Home ရင်ဖွင့်သံများ ကရင်လက်နက်ကိုင်ခေါင်းဆောင် တချို့ရဲ့ အာဇာနည်နေ့ ဂုဏ်ပြုစကား

ကရင်လက်နက်ကိုင်ခေါင်းဆောင် တချို့ရဲ့ အာဇာနည်နေ့ ဂုဏ်ပြုစကား

435

ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့နဲ့ ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တချို့ ရဲ့ ဂုဏ်ပြု ရင်တွင်းစကားတွေကို စုစည်းတင်ဆက်လိုက် ပါတယ်။

ပဒိုတောနီး (ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ )
အာဇာနည်စိတ်ဓာတ်ဆိုတာက တကယ်အရေးကြီးပါတယ်။ အာဇာနည်ဆိုတာက သူ့ရဲ့ မိတ်ဆွေအတွက် အသက် ကို စွန့်ရဲတယ်ဆိုတာ ထိုလူကသူ့ကိုယ်သူ ပြန်ချစ်တဲ့သူ မဟုတ်တော့ဘူး။ ဒါကြောင့်အခု ကျနော်တို့ ရှင်သန်နေတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးလုပ်ငန်း၊ ကော်သူးလေကို တည်ထောင်တဲ့အချိန်မှာ မိမိကိုယ်ကို ပြန်ချစ်ဖို့ မိမိအတွက် ပြန်စဉ်းစားစရာမလိုတော့ဘူး။

ကျနော်တို့ရဲ့လူမျိုး၊ ကျနော်တို့ဘေးပတ်ဝန်းကျင်က လူတွေ၊ ကိုယ်ချစ်ရတဲ့ သူတွေ၊ ကိုယ်နဲ့ နီးစပ်တဲ့ သူတွေ၊ ကိုယ့် တိုင်းပြည်နိုင်ငံထဲမှာ ရှိတဲ့သူတွေအတွက်ပါ ချစ်(ကြည့်) တတ်လာရမယ်။ အဲဒါက အာဇာနည် စိတ်ဓာတ် ဖြစ်တဲ့ မိမိကိုယ်ကို ပြန်ချစ်ဖို့ မဟုတ်တော့ဘူး။ လူတစ်ဦး တစ်ယောက်က မိမိကိုယ်ကို အတွက်ဘဲပြန်ကြည့် (ချစ်) မယ်ဆိုရင် အထူးသဖြင့် ကျနော်တို့ တည်ဆောက်မယ့်ကော်သူးလေအတွက် အမှန်တရား၊ စိတ်ကျေနပ် ပျော်ရွှင်စရာ ၊ အာမခံချက်ပေးမယ့် ငြိမ်းချမ်းရေးကို ရရှိမှာမဟုတ်ဘူး။

ပြီးတော့ ကျနော်တို့ မိမိကိုယ်ကိုမိမိ အပြည့်အဝ ပြန်ချစ်မယ်ဆိုရင်တော့ ကျနော်တို့ တည်ဆောက်တဲ့ ကော်သူးလေလည်း ကြာကြာခံမှာမဟုတ်ဘူး။ မကြာခင် ပြန်ပြီး ပျက်စီးသွားမှာဘဲ။ ဒါကြောင့်မို့ ကျနော်တို့က အာဇာနည် (မာထူးရာ) စိတ်ဓာတ်ကို အခိုင်အမာခံယူပြီး ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်က လူတွေရဲ့အကျိုးကို ကြည့်တတ်ရမယ်။ မိမိကိုယ်ကျိုးအတွက် အလုပ်လုပ်တာ မဟုတ်ဘူးဆိုတာက အရေးအကြီးဆုံး (မာထူးရာ) အာဇာနည် စိတ်ဓာတ် ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး စောရွှေ၀ (DKBA- ဒုစစ်ဦးစီးချုပ်)
အာဇာနည်နေ့ကို မေ့လို့မရဘူး။ ဘာကြောင့် မေ့လို့မရတာလဲဆိုတော့ ကျနော်တို့ရဲ့ ရဲဘော်တွေဖြစ်စေ၊ ခေါင်းဆောင် တွေဖြစ်စေ၊ သွေးတွေပေးဆပ်ခဲ့တာတွေ ရှိတယ်။ တိုက်ပွဲထဲမှာ ပေးဆပ်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့အမြဲတမ်း အမှတ်ရနေစေရမယ်။ ကျနော်တို့ နိုင်ငံမရရှိသေးပေမယ့် ကျနော်တို့အမြဲသတိရပြီး နှစ်စဉ် နှစ်တိုင်း ကျင်းပရမယ်။

ကျနော်တို့ကလည်း ရည်ရွယ်ထားပြီးသားဘဲ။ အားလုံး ရှိတယ်လို့ ထင်တယ်။ကျနော်သိရသလောက်တော့ ကွဲကွာ ခွဲခွာနေကြရပေမယ့် ကရင်တွေစိတ်ထဲမှာ ပူးပေါင်းဆောင်ရွက်မှုက အများအားဖြင့် ရှိကြမှာပါဘဲ။ ကရင်တွေက ဘယ်နေရာမှာဘဲနေနေ တစ်နေ့ကျရင် အကုန်စုစည်းကြတာဘဲ။ ကုန်ပြီးလို့ ပြောပေမယ့် မကုန်သေးဘူး။ ရေရှည် ကြည့်မယ်ဆိုရင် မိနစ်ကိုရောက်ရှိပြီး။ စက္ကန့်က မရောက်သေးဘူး။ ဘယ်လို့ဘဲ ပြောကြ ဆိုကြသည် ဖြစ်စေ တစ်နေ့ ကျရင် အတူတူ ပြန်ဖြစ်ကြမယ်။ သံပုရာသီးတစ်လုံးချဉ်တာကို ကြည့်မယ်ဆိုရင် အဲဒါကို ခွဲလိုက်တာ ဘဲဖြစ်ဖြစ် သူ့ရဲ့ ချဉ်ခြင်းကအတိုင်းတိုင်းဘဲ။ ကျနော်အဲဒီအဓိပ္ပါယ်ကိုဘဲ ပြောချင်ပါတယ်။ အားငယ်စရာ မရှိဘူး။ တစ်နေ့မှာ ကျနော်တို့ ကရင်တွေ အောင်နိုင်မယ်ဆိုတာကို ပြောချင်ပါတယ်။

ဗိုလ်မှူးချုပ် စောတင်၀င်း ( တပ်နယ်မှူး ကရင်နယ်ခြားစောင့်တပ် )
ကရင့် အာဇာနည်နေ့ကတော့ ကျနော်တို့ တန်ဖိုးထားရမယ်။ (အာဇာနည်) အားလုံးက ကျနော်တို့လူမျိုးအတွက် ပေးဆပ်ခဲ့ကြတယ်။ သူတို့ (အာဇာနည်)တွေက ကျနော်တို့ လူမျိုးအတွက် ပေးဆပ်ခဲ့ကြလို့ ကျနော်တို့ တန်ဖိုး ထားလေးစား ရမယ်။ မေ့လို့ မရဘူး။ နောင်မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် မြေး၊ မြစ်တွေထိတိုင်အောင် ကရင့် အာဇာနည်နေ့ကို မေ့လို့မရဘူး။ ကျနော်တို့ နှစ်စဉ်နှစ်တိုင်း ကျင်းပရမယ်။
ကရင်အာဇာနည်တွေ ပေးဆပ်ခဲ့ တာတွေက တော်တော် များပါတယ်။ ပေးဆပ်ခဲ့ကြတဲ့ တန်ဖိုးတွေကို ကျနော်တို့ ပြန်ဆပ်လို့မရဘူး။ သူတို့ (ကရင့် အာဇာနည်)တွေ ဒီလောက်ပေးဆပ်ခဲ့ကြပြီဆိုတော့ ကျန်ခဲ့တဲ့ ကျနော်တို့တွေ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ကွဲနေတာကိုတော့ စိတ်မကောင်းဘူး။