Home သတင်း တနှစ်‌ကျော် ငြိမ်သက်သွား သည့် ပန်းသီးပုံး‌လောင်းက စား ဘုရားသုံးဆူ၌ ပြန် လုပ်‌ဆောင်လာ

တနှစ်‌ကျော် ငြိမ်သက်သွား သည့် ပန်းသီးပုံး‌လောင်းက စား ဘုရားသုံးဆူ၌ ပြန် လုပ်‌ဆောင်လာ

2291
ဇွန်လ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Row of slot machines in a cruise ship
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ တနှစ်‌ကျော်ကြာ ရပ်တန့်သွား‌သော ပန်းသီးပုံး‌လောင်းကစားမှုများမှာ ယခုအခါ မြန်မာအစိုးရ စစ်တပ်နှင့် နယ်ခြား‌စောင့်တပ်များတို့ ပူး‌ပေါင်းပြီး တပ်ရန်ပုံ‌ငွေဟူ၍ ပန်းသီးပုံးများကို ယမန်‌နေ့က ရပ်ကွက်‌နေရာအနှံ့ ပြန်လည်ချထားခဲ့သည်ဟု ဘုရားသုံးဆူမြို့ခံများက ‌ပြောသည်။

ပန်းသီးပုုံး‌လောင်းကစားမှုကို အစိုးရတပ် ‌ခြေလျင်တပ်ရင်း(ခလရ-၂၈၃)တပ်ရင်းမှ တပ်ရင်းမှုး ဒု-ဗိုလ်မှူးကြီး မျိုးမြင့် ‌ကျော်တို့မှ ဦး‌ဆောင်ပြီး တပ်ရန်ပုံ‌ငွေအတွက် အ‌ကြောင်းပြကာ နယ်ခြား‌စောင့်တပ်ရင်း (၁၀၂၁)မှ ဗိုလ်ကြီး‌စောရန် ရှင်းနှင့် (၁၀၂၃) မှ ဗိုလ်‌စောကို‌လေးတို့နှင့်အတူ လုပ်‌ဆောင်‌နေခြင်းဖြစ်သည်။

အမည်မ‌ဖော်လိုသူ မြို့ခံတစ်ဦးက “မ‌နေ့က နယ်ခြား‌စောင့်တပ်‌တွေက ပန်းသီးပုံး‌တွေပြန်ချ‌နေကြပြီ။ ရပ်ကွက်‌နေရာ အနှံ့လိုလို လိုက်ချထား‌တော့ မ‌ကောင်းဘူး‌ပေါ့ ဗျာ။ ပြည်သူ‌တွေအ‌နေနဲ့‌တော့ ဒီပန်းသီးပုံး‌လောင်းကစား‌ကြောင့် ရာဇဝတ်မှု ဖြစ်ပွားတာ‌တွေ များပြားလာမှာကို စိုးရိမ်‌နေကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ပန်းသီးပုံးများကို နယ်ခြား‌စောင့်တပ်မှ တာဝန်ယူလိုက်လံချထားခဲ့ပြီး လတ်တ‌လော ဘုရားသုံးဆူမြို့၌ ရပ် ကွက် (၁)၊ (၂) နှင့် (၃)အတွင်းရှိ အထည်ဆိုင်များ၊ အရက်ဆိုင်များ၊ လဘက်ရည်ဆိုင်များ၊ ဂိမ်းဆိုင်များနှင့် အသုပ် ဆိုင်များ စသည့်‌နေရာများအထိ ‌နေရာအနှံ့အပြား ချထားလျှက်ရှိသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံ‌လောင်းကစား အများအပြားချထားသည့်အ‌ပေါ် ၂၀၁၂ခုနှစ်က ယင်းမြို့ရှိ ပြည်‌ထောင် စုကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ သက်ဆိုင်ရာ အစိုးရဌာနသို့ တိုင်ကြားခဲ့ပြီး‌နောက် ပန်းသီးပုံး‌လောင်းကစားမှုမှာ တနှစ်‌ကျော်ကြာ ငြိမ်သက်သွား‌သော်လည်း ယခုတဖန် ပြန်လည်လုပ်‌ဆောင်လာခြင်းဖြစ်သည်။

ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် နီးစပ်သူတစ်ဦးက “အခု လုပ်တာ တပ်ရင်းမှူးမှာ တာဝန်ရှိတယ်။ နယ်ခြား‌စောင့် တပ်ဆို တာ သူ့လက်‌အောက်မှာပဲ ရှိတယ်ဆို‌တော့ သူမလုပ်ဘူးဆိုရင် ဒီပန်းသီးပုံ‌လောင်းကစားမှု‌တွေ ထပ်ဖြစ်လာစရာ အ‌ကြောင်းမရှိဘူး။ ဒီ‌လောင်းကစားမှုက ဝင်‌ငွေအတွက် အမြတ်အစွန်းများတဲ့အတွက် ထပ်လုပ် တာပဲ မြင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ပန်းသီးပုံး‌လောင်းကစားမှု ပြန်လည်လုပ်‌ဆောင်လာသည့်အ‌ပေါ် ဘုရားသုံးဆူမြို့ရှိ တာဝန်ရှိ ရဲများကိုယ် တိုင် ဝင်‌ရောက်မ‌ဖြေရှင်းရဲသလို ဘုရားသုံးဆူမြို့နယ်ခွဲ အဆင့် တာဝန်ရှိသူများအ‌နေဖြင့်လည်း ဝင်‌ရောက်‌ဖြေရှင်း ‌ပေးနိုင်မည် မဟုတ်‌ကြောင်းနှင့် သက်ဆိုင်ရာ ကရင်ပြည်နယ်အဆင့်‌လောက်မှသာ ‌ဖြေရှင်းနိုင်မည်ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။

ပန်းသီးပုံး‌လောင်းကစားမှု ပြန်လည်ချထားလာခြင်းနှင့် ပတ်သက်၍ ပ‌ပျောက်သွား‌အောင် ဘုရားသုံးဆူမြို့ရှိ USDP ပါတီမှ သက်ဆိုင်ရာ အစိုးရဌာနများသို့ ထပ်မံ တိုင်ကြားမှုများ ပြုလုပ်သွားရန်ရှိ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းက ပန်းသီးပုံး‌လောင်းကစားမှု ရပ်တန့်သွားသည့်ကာလတွင် ဘုရားသုံးဆူမြို့တွင် အနီ‌ထောင်၊ အံဂလုံနှင့် ကြက်ဝိုင်း စသည့် ‌လောင်းကစားဝိုင်းများကို ရပ်ကွက်(၂) ဥ‌ဒေါင်းကန်အနီးရှိ ‌နေရာနှင့် ရပ်ကွက်(၄) ‌တောင်ဝိုင်း‌နေရာတို့တွင် ဆက်လက် လုပ်‌ဆောင်လျှက်ရှိသည်။