Home သတင်း ၁၈ နှစ်‌အောက် ‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ်အသင်း ဗိုလ်စွဲ

၁၈ နှစ်‌အောက် ‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ်အသင်း ဗိုလ်စွဲ

251
Photo: Crd.

ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

၂၀၂၆ ခုနှစ်၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်‌အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယ‌မန်နေ့( ဇွန်လ ၂) ည‌နေတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ် အသင်းကို ၁ ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

‌ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ၎င်းဗိုလ်လုပွဲကို ကရင်ပြည်နယ် အသင်းက ပထမပိုင်းတွင် ၁ ဂိုးဖြင့် ရှမ်းပြည်နယ် အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း လည်းဖြစ်သည်။

ပွဲစဉ်တစ်‌လျှောက် အ‌ကောင်းဆုံး ဂိုးသမားဆုကို ကရင်ပြည်နယ်အသင်းမှ စောကောင်းခန့်နှင့် အကောင်းဆုံး အလယ်တန်းဆုကို စောအောင်မျိုးဦး ကျောနံပတ် ၁၀တို့က ရရှိခဲ့သည်။ အသက် (၁၈)နှစ်‌အောက် ကရင်ပြည်နယ်‌ဘောလုံးအသင်းအ‌နေဖြင့် နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုဖလား ကိုင်‌မြှောက် နိုင်ခဲ့ခြင်းလည်း ဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် မွန်ပြည်နယ်အသင်းကို ၆ ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိ ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိ ‌ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။