Home သတင်း ကျားဖြန့် နှိမ်နင်းရေး နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု မွန်ပြည်သစ်-AD ပြော

ကျားဖြန့် နှိမ်နင်းရေး နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု မွန်ပြည်သစ်-AD ပြော

603
Photo: မွန်ပြည်သစ် (AD)

နိုဝင်ဘာ ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျားဖြန့် နှိမ်နင်းရေးကို မွန်ပြည်နယ်ရှိ မဟာမိတ်များ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဟု မွန်ပြည်သစ်ပါတီ – AD က နိုဝင်ဘာ ၂၇ နေ့ညပိုင်းတွင် ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒေသတွင်းဆိုက်ဘာရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု ဗဟိုချက် မဖြစ် ပေါ်စေရေး အတွက် ယခုလို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ဆိုက်ဘာရာဇဝတ် ကွန်ရက်များ ပြန့်ပွားရေးတွင် စစ်အုပ်စုက အဓိက တာဝန်ရှိ၍ စစ်တပ်လက်အောက်ခံ အဖွဲ့ အစည်းများကို တရားစီရင်နိုင်ရေးအတွက် ကြိုးပမ်းရာတွင်လည်း ပူးပေါင်းပါဝင်မည်ဟု ၎င်းတို့ ကြေညာချက်၌ ပြောဆိုထားသည်။

မွန်ပြည်သစ်ပါတီ AD အနေဖြင့် အမေရိကန် Scam Center Strike Force၊ ထိုင်း၊ တရုတ်၊ အာဆီယံနှင့် နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှု လုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ကတိပြုထားသည့် နိုင်ငံများနှင့် အပြည့် အ၀ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ပြောဆိုထားသည်။

နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှု လုပ်ငန်းတွေ ကင်းစင်သည့် မွန်ပြည်နယ်၊ မွန်ဒေသကို တည်ဆောက်ရေးနှင့် ငွေလိမ်လည်မှုလုပ်ငန်းများ ကင်းစင်သည့် နိုင်ငံဖြစ်ရေး ခြေလှမ်း ဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူကုန်ကူးမှု၊ အွန်လိုင်း ငွေလိမ်လည်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အဆမတန် တိုးပွားနေသည်ဟု သိရသည်။

အဆိုပါ ရာဇဝတ်မှုများသည် မတော်တဆ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ မြန်မာစစ်အာဏာရှင်နှင့် စစ်တပ် လက်အောက်ခံ ဆက်စပ်အဖွဲ့အစည်းများက အကျိုးအမြတ်များ ရယူနေကြောင်း၊ ထို့ကြောင့်ကျားဖြန့် နှိမ်နင်းရေးအတွက် အမေရိကန် Scam Center Strike Force ဖွဲ့စည်းမှုကို ကြိုဆိုကြောင်း မွန်ပြည်သစ်ပါတီ AD မှပြောဆိုသည်။