Home ရင်ဖွင့်သံများ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတွင် ၅ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် စစ်ရှောင်အမျိုးသမီးများ၏ ရင်ဖွင့်သံ

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတွင် ၅ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် စစ်ရှောင်အမျိုးသမီးများ၏ ရင်ဖွင့်သံ

424

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတွင် ၅ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် စစ်ရှောင်အမျိုးသမီးများ၏ ရင်ဖွင့်သံ

၂၀၂၁ ဒီဇင်ဘာလကတည်းက စတင်ခဲ့သည့် မြဝတီတောင်ပိုင်းမှ တိုက်ပွဲသည် ယနေ့ အချိန်အထိ အရှုံးအနှိုင် ရလဒ် အသေချာမထွက်ပေါ်ဘဲ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်သည်။

နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများအကြား မြေစာပင် ဖြစ်နေရသည့် အဆိုပါ နေရာမှ ထောင်နဲ့ချီသော ဒေသခံများလည်း ယနေ့တိုင် နေရပ်မပြန်နိုင်ကြသေးဘဲ သောင်ရင်းမြစ်ကမ်းနဖူးမှာ ဖြစ်သလိုနေထိုင်းရင်း နေရပ်ပြန်နိုင်မည့် ရက်ကိုစောင့်မျှော်နေကြရပါသည်။

သို့သော် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွါးနေသော တိုက်ပွဲများကြောင့် ထိုနေရာရှိ စစ်ဘေးရှောင် အမျိုးသမီးများနှင့် အခြေအနေကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါသည်။

နော်အေးသန်း

ဒီ(၅)နှစ်အတွင်းမှာရွာထဲကို (၆)လကျော်ဘဲ ပြန်နေရတယ်။အခု ပြန်ရမယ်ဆိုရင်တောင် ပြန်နေလို့ တတ်ပါ့တော့ မလား။ အိုးအိမ်တွေ မရှိတော့ဘဲ။ အိုးအိမ်တွေကို ဗမာစစ်တပ် မီးရှို့ ကုန်ပြီ။ သူများပြောတာကြားတယ်လေ။ ကျမတို့ကတော့ တခါမှ ပြန်မရောက်သေးဘူး။ မပြန်အားဘူးလေ။ ဗမာစစ်တပ်တွေ ရှိတယ်ဆိုတော့။ သူများ ပြောတာ ဗမာတွေ နှစ်ခါ ရှို့တာအကုန်ပြောင်ပဲလို့ ပြောတာပဲ။ ကျမတို့ ပြေးလာတုန်းက ဘာတစ်ခုမှ ပါမလာခဲ့ ဘူး။ ပြောင်းခင်းလုပ်တာလည်း ပြောင်းကမျိုး(၁၆)ပုံးအတွက် တလုံးမှ မချိုးခဲ့ရဘူး။ တခါတလေ ကျမစဉ်းစား တယ် ဒီဘဝမှာလူဖြစ်လာရတာကို တော်တော်လေး ဝနေပါပြီ။ အိမ်လည်းမရှိတော့ဘူး။ အကြွေးလည်း သူဌေး ဆီမှာ တင်သေးတယ်။ ပိုက်ဆံလည်းမရှိတော့ဘူး။ ဘယ်လိုလုပ်မလဲ။အသက်ကလည်း ကြီးနေပြီး။ သူများတွေ လိုအငှားလိုက်လုပ်ဖို့ဆိုတာကလည်း မလုပ်နိုင်တော့ဘူးလေ။ ကိုယ့်ရဲ့ရောဂါတွေနဲ့ပဲ။ ဆီးချိုဖြစ်လိုက်၊ သွေးတိုး ဖြစ်လိုက်နဲ့။ အလုပ် မလုပ်နိုင်ဘူးလေ။ ကြာကြာတခါ သူများလာပေးကြွေးတဲ့အခါအဲ့လိုဘဲ စားကြတယ်။

နော်တာအယ်

ကျမတို့ က ကရင်ပြည်နယ်ကို လွတ်လပ်တဲ့ကရင်ပြည်နယ်အဖြစ်ပဲ မြင်ချင်တာပေါ့နော်။ ကိုယ့်ရွာ၊ ကိုယ့်ဒေသ တော့ ကိုယ်ပြန်ချင်တာပေါ့။ အခုလက်ရှိဖြစ်ပျက်နေတဲ့အပေါ်ကိုတော့ နားလည်ကြမယ်လို့ ထင်ပါတယ်။ အဲဒီအခြေအနေတွေကြောင့် ပြန်နေလို့ မတတ်သေးဘူး။ ဒါပေမယ့်လည်း ကျမတို့ဒေသ၊ ကျမတို့ရွာနဲ့ လုပ်ကိုင် စားသောက်ရာနဲ့ ကိုယ့်ရဲ့အိမ်ခြံမြေတွေမှာ ပြန်နေရဖို့ မျှော်လင့်နေပါတယ်။ နောက်ပြီး ကျမတစ်ခုပဲ ပြောချင်တာက သွားရေးလာရေးမှာအ ခက်အခဲ ရှိတာက တော်တော်လေး အဆင်မပြေပါဘူး။ ကျမတို့ရဲ့ မှတ်ပုံ တင်မရှိဘူး။ မှတ်ပုံတင်ကတော့ တော်တော်အရေးကြီးတယ်။ ကျမမြန်မာနိုင်ငံမှာ ရိုက်ထားတာ ပြန်လဲ လှယ်ဖို့ အချိန်ရောက်လို့ ဆယ်နှစ်ကျော်လွန်နေပြီ။ အသစ် မပြန်လဲရသေးဘူး။ကုန်ကုန်ပြောရရင်တော့ မလိုချင် တော့ဘူး။ ကျမတို့လူမျိုး မှတ်ပုံတင်ဘဲ လိုချင်ပါတယ်။ ကိုယ့်လူမျိုး ကိုယ်ပိုင်မှတ်ပုံတင်နဲ့သာ နေရမယ်ဆိုရင် တခြားမှတ်ပုံတင်ကိုင်တာထက် ပိုပြီး ကျေနပ်ရပါလိမ့်မယ်။

နောင်မူးသောင့်

ကျမတို့အပျိုတုန်းက ကျမတို့အမေက ကျမတို့ကို ဆုံးမခဲ့တယ်။ သမီးရေ အခြေအနေတွေ ဆူတော့မယ်။ ပြေးရလွှားရပြောင်းရလိမ့်မယ်။ အမိုးရေး ဘယ်လိုလုပ်ဆူမှာလဲ။ ဒီလိုဘဲနေတယ်။ ဗမာစစ်တပ်တွေ တက်လာ တော့မယ်။ ဗမာစစ်တပ်တွေတက်လာရင်လည်း တောတောင်တွေအပေါ်မှာပဲ အ‌မိုးတို့နဲ့အတူ လိုက်ရှောင် နေလိုက်တယ်။ ဗမာစစ်တပ်တက်လာလို့ တစ်ရက်တစ်လေ ကြာပြီးပြန်သွားတဲ့အခါ ကျမတို့လည်း ရွာထဲ ပြန်နေကြတာပဲ။ အဲဒီလိုပဲ နေလာကြတယ်။ ဟိုးငယ်ငယ်ကတည်းကစပြီး ကြောက်ခဲ့ရတယ်။ ပြန်လည်းပြန်ချင်တယ်။ စားစရာတွေလည်း လိုပါတယ်။ ငွေတွေလည်း ရှာကြံလို့ မရဘူးလေ။ အားလုံးလိုချင်တာပေါ့။ ဘာမှကြံလို့မရတော့ ဒီလိုပဲ နေရတာပေါ့။ နေပူတော့ လမ်းလည်း မလျှောက်နိုင်ဘူး။ ဒီလိုပဲ တဲထဲမှာပဲနေရတယ်။ အလိုအပ်ဆုံးက ပိုက်ဆံပဲ။ ပိုက်ဆံနဲ့ဝယ်လို့ ရတာကိုး။ ကျမထင်တယ်။ ဒီမှာက နေလို့ရသေးတယ်။