အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စူပါအယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရှေ့ဆက် အပူချိန်ပိုမိုမြင့်တက်လာနိုင်သဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုနှင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအတွက် စိုးရိမ်နေရကြောင်း စစ်ရှောင်တာဝန်ရှိသူများထံမှ သိရသည်။
လက်ရှိနေ့အပူချိန်အရ စစ်ဘေးရှောင်များသည် တာလပတ်မိုးထားသည့် ယာယီတဲအိမ်များ၌ နေထိုင်ကြရသဖြင့် အပူဒဏ်ကို...