Home သတင်း ပြည်နယ်‌နေ့ အခမ်းအနားအတွက် ပြိုင်ပွဲဝင် ဒုံးများ ယခင်နှစ်ထက် ‌လျော့နည်း

ပြည်နယ်‌နေ့ အခမ်းအနားအတွက် ပြိုင်ပွဲဝင် ဒုံးများ ယခင်နှစ်ထက် ‌လျော့နည်း

2722

‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၈ခုုနှစ်။ နန့်ဘွားခလိန်

လာမည့် နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၃ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အခမ်းအနားတွင် ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဒုံးအဖွဲ့များမှာ ယခုနှစ် အလွန်နည်းပါး ‌နေ‌ကြောင်း ပြည်နယ်‌နေ့အခမ်းအနားကို ဦး‌ဆောင်ကျင်းပသူများထံမှ သိရသည်။

ပြိုင်ပွဲဝင်ဒုံးများအ‌နေဖြင့် ‌အောက်တိုဘာလ ၁၅ရက်‌နေ့အထိ ‌ရှေး‌ဟောင်း သု‌တေသန နှင့် ယဉ်‌ကျေးမှု ပြတိုက်တွင် စာရင်းလာ‌ရောက်‌ပေးသွင်းနိုင်‌ကြောင်း စာထုတ်ထား‌သော်လည်း ယ‌နေ့(‌အောက်တိုဘာ ၁၁ ရက်) အထိ တရားဝင်စာရင်း လာသွင်းထား‌သော ပြိုင်ပွဲဝင် ဒုံးအဖွဲ့မှာ ၆ဖွဲ့သာ ရှိ‌သေး‌ကြောင်း ဒိုင်ချုပ် ‌စောခင်‌မောင်မြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြိုင်ပွဲဝင် ဒုံးအဖွဲ့များ ‌လျော့နည်းလာရခြင်းနှင့် ပတ်သက်ပြီး ‌စောခင်‌မောင်မြင့်က“ဒုံးတစ်ဒုံးဖြစ်ဖို့က သိန်း ငါး ဆယ်၊ ‌ခြောက်ဆယ်‌လောက် ကုန်တယ်။ ပြန်လည် ရရှိတဲ့ ဆု‌တွေနဲ့က မကာမိဘူး။ ဒါ‌ပေမဲ့လည်း ကိုယ့်ရဲ့ ပြည်နယ်ပွဲဆို‌တော့ စည်ကားသိုက်မြိုက်‌အောင် ဝင်‌ရောက်ယှဉ်ပြိုင်‌ပေးတဲ့ သ‌ဘောပါပဲ။ တစ်ချို့ကလည်း ဒီ ‌လောက်အထိ ကုန်ကျစရိတ်ကို ‌ကျေးရွာအုပ်စုတစ်ခုနဲ့ မတတ်နိုင်တဲ့ အခါကျ‌တော့ ဒုံး‌တွေ ‌လျော့နည်းလာ တာဖြစ်တယ် ”ဟု ‌ပြောသည်။

ပြိုင်ပွဲဝင် ဒုံးတစ်ဒုံးဖြစ်‌မြောက်ရန် တစ်‌နေရာစီမှလူစုရပြီး ရက်၂၀‌ကျော် သင်ကြားရသည့်အတွက် ‌နေစရိတ်၊ စားစရိတ်များအပြင် ဒုံးဝတ်စုံများအတွက်ပါ အကုန်အကျများခြင်း စသည့်အခက်အခဲများ‌ကြောင့် သက် ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ အပြည့်အဝ ‌ထောက်ပံ့‌ကြေး ‌ပေးနိုင်မည်ဆိုပါက ဒုံးအ‌ရေအတွက် ပိုများလာနိုင်‌ကြောင်း ၎င်းက သုံးသပ်‌ပြောဆိုသည်။

ယခုနှစ် ကရင်ရိုးရာဒုံးအက ပြိုင်ပွဲတွင် ဒိုင်ချုပ်အဖြစ် ‌စောခင်‌မောင်မြင့် ၊ ဒုဒိုင်ချုပ်အဖြစ် လှိုင်းဘွဲမြို့နယ်မှ ဆရာဦး‌စောအုန်းတင်နှင့်‌စောဝင်း‌ကျော်‌ကျော်တို့မှ အကဲဖြတ်‌ပေးမည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း(၂၀) ၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ တတိယဆု ကျပ်(၁၀)သိန်း အပါအဝင် နှစ်သိမ့်ဆုနှင့် အခြားဆုများကိုလည်း ချီးမြှင့်‌ပေးသွားမည်ဟု ပြိုင်ပွဲ တာဝန်ရှိသူများက ‌ပြောသည်။

ယခင်နှစ် ၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့အခမ်းအနားတွင် ကရင်ရိုးရာဒုံးအက ဝင်‌ရောက်ယှဉ်ပြိုင်သည့် ဒုံးအဖွဲ့ ၁၆ဖွဲ့ ရှိခဲ့ပြီး နိုဝင်ဘာလ ၇ရက်မှ ၁ဝရက်‌နေ့အထိ ၄ရက်တာ ယှဉ်ပြိုင်ခဲ့ကာ ‌ကော့ပရံ‌ကျေးရွာ ယဉ် ‌ကျေးမှု စု‌ပေါင်းဒုံးအဖွဲ့မှ ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်။