Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

1848

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်‌တော်‌ဆေးခန်းကို တည်‌ထောင်ခဲ့သူ ဆရာမကြီး ‌ဒေါက်တာစင်သီယာ‌မောင်အား ကရင်သတင်းဋ္ဌာန (‌ကေအိုင်စီ)က ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၅ရက်‌နေ့တွင် သွား‌ရောက်‌တွေ့ဆုံ ‌မေးမြန်းထားခြင်းဖြစ်သည်။

“အနာဂတ်မှာ‌တော့ ကျမတို့ ကျန်းမာ‌ရေးစနစ် ‌ကောင်းမွန်လာဖို့ဆိုတာ နိုင်ငံ‌ရေးစနစ်‌ကောင်းဖို့လည်း လိုအပ်သလို ကဏ္ဍအသီးသီးက‌နေပြီး‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်မှု လိုအပ်‌နေပါတယ်။”

၁) ဆရာမကြီးအ‌နေနဲ့ ပြီးခဲ့တဲ့လက ‌တောင်ကိုရီးယားမှာ ဆုတစ်ခုကို သွား‌ရောက်လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။ အဲဒါက ဘာဆုအမျိုးအစားဖြစ်ပြီး ဘယ်အဖွဲ့အစည်းက‌နေ ဆရာမကို ဘာအတွက်‌ကြောင့် ‌ပေးအပ်တယ်လို့ သိရပါသလဲ။
ဆု‌ပေးတဲ့ အဖွဲ့စည်းနာမည်က အီဂါ ‌ဖောင်‌ဒေးရှင်းလို့‌ခေါ်ပါတယ်။ ဒီ‌ဖောင်‌ဒေးရှင်းက လွန်ခဲ့တဲ့ ၂၅နှစ်က‌နေ စပြီး‌တော့ ‌ပေးတဲ့ ဆုအမျိုးအစားထဲမှာ‌တော့ အထူးသဖြင့် Community Services ထဲမှာ ‌ဆောင်ရွက်‌နေတဲ့၊ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ဆောင်ရွက်‌နေတဲ့ ပုဂ္ဂိုလ်‌တွေကို ‌ပေးတာဖြစ်တယ်။ ‌နောက်‌တော့ လွန်ခဲ့တဲ့ ၇နှစ်ကစပြီး‌တော့ Community Services ထဲမှာ ထူးထူးချွန်ချွန် ‌ဆောင်ရွက်တဲ့လူငယ်‌တွေအတွက် လူငယ်ဆုကိုပါ သူတို့ ထပ်ပြီး‌တော့‌ပေးတယ်။ ဒီဆုက‌တော့ ဒီနှစ်ထဲမှာ ကျမ အပါအဝင် လယ်ယာ‌မြေဖွံ့ဖြိုး‌ရေးကိစ္စ‌တွေကို ‌ဆောင်ရွက်‌နေတဲ့ ‌တောင်ကိုရီးယားက အမျိုးသမီးတဦးနဲ့ ‌တောင်ကိုရီးယားမှာရှိ တဲ့ ဒုက္ခသည်နဲ့ ‌ရွှေ့‌ပြောင်းလူထုဆိုင်ရာ အခွင့်အ‌ရေး‌တွေကို ပိုမို‌ကောင်းမွန်‌အောင် ကြိုးပမ်း‌ဆောင်ရွက်‌နေတဲ့ ‌ရှေ့‌နေလင်မယား နှစ်‌ယောက်ကို ‌ပေးတယ်။
အထူးသဖြင့်‌တော့ ဒီဆုဟာလည်း ဒုတိယကမာ္ဘစစ်ပြီး သူတို့နိုင်ငံထဲမှာ ဆင်းရဲမွဲ‌တေမှုဖြစ်တဲ့အချိန်မှာ ‌တောင်သူလယ် သမားအ‌ရေးနဲ့ လယ်ယာ‌မြေဖွံ့ဖြိုး‌ရေးကိစ္စ‌တွေ၊ သူတို့နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံ‌ရေးကို စွမ်းစွမ်းတမံ ‌ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တ ဦးကို ဂုဏ်ပြုတဲ့အ‌နေနဲ့ ‌ပေးတဲ့ဆုဖြစ်ပါတယ်။ လက်ရှိမှာ စိုက်ပျိုး‌ရေး‌ကျောင်းတခုကို တည်‌ဆောက်ထားတဲ့ အီဂါ‌ဖောင်‌ဒေးရှင်း ဟာ ‌တောင်ကိုရီးယားမှာ ဖွံ့ဖြိုးတိုးတက်မှု‌တွေ ရှိ‌နေ‌ပေမယ့်လို့ လယ်သမား‌တွေ၊ စိုက်ပျိုး‌ရေးကဏ္ဍ‌တွေ ပိုမိုဖွံ့ဖြိုးတိုးတက်‌အောင် ကြိုးပမ်း‌ဆောင်ရွက်‌နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

၂) အခုလို ဆု‌ရွေးချယ်‌ပေးအပ်ခံရမှု‌ကြောင့် ဆရာမအတွက် ဘယ်လိုခံစားမှု‌တွေဖြစ်ပြီး လုပ်ငန်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှု‌တွေ ဘယ်လိုရရှိပါသလဲ။
ဒီဆုအ‌ပေါ်မှာ ကျမတို့ မြန်မာနိုင်ငံအ‌နေနဲ့ ကျမတို့အ‌ခြေအ‌နေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ တူညီမှု‌တွေ တချို့‌တွေ့ရတယ်။ အထူးသဖြင့်‌တော့ ပဋိပက္ခ စစ်ပြီးတဲ့ကာလ‌တွေမှာ ဒီမိုက‌ရေစီ‌ပြောင်းလဲ‌ရေး‌တွေ၊ စီးပွား‌ရေးဖွံ့ဖြိုးမှု‌တွေ ‌ဆောင်ရွက်တဲ့အချိန်မှာ လူတိုင်းအတွက်ကို လက်လှမ်းမမှီဘဲနဲ့ ကျန်ရှိ‌နေတဲ့၊ ခွဲခြားဆက်ဆံမှုခံ‌နေရတာတို့ တချို့ပြန်လည်ထူ‌ထောင်‌ရေး‌ဒေသ‌တွေမှာ ခွဲခြားဆက်ဆံခံရတာ‌တွေကို သူတို့ မီး‌မောင်းထိုးပြထားတာ‌တွေ ရှိသလို တချိန်ထဲမှာပဲ လက်ရှိဒုက္ခသည်အ‌ရေး၊ ကျမတို့နယ်စပ် ‌တွေမှာ ‌ရွှေ့‌ပြောင်းဒုက္ခသည်အ‌ရေး‌တွေကို နိုင်ငံတကာက‌နေ ပိုပြီး‌တော့ အာရုံစိုက်လာ‌အောင် မြှင့်တင်‌ဆောင်ရွက်တဲ့ အစီအ စဉ်‌တွေ ပါလာတယ်။ ‌တောင်ကိုရီးယားနိုင်ငံမှ ဒီကိစ္စ‌တွေကို စွမ်းစွမ်းတမံ ‌ဆောင်ရွက်လာသလို မြန်မာနိုင်ငံအ‌ရေးကိုလည်း ဒီငြိမ်းချမ်း‌ရေး တည်‌ဆောက်တဲ့ကာလ၊ ဖွံ့ဖြိုးတိုးတက်‌ရေး တည်‌ဆောက်တဲ့ကာလမှာ လူသားအရင်းအမြစ်နဲ့ လူထုအ‌ခြေပြု အဖွဲ့အစည်း‌တွေရဲ့ကဏ္ဍကို မြှင့်တင်တာတို့၊ ဒုက္ခသည်‌တွေ၊ ‌ရွှေ့‌ပြောင်းလူထုရဲ့အ‌ရေးကို နိုင်ငံတကာက ပိုပြီး‌တော့ အာရုံစိုက် လာ‌အောင် ‌ဆောင်ရွက်တာတို့။ ‌နောက်‌တော့ ဒီဖွံ့ဖြိုးတိုးတက်‌ရေးမှာ အပယ်ခံပဲဖြစ်ဖြစ်၊ ခွဲခြားဆက်ဆံခံရတဲ့ ဆင်းရဲနွမ်းပါးမှု ‌တွေ အားလုံးကို မီး‌မောင်းထိုးပြထားတာဖြစ်တယ်။ ကျမတို့အတွက် ‌လေ့လာသင်ယူစရာလည်းဖြစ်သလို တစ်ဖက်ကလည်း ပူး‌ပေါင်း‌ဆောင်ရွက်နိုင်တဲ့လမ်း‌ကြောင်းကိုလည်း ကျမတို့ ရှာ‌ဖွေ‌တွေ့ရှိမယ်လို့ ယူဆတယ်။ ‌နောက် လူငယ်ဆုလည်း ပါလာတဲ့ အတွက်‌ကြောင့် နယ်စပ်မှာရှိတဲ့ လူငယ်‌တွေ အမျိုးသမီး‌တွေ၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး အဖွဲ့အစည်း‌တွေသာမက ပြည်တွင်းထဲမှာ ရှိတဲ့ လူမှုအဖွဲ့အစည်းအားလုံးရဲ့ ကဏ္ဍ‌တွေကိုလည်း မြှင့်တင်‌ပေးတယ်လို့ လက်ခံယုံကြည်ပါတယ်။
11998209_1164189790275810_1618116431_n
၃) အပစ်အခတ်ရပ်စဲ‌ရေးကာလမှာ ဆရာမတို့နယ်စပ်မှာ ဦးစီး‌ဆောင်ရွက်‌နေတဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေးလုပ်ငန်းစဉ် ‌တွေကို ရိုက်ခတ်မှု အ‌ခြေအ‌နေ‌တွေ ဘယ်လိုရှိ‌နေပါသလဲ။ လက်ရှိ အခက်ခဲဆုံး စိန်‌ခေါ်မှု‌တွေကိုလည်း ‌ပြောပြ‌ပေး‌စေချင်ပါ တယ်။
လက်ရှိ ဒီအပစ်အခတ်ရပ်စဲ‌ရေး အ‌ခြေအ‌နေမှာ ကျမတို့ လက်လှမ်းမီသ‌လောက် ကြည့်မယ်ဆိုရင် ကျန်းမာ‌ရေးစနစ်၊ ပညာ‌ရေးစနစ်၊ စီးပွား‌ရေးစနစ် ပြုပြင်‌ပြောင်းလဲ‌ရေးကိစ္စ‌တွေမှာ ‌ဆွေး‌နွေးမှု‌တွေက‌တော့ ရှိတယ်ဆို‌ပေမယ့် တအားကြီး မ‌ရောက် ‌သေးပါဘူး။ အထူးသဖြင့်‌တော့ တိုက်ပွဲ‌တွေရပ်‌ရေးကိုပဲ ‌ရှေ့ရှု‌နေတဲ့ အ‌ခြေအ‌နေပဲ ရှိပါ‌သေးတယ်။ လက်မှတ်လည်း မထိုးရ‌သေး ဘူး‌ပေါ့‌နော်။ လက်မှတ်‌ရေးထိုးတဲ့အချိန်ကျရင်လည်း ဒီနယ်စပ်မှာရှိ‌နေတဲ့ အဖွဲ့အစည်း‌တွေအ‌နေနဲ့က လက်နက်ကိုင်အဖွဲ့အ စည်း‌တွေဖြစ်‌စေ၊ လူထုအ‌ခြေပြု လူမှုအဖွဲ့အစည်း‌တွေဖြစ်‌စေ ပြင်ဆင်မှု‌တွေ တအားလို‌နေပါ‌သေးတယ်။ အထူးသဖြင့် ဒီပညာ ‌ရေးဆိုင်ရာ ပြုပြင်‌ပြောင်းလဲ‌ရေးကိစ္စမှာလည်း နယ်စပ်မှာ ရှိတဲ့အဖွဲ့အစည်း‌တွေနဲ့ ပြည်တွင်းမှာရှိတဲ့ ပညာ‌ရေး ပြုပြင်‌ပြောင်းလဲ ‌ရေးကွန်ယက်နဲ့ ကျမတို့ တစုံတရာ ချိတ်ဆက်ပြီး‌တော့ ‌ဆောင်ရွက်‌နေတာ‌တွေ ရှိတယ်။
သို့‌သော်လည်း ကျန်းမာ‌ရေး၊ ပညာ‌ရေး ပြုပြင်‌ပြောင်းလဲ‌ရေးအ‌ပေါ်မှာ လူထုအ‌ခြေပြု လူမှုအဖွဲ့အစည်းအ‌နေနဲ့ ဒီထက် ပိုပြီး‌တော့ စွမ်း‌ဆောင်ကြဖို့လိုသလို လူထုအ‌ခြေပြု လူမှုအဖွဲ့အစည်း‌ခေါင်း‌ဆောင်‌တွေ နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်‌တွေနဲ့ ထိ‌တွေ့ဆက် ဆံမှု‌တွေ အများကြီး လိုအပ်‌နေ‌သေးတယ်။ အထူးသဖြင့်‌တော့ ဒီနယ်စပ်တစ်‌လျှောက်မှာရှိတဲ့ ကျန်းမာ‌ရေးအဖွဲ့အစည်း‌တွေအ ‌နေနဲ့ ကျန်းမာ‌ရေးဝန်‌ဆောင်မှုကို ‌ပေးတာတခုတည်း မဟုတ်ဘဲနဲ့ အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စုမှာ ပိုပြီး‌တော့ အရည်အ ‌သွေးပြည့်မှီမယ့် လူတိုင်းအတွက် လက်ခံရယူနိုင်တဲ့ ကျန်းမာ‌ရေးစနစ်မျိုးဖြစ်လာဖို့ လိုအပ်တဲ့ ကျန်းမာ‌ရေးမူဝါဒ‌တွေ၊ အ‌ရေးတ ကြီး မြှင့်တင်ရမယ့်ကဏ္ဍ‌တွေကို ပူး‌ပေါင်းပြီး‌တော့ ‌ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်‌ကြောင့် ကျမတို့အ‌နေနဲ့ ကျန်းမာ‌ရေးသတင်း အချက်အလက် စု‌ဆောင်းမှုဆိုင်ရာဖြစ်‌စေ၊ ကျန်းမာ‌ရေးစနစ်ကို ပုံ‌ဖော်တဲ့ အ‌ခြေအ‌နေဖြစ်‌စေ၊ မူဝါဒ‌ရေးဆွဲမှုမှာဖြစ်‌စေ၊ အားလုံး သာတူမျှဖြစ်‌အောင် ကြိုးစားလုပ်‌ဆောင်တာ‌တွေ ရှိတယ်။
အပစ်ခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးတဲ့အချိန်မှာ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှု‌တွေ၊ အရင်က လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီဆိုပြီး‌တော့ နယ်စပ်က‌နေ ဖြတ်‌ကျော်တာရှိတယ်။ လက်ရှိမှာ‌တော့ ဖွံ့ဖြိုး‌ရေးအကူအညီဆိုတဲ့ ‌ခေါင်းစဉ်နဲ့ ပြည်တွင်း ထဲက‌နေ ‌ရွှေ့‌ပြောင်းပြီး ကူညီကြတာရှိတယ်။ ကျမတို့နိုင်ငံအ‌နေနဲ့ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးတဲ့ အဆင့်မ‌ရောက်‌သေး သလို မူဝါဒပိုင်းဆိုင်ရာ‌တွေ ညှိနှိုင်းထားတာမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်‌ရေးကို‌တော့ ‌ကောင်းမွန်တဲ့ ကျန်းမာ‌ရေးစနစ်ဖြစ်လာဖို့အ တွက် ‌ရေရှည်မှာ အာမခံချက်မရှိ‌သေးဘူးလို့ ကျမတို့ ယုံကြည်တယ်။

၄) လက်ရှိ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လုပ်‌ဆောင်‌နေတဲ့ အပစ်အခတ်ရပ်စဲ‌ရေး ဖြစ်စဉ်အ‌ပေါ် ဆရာမအ‌နေနဲ့ ဘယ်လိုမြင်လဲ။ ဘာ‌တွေ အကြံပြု‌ပြောချင်ပါသလဲ။
အပစ်ခတ်ရပ်စဲ‌ရေးက ခိုင်ခိုင်မာမာဖြစ်ဖို့ အ‌ရေးကြီးပါတယ်။ ခိုင်မာဖို့ဆိုတာလည်း တန်းတူညီတူ ‌ဆောင်ရွက်တဲ့ အစီ အစဉ်‌တွေဖြစ်သလို ပြည်သူလူထုကို အကာအကွယ်‌ပေးတဲ့ အစီအစဉ်‌တွေလည်း တခါတည်း ချမှတ်ထားရမှာဖြစ်တယ်။ ‌နောက် တခုက ‌ကောင်းမွန်တဲ့ နိုင်ငံ‌ရေးစနစ် ဖြစ်လာမှပဲ ‌ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးဖြစ်မှာ ဖြစ်ပါတယ်။ လူထုအ‌ခြေပြု အဖွဲ့အစည်း‌တွေအ‌နေနဲ့ ‌ကောင်းမွန်တဲ့စနစ်‌တွေ ဖြစ်လာဖို့အတွက် တွန်းအား‌ပေးပြီး‌တော့ အားလုံးပူး‌ပေါင်းပါဝင် အကြံ‌ပေး၊ ပူး‌ပေါင်း‌ရေးဆွဲတဲ့ မူဝါဒ‌တွေ ‌ပေါ်လာဖို့က အများကြီး ကြိုးစားရမှာဖြစ်တယ်။ ‌ရေရှည်ခိုင်ခံ့တဲ့ အပစ်အခတ်ရပ်စဲ‌ရေး ဖြစ်ဖို့အတွက်ကို နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်‌တွေလည်း နှစ်‌ပေါင်းများစွာ စစ်‌ဘေးစစ်ဒဏ်ခဲ့ရတဲ့ ပြည်သူလူထု‌တွေနဲ့ နီးနီးကပ်ကပ် ‌တွေ့ပြီး‌တော့ သူတို့ကို ကိုယ်စားပြုတဲ့ လူထုအ‌ခြေပြုအဖွဲ့အစည်း‌တွေနဲ့လည်း နီးနီးစပ်စပ် ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

၄) လာမဲ့ အနာဂတ်မှာ ဆရာမရဲ့ လူမှု‌ရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးရဲ့ ‌ရေရှည် စီမံကိန်းကို ဘယ်လိုအစီအစဉ်မျိုး ‌ရေးဆွဲထားတာ ရှိလဲဆိုတာ သိခွင့်ရှိသ‌လောက် သိပါရ‌စေ ဆရာမ။
ပြည်တွင်းထဲက‌နေပြီး‌တော့ ဝင်‌ရောက်ကူညီ‌နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း‌တွေ၊ ဒီအဖွဲ့အစည်း‌တွေနဲ့ ပူး‌ပေါင်း‌ဆောင် ရွက်တဲ့ ဒီလူထုအ‌ခြေပြုအဖွဲ့အစည်း‌တွေဖြစ်‌စေ၊ ကျန်းမာ‌ရေးဝန်ထမ်း‌တွေဖြစ်‌စေ ‌ရေတိုကာလမှာ စီမံကိန်း‌တွေကို အ‌ကောင်အ ထည်‌ဖော်တာ မဟုတ်ဘဲနဲ့ ကျန်းမာ‌ရေးစနစ် ‌ကောင်းမွန်လာဖို့ အားလုံးပါဝင်တဲ့ တိုင်းရင်းသား‌ဒေသ‌တွေမှာ‌ရော၊ ဖွံ့ဖြိုးမှုအား နည်းတဲ့‌ဒေသ‌တွေမှာ ပိုပြီးလက်လှမ်းမီလာ‌အောင် ကျန်းမာ‌ရေးစီမံခန့်ခွဲမှု‌တွေ၊ ကျန်းမာ‌ရေးမူဝါဒ‌တွေ ‌ရေးဆွဲတဲ့အချိန်မှာ ဗဟို ချုပ်ကိုင်မှု‌တွေ အဆင့်ဆင့်‌လျှော့ချပြီး သူ့‌ဒေသနဲ့ လိုက်‌လျောညီ‌ထွေတဲ့၊ လူသားဆိုင်ရာ အရင်းအမြစ်‌တွေ ‌ဒေသတွင်းမှာ ရှိထား ပြီးသား ကျန်းမာ‌ရေးစနစ်‌တွေကို အသိအမှတ်ပြုတဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ အများကြီးလိုပါတယ်။
နည်းပညာပိုင်းဆိုင်ရာ‌တွေ ရန်ပုံ‌ငွေကြီးပဲ မဟုတ်ဘဲနဲ့ လူတိုင်းအတွက် ‌ကောင်းမွန်တဲ့ ကျန်းမာ‌ရေးစနစ်ဖြစ်လာဖို့အ တွက် နိုင်ငံ‌ရေးစနစ်နဲ့လည်း တိုက်ရိုက် ပတ်သက်‌နေတယ်။ အနာဂတ်မှာ‌တော့ ကျမတို့ ကျန်းမာ‌ရေးစနစ် ‌ကောင်းမွန်လာဖို့ဆို တာ နိုင်ငံ‌ရေးစနစ်‌ကောင်းဖို့လည်း လိုအပ်သလို ကဏ္ဍအသီးသီးက‌နေပြီး‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်မှု လိုအပ်‌နေပါတယ်။ ဒါက လည်း အချိန်တိုတိုနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အချိန်ကာလတခု ‌သေချာ ပြင်ဆင်‌ရေးဆွဲပြီး‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တဲ့အတွက်‌ကြောင့် နိုင်ငံတကာအဖွဲ့အစည်းကိုလည်း ကျမတို့ အမြဲတမ်း အသိ‌ပေးပါတယ်။ ဒါဟာ မြန်မြန်ဆန်ဆန်နဲ့ ပို့လို့ရ မယ့်ကိစ္စမဟုတ်ဘဲနဲ့ တစ်‌ယောက်နဲ့တစ်‌ယောက် ယုံကြည်မှု‌တွေ၊ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေနဲ့ အပြန်အလှန် အသိအမှတ်ပြုမှု ‌တွေ၊ ‌လေးစားမှု‌တွေနဲ့ ‌ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ ‌ရောဂါကာကွယ်‌ရေးအပိုင်း၊ ကုသ‌ရေးနဲ့ ပြန်လည်ထူ‌ထောင်‌ရေးကိစ္စမှာ ဖြစ်‌စေ ‌ဆောင်ရွက်တဲ့အချိန်မှာ လူထုအ‌ခြေပြုအဖွဲ့အစည်း‌တွေ၊ လူထု‌တွေရဲ့ ဦး‌ဆောင်မှုအခန်းကဏ္ဍ‌တွေကို ပိုပြီး‌တော့ မြှင့်တင် ‌ပေးဖို့ လိုအပ်‌နေတယ်။ လူ‌တွေရဲ့ ဘဝလုံခြုံမှု‌တွေကို အကာအကွယ်‌ပေးဖို့က အထူးသဖြင့် နယ်စပ်‌ဒေသ‌တွေမှာ၊ ပြည်တွင်း‌တွေ မှာ လူ‌တွေရဲ့ ‌ရွှေ့‌ပြောင်းမှု‌တွေ တအားများတာတို့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတာတို့၊ ‌နောက်လာမယ့် အာဆီယံစီးပွား ‌ရေးဇုန်‌တွေ နယ်စပ်‌ဒေသ‌တွေမှာ တည်‌ဆောက်လာတဲ့အချိန်မှာ အကာကွယ်‌ပေး‌ရေးကိစ္စ‌တွေက ပိုပြီး‌တော့ လိုအပ်ပါတယ်။ နယ်စပ်‌ဒေသ‌တွေမှာ ဒုက္ခသည်၊ နိုင်ငံမဲ့ဆိုတဲ့ကိစ္စ‌တွေ၊ ပြဿနာ‌တွေကို အ‌လေးထား ‌ဆောင်ရွက်မှုမရှိဘဲနဲ့ တည်ငြိမ်တဲ့ နိုင်ငံ ‌ရေးစနစ် တည်‌ဆောက်လို့ မရဘူး။ ဒါ‌ကြောင့် နိုင်ငံ‌ရေးစနစ်‌ပြောင်းလဲဖို့က အဓိကဖြစ်တယ်။
20150905_122355
၅) လာမဲ့ နိုဝင်ဘာလမှာ မြန်မာပြည်ရဲ့ ‌ရွေး‌ကောက်ပွဲ ကျင်းပ‌တော့မှာဖြစ်ပါတယ်။ ဒါဟာလည်း ‌ရှေ့ဆက် တိုင်းပြည်နိုင်ငံ‌ရေးအ တွက် အ‌ရေးကြီးတဲ့ အရာတခုဖြစ်တဲ့အ‌ပေါ် ဆရာမအ‌နေနဲ့ ဘယ်လိုဖြစ်‌စေချင်လဲ။ မဲ‌ပေးမဲ့လူထု‌တွေကို ဘာ Message ‌တွေ ‌ပေးချင်ပါသလဲ။
‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် ပါတီအားလုံးကို အား‌ပေးပါတယ်။ တချိန်တည်းမှာပဲ ပါတီတဖွဲ့ချင်းအ ‌နေနဲ့က တစ်နိုင်ငံလုံးကို ခြုံပြီး‌တော့ နယ်စပ်‌ဒေသဖြစ်‌စေ၊ တိုင်းရင်းသား‌တွေရဲ့ ပဋိပက္ခ‌တွေဖြစ်‌စေ၊ ပြည်တွင်းအ‌ခြေအ‌နေ တစ်အုံလုံးကို ခြုံငုံပြီး‌တော့ လူထု‌တွေရဲ့အသံကို နား‌ထောင်ဖို့ လိုအပ်‌နေပါတယ်။ ‌ရွေး‌ကောက်ပွဲမှာ အနိုင်ရသည်ဖြစ်‌စေ၊ အနိုင်မရသည်ဖြစ်‌စေ၊ လွှတ်‌တော်ထဲ ‌ရောက်ရှိမယ့်အမတ်‌တွေအ‌နေနဲ့က‌တော့ လူထုအကျိုး‌တွေကို တစိုက်မတ်မတ် ကာကွယ် ‌စောင့်‌ရှောက် ထိန်းသိမ်းသွားဖို့က အဓိက အ‌ရေးကြီးဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံ ဆက် ဆံ‌ရေး‌တွေမှာ ပါတီတခုတည်းရဲ့ အကျိုးကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ လူထု‌တွေအတွက် ‌ရေရှည် အကျိုးအမြတ်ရှိမယ့် လုပ်ငန်း ‌တွေ၊ စီမံကိန်း‌တွေကို နိုင်ငံတကာအကူအညီ လက်ခံတဲ့အချိန်မှာလည်း လူထုနဲ့ နီးနီးကပ်ကပ်၊ တိုင်တိုင်ပင်ပင် အလုပ်လုပ်သွား ဖို့ အဓိက အ‌ရေးကြီးပါတယ်။ မဲ‌ပေးခွင့်ရှိခြင်း မရှိခြင်းနဲ့ပတ်သက်ပြီး နယ်စပ်ကိစ္စ‌တွေနဲ့ တိုက်ရိုက်‌ပြောမယ်ဆိုရင်‌တော့ နယ်စပ် ‌ရွှေ့‌ပြောင်းနိုင်ငံမဲ့သူ၊ ဒုက္ခသည်‌တွေအတွက် အခွင့်အ‌ရေးဆုံးရှုံးမှု‌တွေ အများကြီးရှိပါတယ်။
အထူးသဖြင့် ကျမတို့ မြန်မာနိုင်ငံမှာ သန်း‌ခေါင်စာရင်းလည်း ‌ကောက်ယူထားတာရှိပြီး ဒီနိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှု ‌တွေမှာ လူငယ်၊ အမျိုးသမီးထု‌တွေ ပါဝင်မှုအခန်းကဏ္ဍက‌တော့ တအား‌မှေးမှိန်‌သေးတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား ‌ဒေသ‌တွေမှာရှိတဲ့ ချို့တဲ့နိမ့်ကျတဲ့ ‌ဒေသ‌တွေရှိတယ်။ စစ်‌ဘေးစစ်ဒဏ် ခံ‌နေရတဲ့‌ဒေသ‌တွေရှိတယ်။ သဘာဝ‌ဘေးဒဏ်ခံ‌နေရတဲ့ ‌ဒေသ‌တွေရှိတယ်။ နိုင်ငံတကာ ကူညီပံ့ပိုးမှု‌တွေ ရယူလို့ရှိရင်လည်း ပိုလိုအပ်တဲ့သူ‌တွေ၊ ပံ့ပိုးကူညီမှု လိုအပ်တဲ့‌ဒေသ‌တွေကို ‌ရောက်‌အောင် ပံ့ပိုးကူညီဖို့ကို ကျမတို့ တိုက်တွန်းချင်ပါတယ်။