Home သတင်း မြဝတီတွင် သောင်းရင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်ထိ မြင့်တက် ရပ်ကွက်တချို့ ရေကြီး

မြဝတီတွင် သောင်းရင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၁ ပေကျော်ထိ မြင့်တက် ရပ်ကွက်တချို့ ရေကြီး

542
Photo -CJ & မီးသတ်တပ်ဖွဲ့

ဇူလိုင် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်ရေသည် ယနေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်ထက် ၁၁ ကျော်ထိ မြင့်တက် လာပြီး မြဝတီမြို့ပေါ် ရပ်ကွက်တချို့ ရေကြီးနေသည်ဟု မြို့ခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ များ က ပြောသည်။

ဝီဖာမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြဝတီတွင် သောင်ရင်းမြစ်ရေ စိုးရိမ် ရေအမှတ် ၉၆၃ စင်တီမီ တာ အထက် ၁,၃၀၃ စင်တီမီတာ (၁၁ .၁၅ ပေ) ရေတိုး လာသည့်အတွက် ရေကြီးနေ ပြီး အမှတ် (၁)၊ (၂)၊ (၅) ရပ်ကွက်များတွင် ရေနစ်မြှုပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ သိရသည်။

“ ဒီမနက် ရေက ၁၁ပေ ကျော် ၊ ၁၂ ပေ နီးနီးတက်နေတယ်။ ရေဆင်းလာနေတုန်းဘဲ။ ဂေါ်လီ ချောင်း၊ မဲပလဲ ချောင်း တွေက မြဝတီကိုဆင်းလာတဲ့သောင်ရင်းမြစ်ရေတိုး နေတုန်းဘဲ။ မိုးဆက်မရွာ ရင်တော့ မနက်ဖြန် လောက် ဆိုပြန်ကျမယ်၊ မိုးဆက်ရွာရင်တော့ ဆက်မြှုပ်နေအုန်းမယ့် သဘောရှိနေတယ်” ဟု မြဝတီ ရေဘေး ကူညီကယ်ရေး လုပ်ဆောင်နေသူ မြို့ခံတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် ရက်ကွက် နေဒေသခံများ ကုန်းမြင့်ပိုင်း နေရာရှိ ကြခတ် တောကျောင်း၊ တောရကျာင်း၊ ကိုး နဝင်း ဘုန်းကြီးကျောင်းတို့တွင် လူဦးရေ ၁,၀၀၀ ဦးခန့် ယာယီရေဘေးရှောင် နေထိုင်နေကြသည်။ ယနေ့ နံနက် ပိုင်းထိ ရေဘေးရှောင်များကို ကူညီပြောင်းရွှေ့ပေးနေရသည်ဟု လူမှုကူညီရေး အသင်းများထံမှ သိရသည်။

Photo -CJ & မီးသတ်တပ်ဖွဲ့

“ကျနော်တို့ အမှတ် ၂ နဲ့ မိုးကုတ် တို့က အောက်ထပ် တွေအကုန် မြှုပ်တယ်။ ရေဘေးရှောင် ဖို့တော့ခက်နေတယ်။ ထမင်းထုတ် ဝေဖို့ တော့ ချက်ပြုတ်နေတယ်။ ပြီးရင်တော့ လှေနဲ့ လှည့်ပြီးလိုက် ဝေတော့ စီစဉ် ထားတယ်၊ အခု လည်း ဖုန်းဝင်တာနဲ့ လှေနဲ့ လိုက် ခေါ်ထုတ် ပေးနေတယ်။ ရေက ဝေါလေအပေါ် ကနေ ဆက်ဆင်းနေတုန်းဘဲ” ဟု ရေဘေးကူညီ ကယ်ဆယ် ရေး လုပ်ကူ နေသူ ကြံခင်းရပ်ကွက်သား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လတ်ရှိ သောင်ရင်းမြစ်ရေ ဆက်ပြီးတိုးဆင်းလာနေသည့် အခြေအနေဆက်ရှိ နေပြီး မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနေပါက နောက်ထပ် နှစ်ရက်ခန့်အထိ ရေကြီး ရေလွှမ်းမှုဆက်ပြီး ဖြစ်ပေါ် နေမည်ဟု မိုးလေဝသ ဌာနက ထုတ်ပြန် သတိပေးထားသည်။

Photo -CJ & မီးသတ်တပ်ဖွဲ့

အလားတူ အနီးရှိ မဲဆောက်မြို့တွင်လည်း သောင်ရင်းမြစ်ဘေးရှိ ထိုင်းကျေးရွာ၊ ရပ်ကွက်များ ရေကြီးနေပြီ အာဏာပိုင်အဖွဲ့ အစည်းများ၊ လူမှုကူညီရေးအဖွဲ့ များက ယာယီရေဘေးရှောင်နိုင်ရန်နှင့် လမ်းတံတားများ၊ ယာဉ် မတော်တဆမှုများ၊ မြေပြိုလမ်းပျက်မှုများကို လိုက်လံကူညီလုပ် ဆောင်ပေးနေကြောင်း သိရသည်။