Home သတင်း ‌ရွေး‌ကောက်ပွဲမတိုင်ခင် NCA လက်မှတ်ထိုးရန် အားလုံးပါဝင်‌ရေး ကန့်သတ်မှုရှိ‌နေ

‌ရွေး‌ကောက်ပွဲမတိုင်ခင် NCA လက်မှတ်ထိုးရန် အားလုံးပါဝင်‌ရေး ကန့်သတ်မှုရှိ‌နေ

1852

ဇူလိုင် ၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ယခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် ၂၀၁၅ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး (NCA) လက်မှတ်ထိုးနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၇ဖွဲ့ အားလုံးပါဝင်နိုင်‌ရေးသည် အဓိကအဟန့်အတားဖြစ်‌နေ‌သေး ‌ကြောင်း တိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်း‌ရေးအဖွဲ့ ဒုတိယ‌ခေါင်း‌ဆောင် ပူဇင်ကျုံးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ချင်းအမျိုးသားတပ်ဦး-CNF ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးလည်းဖြစ်သူ ပူဇင်ကျုံးက “NCA လက်မှတ်ထိုးဖို့က အားလုံး ပါဝင်နိုင် ‌ရေးက အဓိက အဟန့်အတားဖြစ်‌စေတယ်။ ကျ‌နော်တို့ NCCTအဖွဲ့ဝင်က ၁၇ဖွဲ့ရှိတာကိုး။ ဒီတစ်ဖွဲ့လုံးကို တစ်ပြိုင်ထဲ ကျ‌နော်တို့ လက်မှတ်ထိုးချင်ပါတယ်။ ဒါ‌ပေမဲ့ အစိုးရဘက်က ကန့်သတ်မှု‌လေး‌တွေရှိ‌နေ‌သေးတာ‌ပေါ့‌လေး။ ဒါ‌တွေကို လာမဲ့ ‌ဆွေး‌နွေးပွဲ‌တွေ မှာ ညှိနှိုင်းသွားရမှာပါ”ဟု ‌ပြောသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်မ‌တော်(AA)နှင့် တအာင်း (ပ‌လောင်)ပြည်နယ် လွတ်‌မြောက်‌ရေးတပ်ဦး (PSLF/ TNLA)တို့ကို အစိုးရအဖွဲ့က လက်ရှိအချိန်အထိ လက်ခံနိုင်သည်ဟု ‌ပြောဆိုသည့် ကိစ္စမျိုးမရှိ‌သေး‌ကြောင်းလည်း ၎င်းက ဆက် ‌ပြောသည်။

ဇူလိုင်လ ၆ရက်‌နေ့ကလည်း TNLA က UPWC နှင့် အဆင့်မြင့်ညှိနှိုင်း‌ရေးအဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သ‌ဘော ‌တွေ့ ဆုံခဲ့မှုအ‌ပေါ် အပြုသ‌ဘော‌ဆောင် ကြိုးပမ်းမှုများအဖြင့် ကြိုဆို‌ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အ စည်းများအားလုံး NCA စာချုပ် လက်မှတ်ထိုးပါက ၎င်းတို့လည်း ပါဝင်ထိုးမည်ဖြစ်‌ကြောင်း အချက် ၅ချက်ပါ သ‌ဘောထား‌ကြေ ညာချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

မြန်မာငြိမ်းချမ်း‌ရေးစင်တာ၏ အကြီးတန်းအရာရှိ ဦးလှ‌မောင်‌ရွှေက “‌ရွှေး‌ကောက်ပွဲမတိုင်ခင်မှာ NCA ထက်မက နိုင်ငံ‌ရေးမူ ‌ဘောင် (Frame Work)‌တွေအထိပါ ပြီး‌အောင် ကြိုးပမ်းသွားမယ်လို့ ‌ဆွေး‌နွေးပွဲမှာ တိုင်းရင်းသား‌တွေဘက်က ‌ပြောတာမျိုး ရှိ တယ်။ ဒီလို NCA မကဘူး၊ နိုင်ငံ‌ရေးမူ‌ဘောင် ညှိနှိုင်း‌ရေးဆွဲဖို့ပါ ‌ပြောလာ‌တော့ ဝမ်းသာစရာ‌ပေါ့ဗျာ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဇူလိုင်လ ၃ရက်နှင့် ၄ရက်‌နေ့အထိ ဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ-UPWC နှင့် ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ NCA အဆင့်မြင့် ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သ‌ဘော‌တွေ့ဆုံခဲ့ကြပြီး ယခုလ တတိယပတ်အတွင်း ထပ်မံ ‌တွေ့ဆုံသွားရန်ရှိသည်ဟုလည်း သိရသည်။

အဆိုပါ NCA အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation for NCA – SD)၏ ဒုတိယအကြိမ် အစည်းအ‌ဝေး ကို ဇူလိုင်လ ၂ရက်မှ ၅ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ NCCT နှင့် UPWC တို့၏ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ အ တည်ပြုမူကြမ်းကို အပြီးသတ် မူ‌ချောအဆင့်သို့ တိုးမြှင့်ရရှိ‌ရေးအတွက် တာဝန်ယူ ညှိနှိုင်းသွားရမည့် လုပ်ငန်းများကို ‌ဆွေး‌နွေးခဲ့ ကြ‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။