Home သတင်း KNUအတွင်းပြန်လည်သင့်မြတ်‌ရေးနှင့် ညီညွှတ်မှုရှိရန် KYO ‌ဆွေး‌နွေး

KNUအတွင်းပြန်လည်သင့်မြတ်‌ရေးနှင့် ညီညွှတ်မှုရှိရန် KYO ‌ဆွေး‌နွေး

1606
‌အောက်တိုဘာလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း ပြန်လည်သင့်မြတ်‌စေ‌ရေးနှင့် စည်းလုံးညီညွတ်မှုဖြစ်လာရန် ထိုင်း- မြန်မာနယ်စပ်တစ်‌နေရာ တွင် ယမန်‌နေ့က ကရင်လူငယ်အစည်းအရုံး-KYO မှ ကမကထပြုလုပ်ကာ အစည်းအ‌ဝေး ကျင်းပခဲ့သည်။

၎င်းအစည်းအ‌ဝေးတွင် လက်ရှိ ‌ကေအဲန်ယူ အတွင်း ဖြစ်‌ပေါ်‌နေသည့် ပဋ္ဋိပက္ခရာများကို မည်သည့်နည်းလမ်းဖြင့် ဝိုင်းဝန်း‌ဖြေရှင်းကြမည် ကို ကရင်လူငယ်အဖွဲ့အစည်းအသီးသီးများက တက်‌ရောက်‌ဆွေး‌နွေးခြင်းဖြစ်ဟု ကရင်လူငယ်အစည်းအရုံး ဒုဥက္ကဌ ‌စောအဲ့ကလူ‌စေးက ယခုလို ‌ပြောသည်။

“အခု ‌ကေအဲန်ယူအတွင်း ဖြစ်‌ပေါ်ခဲ့တဲ့ ပြဿနာ‌တွေဟာ လူငယ်များအ‌နေနဲ့ ဘယ်အခန်းဏ္ဍမှာ ပါဝင်‌တော့ ဘယ်လိုဝိုင်းဝန်း‌ဖြေရှင်းကြ မယ်ဆိုတာကို ‌ဆွေး‌နွေးတိုင်ပင်ကြတာဖြစ်တယ်။ အဓိက‌တော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စည်းလုံး‌စေချင်တယ်”ဟု ‌စောအဲ့ကလူ‌စေးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

အစည်းအ‌ဝေးတွင် KYO မှ လူငယ်များ၊ ဗုဒ္ဓဘာသာကိုယ်စားပြုသည့်လူငယ်များ၊ ခရစ်ယာန်ကိုယ်စားပြုသည့် လူငယ်များ၊ ကရင်ဒုက္ခ သည်စခန်းရှိ လူငယ်များနှင့် အခြားလူငယ်များ စုစု‌ပေါင်း ၃၇ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့သည်။

‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင်အတွင်း ဖြစ်‌ပေါ်ခဲ့သည့် ပဋ္ဋိပက္ခများကိုအ‌ပေါ် အစည်းအ‌ဝေးတွင် တက်‌ရောက်ခဲ့သည့် လူငယ်အဖွဲ့အသီး သီးမှ ၎င်းတို့၏ အမြင်သ‌ဘောထားများနှင့် ‌ရှေ့‌ဆောင်အတူတကွ စည်းလုံးညီညွှတ်ရန် မည်သို့လုပ်‌ဆောင်သွားရမည်ကို တစ်ဖွဲ့ချင်းဆီမှ ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“လက်ရှိဖြစ်‌ပေါ်‌နေတဲ့ ပြဿနာ‌တွေကို ကျ‌နော်တို့ လူငယ်ထုအ‌နေနဲ့ စိုးရိမ်တာ‌ပေါ့‌နော်။ ကို်ယ့်မိခင် အဖွဲ့ အစည်းကို ကွဲထွက်တာ‌တွေ မမြင်‌စေချင်ဘူး။ ‌နောက် ဘာ‌ကြောင့် အဲလိုမျိုးဖြစ်ရသလဲဆိုတာကို ‌ဆွေး‌နွေးခဲ့တယ်။ ‌နောင် မဖြစ်‌အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို တိုင်ပင်‌ဆွေး‌နွေးကြတာဖြစ်တယ်”ဟု အစည်းအ‌ဝေးတက်‌ရောက်သူ လူငယ်တစ်ဦးက ‌ပြောသည်။

အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးသွား‌သော အချက်များအား သ‌ဘောထားအဆင့်သာ ချမှတ်ခဲ့ပြီး အတည်ပြုချက်ရရှိ‌ရေးအတွက် ဆက်လက် ‌ဆွေး‌နွေးလုပ်‌ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ကရင်လူငယ်များ၏ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေးဆိုင်ရာ စသည့်စွမ်းရည်များ မြှင့်တင်ရန် ရည်ရွယ်၍ ၁၉၈၉ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့တွင် ကရင်လူငယ်အစည်းအရုံး(KYO)ကို စတင် တည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။