ဩဂုတ် ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေး ဝါးသုံးစွဲမှုနှင့် KTV၊ ဂိမ်းရုံများတွင် အပျော်အပါးလိုက်စားမှုများ ပိုမိုများပြားလာသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဘုရားသုံးဆူဒေသတွင် တရားဥပဒေစိုးမိုးရေး အားနည်းလာသည့်အပြင် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ ပိုမိုဝင်ရောက်လာခဲ့ပြီး...