Home သတင်း ‌ကော့‌သောင်း‌ထောင် အကျဉ်းသား ၁၂ဝခန့် ‌မော် လမြိုင်‌ထောင်သို့ ‌ပြောင်း‌ရွှေ့

‌ကော့‌သောင်း‌ထောင် အကျဉ်းသား ၁၂ဝခန့် ‌မော် လမြိုင်‌ထောင်သို့ ‌ပြောင်း‌ရွှေ့

2153

စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

Photo-Bo Bo Myint
တနသင်္ာရီတိုင်း‌ဒေသကြီးရှိ ‌ကော့‌သောင်း အကျဉ်း‌ထောင်မှ အကျဉ်းသား ၁၂ဝခန့်ကို မွန်ပြည်နယ်၊ ‌မော်လမြိုင်အကျဉ်း‌ထောင် သို့ ‌ပြောင်း‌ရွှေ့လာခဲ့ရာ ယမန်‌နေ့ စက်တင်ဘာလ ၂၆ရက်၊ နံနက် ၁ဝနာရီခန့် က ‌မော်လမြိုင်အကျဉ်း‌ထောင်သို့ ‌ရောက်ရှိ လာပြီး ဖြစ်‌ကြောင်း သိရသည်။

ထိုအကျဉ်းသားများသည် ပြည်ဖြိုးထွန်း(၁၅) သ‌ဘေင်္ာဖြင့် စက်တင်ဘာလ ၁၈ရက်‌နေ့က ‌ကော့‌သောင်း‌ထောင်မှ စတင် ‌ခေါ် ‌ဆောင်လာခဲ့ခြင်းဖြစ်ပြီး သ‌ဘေင်္ာစက်ချွတ်ယွင်းမှုနှင့် ရာသီဥတု ဆိုးရွားမှုတို့‌ကြောင့် လမ်းခရီးတွင် ၈ရက်ခန့် ကြာမြင့်ပြီးမှ ယခုလို ‌မော်လမြိုင်‌ထောင်သို့ ‌ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

‌မော်လမြိုင်တွင် လာ‌ရောက်‌စောင့်‌နေသည့် အကျဉ်းသားမိသားစုဝင်တစ်ဦးက “လမ်းမှာ ကြာ‌နေ‌တော့ မိသားစုဝင်‌တွေက အရမ်း စိတ်ပူ‌နေကြတာ။ အခု ‌မော်လမြိုင်ကို ‌ရောက်ရှိလာ‌တော့မှပဲ စိတ်‌အေးရ‌တော့တယ်။”ဟု ‌ပြောသည်။

ထို့အပြင် ‌ကော့‌သောင်းအကျဉ်း‌ထောင်မှ ‌မော်လမြိုင်အကျဉ်း‌ထောင်သို့ ‌ရောက်ရှိလာသည့် အကျဉ်းသားများကို တိုက်ပိတ်ပြီး ထားမည်ဟု ကြား‌နေရသည့်အတွက် အကျဉ်းသား မိသားစုဝင်များအ‌နေဖြင့် စိုးရိမ်‌နေကြ‌ကြောင်းလည်း ၎င်းက ဆက်‌ပြော သည်။

ယခု ‌ရောက်ရှိလာသည့် အကျဉ်းသားများအ‌ကြောင်းနှင့် ပတ်သက်ပြီး ‌မော်လမြိုင်အကျဉ်း‌ထောင်သို့ အာဏာပိုင်များကို သွား ‌ရောက်‌မေးမြန်းခဲ့‌သော်လည်း တစ်စုံတစ်ရာ ‌ဖြေကြား‌ပေးခြင်း မရှိခဲ့‌ပေ။

စက်တင်ဘာလ ၁၃ရက်‌နေ့က တနသာင်္ရီတိုင်း၊ ‌ကော့‌သောင်းမြို့ရှိ (၉)မိုင်အကျဉ်း‌ထောင်အတွင်း အကျဉ်းသားများအချင်းချင်း ဆူပူမှုဖြစ်ပွားခဲ့ပြီး ထိုဆူပူမှုကို ‌ထောင်အာဏာပိုင်‌တွေက ‌သေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းခဲ့ရာ အကျဉ်းသားတစ်ဦး ‌သေဆုံးခဲ့ ရပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ‌ထောင်အာဏာပိုင်များက ‌ထောင်တွင်းဆူပူမှုကို အကြမ်းဖက် ထိန်းသိမ်းမှုဖြစ်ပွားခဲ့ခြင်းကို နိုင်ငံပိုင်မီဒီယာ၏ သတင်း ထုတ်လွှင့်မှုအ‌ပေါ် မ‌ကျေနပ်သည့်အတွက် ‌ထောင်တွင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး‌နောက် အကျဉ်းသားအချို့ကို ယခုလို ‌ထောင် ‌ပြောင်း‌ရွှေ့ခဲ့ခြင်းဖြစ်သည်။