Home သတင်း အာဏာဆုပ်ကိုင် အဓမ္မအုပ်ချုပ်ရေးနည်းသည် နိုင်ငံ့ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မည်မဟုတ်ဟု ကေအဲန်ယူ ဥက္ကဌ ပြော

အာဏာဆုပ်ကိုင် အဓမ္မအုပ်ချုပ်ရေးနည်းသည် နိုင်ငံ့ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မည်မဟုတ်ဟု ကေအဲန်ယူ ဥက္ကဌ ပြော

490

ဇူလိုင် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာဆုပ်ကိုင် ရေးနှင့်အတင်းအဓမ္မ အုပ်ချုပ်ရေး နည်းလမ်းသည် နိုင်ငံ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဌပဒိုကွယ်ထူးဝင်းက ဇူလိုင် ၅ ရက်နေ့တွင် ကျ ရောက်သည့် ၇၆ နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ သဝဏ်လွှာ၌ ပြောဆိုထားသည်။

လက်ရှိ စစ်အာဏာရှင်အုပ်စုက အတင်းအဓမ္မ လုယူထားသည့် အာဏာကို တည်မြဲရန်နှင့် ၎င်းတို့၏ ကိုယ်ကျိုး စီးပွားကို ထောက်ခံအားပေးရန်အတွက် လူမျိုးရေးနှင့် ဘာသာရေးကိုလည်း အသုံးချနေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း အကာအကွယ်ပေးနိုင်သည့် ခံတပ်အဖြစ် စွဲကိုင်ထားကြောင်း ဥက္ကဌက ထောက်ပြထား သည်။

ထို့အပြင် နိုင်ငံတကာ အသိမှတ်ပြုမှုကိုလည်း သံတမန်ရေးနှင့် နိုင်ငံရေးနည်းလမ်းများကို စစ်ကောင်စီကချမှတ် အကောင်အထည်ဖော်ပြီး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်နိုင်သည့် နည်းလမ်းများကို ကြိုးပမ်းနေ သည်ဟုလည်း ကေအဲန်ယူ ဥက္ကဌ၏ သဝဏ်လွှာ၌ ထောက်ပြထားသည်။

ထို့ကြောင့် တရားမျှတမှု၊ နိုင်ငံ၏ ငြိမ်းချမ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လည်တည်ဆောက်ရန်အတွက် စစ် အာဏာရှင်ကို ခုခံတော်လှန်နေသည့် လူမျိုးစု တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများအားလုံး လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ ပူးပေါင်း တိုက်ခိုက်သွားရမည်ဖြစ်သည် ဟု ကေအဲန်ယူ ဥက္ကဌက တိုက်တွန်းထားသည်။

ထို့အပြင် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ အတတ်ပညာပြည့်မှီသည့် “ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ”၏ စကားလုံးနှင့် ကိုက်ညီရန်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်များနှင့် ရဲဘော် ရဲဘက်များအားလုံးတာဝန်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်များကို တော်လှန်နေသည့် အစုအဖွဲ့အားလုံး နှင့်လည်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်းသဝဏ်လွှာထဲတွင် နှိုးဆော်ထားသေးသည်။

ကရင့်တော်လှန်ရေး ၇၆ နှစ်အတွင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးဦးဆောင်မှု အောက် တွင် ကရင်အမျိုးသားတပ်မတော် တပ်ဗိုလ်၊ တပ်မှူး မျိုးချစ်စစ်သည်တော်များရဲ့ အသက်၊ သွေး၊ ချွေး၊ ကိုယ်ခန္ဓာ စွန့်လွှတ် တိုက်ပွဲဝင်ပေးဆပ်မှုကြောင့်သာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သည်ယနေ့အချိန်ထိ ဆက် လက်ရပ်တည်နိုင်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး၏ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကာကွက်ရေးဌာနလက်အောက်တွင် လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ ဆောင်ရွက်ရန် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ တို့ကို ထားရှိ ထားသည်။

၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကရင့်တော်လှန်ရေး၊ စစ်ရေးလမ်းစဉ်နှင့်အတူ ကရင်လက်နက်ကိုင် တပ်မတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ တပ်မတော် ဖွဲ့စည်ပုံ များကို ရေးဆွဲချမှတ်၍ ကရင့်တော်လှန်ရေး၊ စစ်ရေး လမ်းစဉ် နှင့် ကရင့်လွတ်မြောက်ရေးတပ်မတော် ယခင် KPLA၊ KPGF နှင့် KNDO စသည့် ကရင့် လက်နက်ကိုင် ၃ ဖွဲ့ကို စုပေါင်းပြီးလက်ရှိ KNLA ဖွဲ့စည်းပုံကို အတည်ပြု သည့်နေကို ကော်သူးလေတပ်မတော် နေ့အဖြစ် သတ်မှတ် လိုက်ခြင်း လည်းဖြစ်သည်။