Home သတင်း ချည်ဖြူဖွဲ့ရိုးရာသည် အမျိုးသားရေးစုစည်းမှုကို ဖော်ညွှန်းကာ စည်းလုံးညီညွှတ် အပြန်အလှန် ကူညီရိုင်းပင်း ကြရန် ကေအဲန်ယူ တိုက်တွန်း

ချည်ဖြူဖွဲ့ရိုးရာသည် အမျိုးသားရေးစုစည်းမှုကို ဖော်ညွှန်းကာ စည်းလုံးညီညွှတ် အပြန်အလှန် ကူညီရိုင်းပင်း ကြရန် ကေအဲန်ယူ တိုက်တွန်း

705

ဩဂုတ် ၉၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်သက္ကရာဇ်၂၇၆၄ ခုနှစ် ဝါခေါင်လပြည့်နေ့၊ ခရစ်နှစ်၂၀၁၅ခုနှစ် ဩဂုတ် ၉ ရက်နေ့တွင်ကျရောက်သည့် ဝါခေါင်လ ချည်ဖြူမင်္ဂလာပွဲတော်နေ့သည် အမျိုးသားရေးစုစည်းမှုကို ဖော်ညွှန်းသည့် နည်းတူ ဒေသအသီးသီးသို့ ရောက်ရှိနေသည့် ကရင်တို့ စည်းလုံးညီညွှတ်စွာဖြင့် အပြန်အလှန် ကူညီယိုင်းပင်းကြရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး က ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲသို့ ပေးပို့သည့် သဝဏ်လွှာအတွင်း တိုက်တွန်း ပြောဆိုလိုက်သည်။

ကရင်တစ်မျိုးသားလုံးဆိုင်ရာ ချည်ဖြူဖွဲ့ရိုးရာဓလေ့သည် ရိုးရာ၊ ဓလေ့ထုံးတမ်းများအပြင် အမျိုးသားရေးစိတ်ဓတ် အပြည့်အဝရှိသည့် အမျိုးသားရေးဆိုင်ရာအမြင်များနှင့် အမျိုးသားရေးဆိုင်ရာပြန်လည်စုစည်းရေး အခင်းအကျင်း များလည်း ရှိနေကြောင်းကို ဖော်ညွှန်းပြသထားသည့်အအပြင် အမျိုးသားရေး သတိ၊ အမျိုးသားရေးအသိ အမြင် နှင့် အမျိုးသားရေးဆိုင်ရာကြိုးပမ်းမှုများ အဆက်မပြတ်ရှိနေသည်ဟု ကေအဲန်ယူက တိုက်တွန်း ပြောဆိုသည်။

ထို့အပြင် ကရင်လူမျိုးတစ်ရပ်အနေဖြင့် သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း ကာကွယ် ပြီး တန်းတူညီမျှအခွင့်အရေးများ အပြည့်အဝရရှိအောင် ကြိုးစားတိုက်ပွဲဝင်နေရသည့် အခင်းအကျင်းများလည်း ရှိနေသည်။ ယခုချိန် အခက်အခဲများနှင့် ကြုံတွေ့နေရစဉ် ကရင်တို့ စည်းလုံးကာ တစ်ဦးကို တစ်ဦး အပြန်အလှန် ထောက်ကူသွားကြရန်လည်း သဝဏ်လွှာအတွင်း တိုက်တွန်းထားသည်။

ထို့အပြင် ကရင်လူမျိုးမျာ ၏ အိမ်မက်ဖြစ်သည့်ကော်သူးလေတည်ဆောက်ခြင်းမှ တစ်ဆင့် မိမိတို့ကရင်အမျိုးသား များ၏ နိုင်ငံရေးရည်မှန်းချက်များ ပြီးမြှောက်အောင်မြင်သည်အထိ မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီး ရယူ သွားမည်ဖြစ်သည်ဟု ကေအဲန်ယူက ပြောဆိုသည်။

ယနေ့ကျရောက်သည့် ကရင့်အမျိုးသားလုံးဆိုင်ရာ ဝါခေါင်လချည်ဖြူ မဂ်လာအခမ်းအနားနေရာများသို့ မတက် ရောက်နိုင်သည့် ကရင့်အမျိုးသားများအနေဖြင့်လည်း စိတ်အားငယ်ချင်းမရှိဘဲ အပြန်အလှန်အသိအမှတ်ပြုပြီး ကရင်အမျိုးသား စိတ်ဓာတ်ကိုကာကွယ်မြှင့်တင်နိုင်ကြောင်း သဝဏ်လွှာအတွင်း ထုတ်ဖော်ပြောဆိုထားသည်။

ယခု ဝါခေါင်လအတွင်း ကရင်ရိုးရာ ဓလေ့ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို ပြည်တွင်းဒေသအသီးသီးရှိ ကရင်များ၊ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် ကရင်လူမျိုးများ လက်ချည်ပွဲများကို အသီးသီးကျင်းပ လျက်ရှိသည်။

သို့သော် စစ်ပဋိပက္ခ ဖြစ်ပေါ်နေသည့် ဒေသများတွင်မှု ပွဲအခမ်းအနားဖြင့် ကျင်းပနိုင် ခြင်းမရှိသော်လည်း တစ်ချို့ မိသားစုအလိုက် ဘိုးဘွားမိဘများက လက်ချည်ပေးခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။