ပါရမီ၊ လူ့‌ဘောင်သစ် စသည့် ‌ကျောင်းများမှ ‌ကျောင်းသူ‌ကျောင်းသားနှင့် ဆရာ၊ ဆရာမနှင့် ‌ဒေသဆိုင်ရာ သတင်း‌ထောက် ပရိဿတ် စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

၂၀၁၁ခုနှစ် WCPRC ဆုရရှိသူများကို အ‌မေရိကန်‌ဒေါ်လာ ၁သိန်းချီးမြှင့်ရရှိမည်ဖြစ်ပြီး ယင်းဆု‌ငွေကို ၎င်းတို့၏ လုပ်ငန်းအ တွက် ပြန်လည် အသုံးပြုရမည်ဖြစ်သည်။ ၂၀၁ဝခုနှစ် WCPRC ဆုကို အာဖရိနိုင်ငံ သမ္မတ‌ဟောင်း နယ်လ်ဆင်မန်ဒဲလား (Nelson Mandela)နှင့် ဇနီး ဂရာကါ မိုက်ကယ် (Graca Machel)နှင့် မိုကာဘိ (Mocambique)တို့ ရရှိသွားခဲ့သည်။

WCPRC ကို ဆွီဒင်နိုင်ငံမှ အဖွဲ့အစည်းနှစ်ခုဖြစ်သည့် Children’s World နှင့် Swedish National Millennium Project တို့က က‌လေးအခွင့်အ‌ရေး ကြိုးစား‌ဆောင်ရွက်သူများအတွက် ရည်ရွယ်ပြီး ၂၀၀ဝ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ရာ ယခုအချိန်ထိ နိုင်ငံတကာရှိ က‌လေးအခွင့်အ‌ရေးအတွက် ‌ဆောင်ရွက်သူ ပုဂ္ဂိုလ်များအား ဆု‌ပေါင်း ၂၈ဆု ‌ပေးအပ်ခဲ့ပြီး ဖြစ်သည်။