Home သတင်း ပဒို‌ဒေးဗစ်‌ထော ဈာပနအခမ်းအနား လူ‌ပေါင်း ၁‌ထောင်နီးပါး တက်‌ရောက်

ပဒို‌ဒေးဗစ်‌ထော ဈာပနအခမ်းအနား လူ‌ပေါင်း ၁‌ထောင်နီးပါး တက်‌ရောက်

2561
‌အောက်တိုဘာလ ၁၇ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်‌မြေ ‌သေ‌ဘေထာ့‌ဒေသတွင် ယ‌နေ့ ကျင်းပပြုလုပ်ခဲ့သည့် ပဒို‌စော‌ဒေးဗစ်‌ထော ၆၅ နှစ်၏ ဈာပနအခမ်းအနားသို့ လူထုပရိဿတ် တစ်‌ထောင်နီးပါး တက်‌ရောက်ကာ ၎င်း၏ ‌နောက်ဆုံးခရီးကို လိုက်ပါပို့‌ဆောင်ခဲ့ကြသည်။

ဈာပနသို့ ပဒို‌စော‌ဒေးဗစ်‌ထော၏ မိသားစုဝင်များနှင့်အတူ KNU တပ်မဟာ ၃၊ ၆၊ ၇မှ တပ်မဟာမှူးများ၊ ပဒို‌စောအားတိုး၊ ပဒို‌စော‌ရောဂျာ ခင်၊ ပဒို‌စော‌သောသီဘွဲ၊ ပဒို‌စောကွယ်ထူးဝင်း၊ ပဒို‌စောထဲဒယ်၊ ပဒို‌စော‌လေး‌လော်‌ဆော၊ ပဒို‌စော‌ရွှေ‌မောင်း၊ ပဒိုမန်းငြိမ်း‌မောင် အပါအဝင် အရပ်ဖက်၊ စစ်ဖက် တာဝန်ရှိ‌ခေါင်း‌ဆောင်များ၊ အထူးဧည့်သည်အဖြစ် ထားဝယ်မင်းသမီးကုမ္ပဏီမှ မန်း‌နေးဂျင်းဒါရိုက်တာ ဦး‌ငွေစိုးနှင့် ငြိမ်းချမ်း‌ရေး အကျိုး‌တော်‌ဆောင်များ၊ ပရဟိတ ‌သွေးလှူရှင်များအဖွဲ့မှ သရုပ်‌ဆောင်‌ဝေဠု‌ကျော်တို့အပြင် ‌ဒေါက်တာစင်သီယာ‌မောင်၊ မဟာမိတ်အဖွဲ့အစည်းများ၊ ပါတီဝင်များ၊ နိုင်ငံခြား‌ရောက် မိတ်‌ဆွေများနှင့် နိုင်ငံခြားသားများ တက်‌ရောက်ခဲ့ကြသည်။

“ပါပါးဟာ ကျ‌နော်တို့ရဲ့ အိမ်‌ထောင်ဦးစီးပါ။ သူဟာ အမျိုးသား‌ရေးအတွက် ပင်ပင်ပမ်းပမ်း အလုပ်လုပ်ခဲ့တာကို ကျ‌နော်တို့ ငယ်ငယ်‌လေး ကတည်းက ‌တွေ့မြင်ခဲ့ရတယ်။ ကျ‌နော်တို့ကိုလည်း မှန်မှန်ကန်ကန် လုပ်‌ဆောင်ဖို့ အမြဲသွန်သင်ခဲ့တာမို့ ကျ‌နော်တို့မိသားစုအတွက် သူရဲ ‌ကောင်းတစ်‌ယောက်ပါပဲ။ Peace process နဲ့ ပတ်သက်လို့ ‌လေးပင်တဲ့အရာကို ခနထားပြီး ‌နောက်မှ ဆက်လုပ်သွားရမယ်လို့‌ပြောတယ်။ ကရင်‌တွေ ကွဲကွာတာလည်း သူ မမြင်ချင်ဘူး။ ဒီ‌တော့ အခွင့်အ‌ရေးရသမျှ အဆုံးထိလုပ်သွားမယ်လို့ ‌ပြောခဲ့ပါတယ်”ဟု ပဒို‌စော‌ဒေးဗစ် ‌ထော၏သားငယ် ‌စောအယ်‌ကော်‌ထောက ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနားကို နံနက် ၁၁နာရီခွဲမှ စတင်ပြီး ခရစ်ယာန်ဘာသာဖြင့် ဝတ်ပြုဆု‌တောင်းခြင်း၊ ဓမ္မ‌တေးသီချင်းများဖြင့် ‌ဖျော်‌ဖြေခြင်း၊ ပဒို‌စော ‌ဒေးဗစ်‌ထော၏ ကိုယ်‌ရေးအတ္ထုပ္ပတ္တိ ဖတ်ကြားခြင်း၊ KNU ဗဟိုဌာနချုပ် အပါအဝင်၊ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းအချို့နှင့် မဟာမိတ် အဖွဲ့အစည်းများမှ ‌ပေးပို့သည့် ဝမ်းနည်း‌ကြောင်း သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသလို ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက အမှာစကား‌ပြောဆို ခဲ့ရာ လုပ်‌ဖော်ကိုင်ဖက်တဦး ဆုံးရှုံးသွား‌သော်လည်း ငြိမ်းချမ်း‌ရေးလုပ်ငန်းကို လူထုလိုလားပါက ဆက်လုပ်သွားရမည်ဖြစ်‌ကြောင်း ‌ပြောဆို ခဲ့သည်။

ပဒို‌စော‌ဒေးဗစ်‌ထော၏ ဈာပနသို့ ကိုယ်တိုင် လိုက်လံပို့‌ဆောင်‌ပေးသူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌ဟောင်း ဦးဘို‌သောင်းက “သူက အရမ်းကို စိတ်သ‌ဘောထား‌ကောင်းတယ်။ အများအကျိုးအ တွက်လည်း စွန့်စွန့်စားစားနဲ့ လုပ်‌ဆောင်‌ပေးတယ်။ အခုလက်ရှိ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌နေတဲ့အချိန်မျိုးမှာ ပါဝင်လုပ်‌ဆောင်‌နေသူတစ်ဦး အ‌နေနဲ့ ငြိမ်းချမ်း‌ရေးပန်းတိုင်မ‌ရောက်ခင် ‌သေဆုံးသွားတဲ့အတွက် ‌ပြောမပြတတ်‌အောင် ဝမ်းနည်းရပါတယ်”ဟု ‌ပြောသည်။

KNU ဖားအံခရိုင်မှ အမြဲတမ်း‌ကော်မတီဝင် မန်းဘထွန်းကလည်း “အခုလိုဆုံးရှုံးသွားတာ အခုလုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွက် ထိခိုက်မှု‌တော့ရှိတာ‌ပေါ့‌နော်။ ဘာပဲဖြစ်ဖြစ် ကျန်ရှိ‌နေ‌သေးတဲ့ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့လည်း စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးရရှိဖို့အတွက် ဆက် လက် ကြိုးပမ်းသွားကြရဦးမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနား အစီအစဉ် ပထမပိုင်း ဝတ်ပြုဆု‌တောင်းခြင်းအပြီးတွင် ဒုတိယပိုင်းအဖြစ် သမ္မတရုံးဝန်ကြီးဦးစိုးသိန်း၊ ဦး‌အောင်မင်း၊ ပြည် ‌ထောင်စုဝန်ကြီးဦးခင်ရီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ကရင်ပြည်နယ် လုံခြုံ ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ ‌တောင်က‌လေးဆရာ‌တော် စသည့်ပြည်တွင်းမှ အထင်ကရ ပုဂ္ဂိုလ်များအပြင် အဖွဲ့ အစည်းအသီးသီးမှ လွမ်းသူ့ပန်း‌ခွေများကို ‌ပေးပို့လာခဲ့သည်။

၎င်း‌နောက် ပရိဿတ်များမှ လွမ်းသူ့ပန်း‌ခွေများ ကိုင်‌ဆောင်ပြီး ပဒို‌စော‌ဒေးဗစ်‌ထော၏ ရုပ်အ‌လောင်းကို အုတ်ဂူတည်ရှိရာ ပို့‌ဆောင်ခြင်း၊ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၏ အမိန့်စာကို တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးအဲ့ဆဲဆဲမှ ဖတ်ကြားခြင်းအပြင် စစ်ဘက်ဆိုင်ရာ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ကာ အခမ်းအနားကို ‌နေ့လည် ၂နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

ပဒို‌စော‌ဒေးဗစ်‌ထောသည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၄ရက်‌နေ့က ရန်ကုန်တိုင်း၊ မဂင်္လာဒုံ စစ်‌ဆေးရုံတွင် ည ၁ဝနာရီခွဲ‌ကျော်၌ အဆုတ်‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ရုပ်အ‌လောင်းကို ‌အောက်တိုဘာလ ၁၅ရက်မနက်တွင် နယ်စပ်ဘက်သို့ ပြန်လည် သယ် ‌ဆောင်လာခဲ့ရာ KPP ဥက္ကဌ ‌စောထွန်း‌အောင်မြင့်၊ ‌ဒေါက်တာစိုင်မွန်သာ ဇနီး‌မောင်နှံ၊ ဖားအံမြို့မှ PSDP မှ ပြည်သူ့လွှတ်‌တော် ကိုယ်စား လှယ် နန်း‌စေးအွာနှင့် ငြိမ်းချမ်း‌ရေးအကျိုး‌ဆောင် ‌စောဘိုးနီတို့ လာ‌ရောက်ပို့‌ဆောင်ခဲ့သည်။

မိဘများဖြစ်သည့် ‌နော်‌မေးဖိုးနှင့် ဦး‌ရွှေ‌တောတို့မှ ဧရာဝတီတိုင်း၊ ဟသင်္ာတမြို့နယ်၊ သစ်ဖြူ‌ချောင်းရွာတွင် ၁၉၄၈ခု၊ မတ်လ ၁ဝရက်‌နေ့က ‌မွေးဖွားခဲ့သူ ပဒို‌စော‌ဒေးဗစ်‌ထောသည် ၁၉၇၁ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် သမိုင်းဘာသာအဓိကဖြင့် ဝိဇ္ဇာဘွဲ့ (BA. History) ရရှိခဲ့သည်။

သူသည် ငယ်စဉ်ကတည်းကပင် အမျိုးသား‌ရေးစိတ်ဓါတ် ပြင်းထန်ခဲ့ပြီး ၁၉၇၉ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့တွင် ကရင့်‌တော်လှန်‌ရေးထဲသို့ KNU ဖားအံခရိုင်မှ စတင် ဝင်‌ရောက်ခဲ့သည်။ ၁၉၈၃ခုနှစ်တွင် ခရိုင်မှ ဗဟိုဘဏ္ဍာ‌ရေးဌာနသို့ တာဝန်‌ပေး လွဲ‌ပြောင်းခြင်းခံရပြီး ၁၉၈၆ခုနှစ် တွင် ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောဘိုမြ၏ရုံးသို့ ‌ပြောင်း‌ရွှေ့တာဝန်‌ပေးခြင်း ခံရပြီး‌နောက် နိုင်ငံခြား‌ရေးရာ‌ကော်မတီ၊ တရား‌ရေးဌာန တာဝန်ခံ စသည်တို့တွင် တာဝန်‌ပေးအပ်ခံရသည်။

၁၉၈၈တွင် DAB အဖွဲ့တွင်လည်း‌ကောင်း၊ NDF တွင်လည်း‌ကောင်း၊ NHEC တွင်လည်း‌ကောင်း၊ ၂၀၀၄ခုနှစ်တွင် ENC ၏ တိုင်းရင်းသား ‌ရေးရာ‌ကော်မတီတွင် အတွင်း‌ရေးမှူးအဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်ခဲ့သည်။

ထို့အပြင် ၂၀၀၄ခုနှစ်တွင် ဗိုလ်ချုပ်ကြီး‌စောဘိုမြတို့နှင့် မြန်မာအစိုးရတို့ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး သုံးကြိမ်စလုံးတွင်လည်း‌ကောင်း၊ ၂၀၀၅ခု နှစ်တွင်လည်း‌ကောင်း ပါဝင်ခဲ့သလို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ခုနှစ် အလွတ်သ‌ဘော ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲနှင့် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲ‌ရေး‌ဆွေး‌နွေးပွဲတွင် ဦး‌ဆောင်သူတစ်ဦးအဖြစ် လုပ်‌ဆောင်ခဲ့သည်။

၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ‌နော်ဂျင်းဂျာနှင့် သား ၂ဦး၊ သမီး ၂ဦး ကျန်ရစ်ခဲ့သည်။