Home သတင်း တိုင်းရင်းသားများနှင့် တပ်မ‌တော်တို့ NCA စာချုပ်အတိုင်း ဆက်အ‌ကောင်ထည်‌ဖော်မည်ဟု လက်မှတ်ထိုးအဖွဲ့‌ပြော

တိုင်းရင်းသားများနှင့် တပ်မ‌တော်တို့ NCA စာချုပ်အတိုင်း ဆက်အ‌ကောင်ထည်‌ဖော်မည်ဟု လက်မှတ်ထိုးအဖွဲ့‌ပြော

2579
ဇွန် ၃ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်မ‌တော်တို့ NCA စာချုပ်ပါအတိုင်း ဆက်လက်အ‌ကောင်အထည်‌ဖော်သွားမည်ဖြစ်‌ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဌ၊ ပူဇင်းကျုံးက ‌ကေအိုင်စီသို့ ဇွန်လ ၂၉ ရက်‌နေ့က ‌ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထား သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(EAO – PPST)နှင့် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်တို့‌နေပြည်‌တော်တွင် ဇွန်လ ၂၉ရက်‌နေ့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ် ယင်းသို့ NCA အတိုင်း ဆက်ရပ်တည်သွားရန် နှစ်ဖက် သ‌ဘောတူခဲ့ခြင်းဖြစ်သည်ဟု ပူဇင်ကျုံးက ယခုလို ‌ပြောသည်။

“ဒီ‌တော့ NCA အတိုင်းပဲ ကျ‌နော်တို ့ဆက်ပြီး‌တော့မှ အ‌ကောင်အထည်‌ဖော်သွားဖို့ရာအတွက် ဆန္ဒရှိတဲ့အ‌ကြောင်း ကျ‌နော်တို့ တင်ပြပါတယ်။ ဒီအ‌ပေါ် သူ့မှာဆန္ဒရှိ‌ကြောင်း ကျ‌နော်တို ့ကြားရတဲ့အတွက် ဒါက ‌ကောင်းမွန်တဲ့ အချက်ဖြစ်တယ်လို့ ယူဆပါ တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ NCA ပါတဲ့ အ‌ခြေခံမူအတိုင်းပဲ သွားမယ်ဆိုရင် ကျ‌နော်တို့ လိုချင်‌နေတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စုကြီးကို တည်‌ဆောက် နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်ပါတယ်”ဟု ပူဇင်ကျုံးက ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံပွဲတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့မှ အပစ်အခတ်ရပ်စဲ‌ရေး မလုပ်ရ‌သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအ‌ကြောင်း တင်ပြရာတွင် ကာချုပ်က တစုံတရာ ပြန်လည် ‌ဖြေကြားခြင်း မရှိ‌ကြောင်း ပူဇင်ကျုံးက ဆက်‌ပြောသည်။

‌နေ့လည် ၂နာရီမှ ည‌နေ ၄း၂ဝနာရီအထိ ပြုလုပ်သည့် အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို ့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့မှ ‌ခေါင်း‌ဆောင်များနှင့် တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ် ဦး‌ဆောင်သည့် စစ်ဖက် ဆိုင်ရာ အရာရှိကြီးများ တက်‌ရောက်ခဲ့ကြပြီး NCA အ‌ပေါ် လွတ်လွတ်လပ်လပ် အမြင်ဖလှယ် ‌ဆွေး‌နွေးခဲ့‌ကြောင်း ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားအစည်း အရုံး-‌ကေအဲန်ယူ ဥက္ကဌ၊ ရုံးအဖွဲ့မှူး ‌စောတာမူလားက ‌ကေအိုင်စီသို့ ‌ပြောသည်။

“PPST အ‌နေနဲ့ အစိုးရသစ်တက်ပြီး‌နောက်ပိုင်းမှာ ကာချုပ်နဲ့ သွား‌တွေ့ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို သွားတီး‌ခေါက်တာ ဖြစ်တယ်။ ‌ဆွေး‌နွေးပွဲမှာ နှစ်ဖက်စလုံးက NCA အ‌ပေါ် ဆက်ရပ်တည်သွားကြမယ်ဆိုပြီး အမြင်ဖလှယ်တယ်။ ဒီလို‌တွေ့ခြင်းအားဖြင့် ယုံကြည်မှုတည်‌ဆောက်ပြီး လွတ်လွတ်လပ်လပ် အမြင်ဖလှယ်တာပါ”ဟု ‌စောတာမူလားက ‌ပြောသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့အ‌နေဖြင့် ဇွန်လ ၂၆ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီး ဇွန်လ ၂၈ရက်‌နေ့က ‌နေပြည်‌တော်၌ နို်င်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌တွေ့ဆုံခဲ့ပြီး ‌နောက် ဇွန်လ ၂၉ရက်‌နေ့တွင် ကာချုပ်နှင့် ထပ်မံ ‌တွေ့ဆုံခြင်းဖြစ်‌ကြောင်း သိရသည်။