Home Facts Checking News ပဲခူးတိုင်းတွင် ရေဘေးကယ်ဆယ်ရေးသွားလုပ်သည့် စစ်ကောင်စီနှင့်ပရဟိတအဖွဲ့များကို KNLA၊ PDF က ချောင်းမြောင်းပစ်ခတ်ဆိုသည့် သတင်းအမှား

ပဲခူးတိုင်းတွင် ရေဘေးကယ်ဆယ်ရေးသွားလုပ်သည့် စစ်ကောင်စီနှင့်ပရဟိတအဖွဲ့များကို KNLA၊ PDF က ချောင်းမြောင်းပစ်ခတ်ဆိုသည့် သတင်းအမှား

1506

ပဲခူးတိုင်းတွင် ရေဘေးကယ်ဆယ်ရေးသွားလုပ်သည့် စစ်ကောင်စီနှင့်ပရဟိတအဖွဲ့များကို KNLA၊ PDF က ချောင်းမြောင်းပစ်ခတ်ဆိုသည့် သတင်းအမှား

ဇူလိုင် ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။

KIC၊ The Red Flag၊ MFCN

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်၊ တောင်ငူ၊ အုတ်တွင်း စသည့်မြို့နယ်များတွင် ရေဘေးကယ်ဆယ်ရေးသွားလုပ်မည့် စစ်ကောင်စီနှင့် လူမှုကူညီရေးအဖွဲ့များကို KNLA နှင့် PDF တပ်များက ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း ဇူလိုင်လ၂၉ ရက်နေ့မှစ၍ တယ်လီဂရမ်ချန်နယ်များတွင် သတင်းပျံ့နှံ့လာသည်။

Subscribers- ၅၂၀ ဦးရှိသည့် တယ်လီဂရမ်သုံးစွဲသူ စစ်ခရာသံ ချန်နယ်က “မဒေါက်မြို့ ၈၅ ရာခိုင်နှုန်းရေမြှုပ်၊ ရွှေကျင်ကနေ ကယ်ဆယ်ရေးထွက်လာတဲ့ တပ်မတော်စစ်ကြောင်းကို KNLA, PDF ချောင်းပစ်” “တောင်ငူ-အုတ်တွင်း-ရေတာရှည်-ဖြူးဘက်မှာလည်း ကယ်ဆယ်ရေးလုပ်တဲ့ တပ်မတော်စစ်ကြောင်း ချောင်းပစ်ခံရ၊ ရေဘေး ကူညီဖို့လာတဲ့ ပရဟိတအဖွဲ့တွေကို KNLA၊ PDF က ခြိမ်းခြောက်ပစ်ခတ်မှုလုပ်လို့ ကယ်ဆယ်ရေးအခက်တွေ့” စသည့် ပို့စ်နှစ်ခုဖြင့် တစ်ရက်တည်း ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ကြည့်ရှုသူ စုစုပေါင်း ၄ ထောင်ကျော်ရှိသည်။

သတင်းအမှားလင့်ခ်(၁) – https://archive.ph/n0x1I

သတင်းအမှားလင့်ခ်(၂) – https://archive.ph/NS4ze

အလားတူ Subscribers – ၁ သောင်း ၅ ထောင်ကျော်ရှိသည့် D.I Thameedaw တယ်လီဂရမ်သုံးစွဲသူမှလည်း ဇူလိုင်လ (၃၀)ရက်နေ့တွင် ထပ်ဆင့်မျှဝေထားပြီး ဝင်ရောက်ကြည့်ရှုသူ- ၂ ထောင်ကျော်ရှိနေသည်။ D.I Thameedaw – https://archive.ph/kQNwx

စစ်ကောင်စီကိုထောက်ခံ၊ တော်လှန်ရေးလက်နက်ကိုင်နှင့်အင်အားစုမှန်သမျှ အကြမ်းဖက်အဖြစ်ပုံ ဖော်ရေးသားနေသည့် အဆိုပါတယ်လီဂရမ်သုံးစွဲသူများ၏ ဖော်ပြချက်အား Myanmar Fact-checking Network အဖွဲ့ဝင် ကရင်သတင်းဌာန-KIC က အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

သတင်းစိစစ်ချက်
Google Search ဖြင့် ဇူလိုင်လအတွင်း ပဲခူးတိုင်းရေကြီးမှုအခြေအနေကို စစ်ဆေးခဲ့ရာ သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေသည့် သတင်းဌာနများ၏ဖော်ပြချက်ကို အောက်ပါအတိုင်းတွေ့ရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တောင်းမြစ်ရေကြီးပြီး မိုးရွာသွန်းမှုများသောကြောင့် မဒေါက်မြို့၏ ရာခိုင်နှုန်း ၉၀ ခန့် ရေနစ်မြှုပ်သွားသည်။ သို့ရာတွင် မြို့အတွင်းကယ်ဆယ်ရေးလုပ်ရန် စစ်ကောင်စီထံမှ အစစ်အဆေး နှင့်ခွင့်ပြုချက်ပါမှ ရမည်။ ထို့ကြောင့် ကယ်ဆယ်ရေးအင်အားနည်းပါးကြောင်း” ကို MPA နှင့် DVB သတင်းဌာနတို့က ဖော်ပြသည်။

MPA – https://shorturl.at/0lCRp

DVB – https://shorturl.at/M1Nj4

အလားတူ Google search တွင် “ရေဘေးကယ်ဆယ်ရေး” keyword ဖြင့် ဆက်လက်ရှာဖွေရာ ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်သည့် သတင်းအချက်အလက်မရှိပေ။

ထို့အပြင် “ချောင်းမြောင်းပစ်ခတ်” ဆိုသည့် Keyword ဖြင့်ရှာဖွေရာတွင်လည်း ပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးအဖွဲ့များကို တော်လှန်ရေးတပ်ဘက်က ပစ်ခတ်သည့် သတင်းအချက်အလက်မတွေ့ရပါ။

မြေလတ်အသံ၊ BBC၊ DVB စသည့်သတင်းဌာနတို့မှ ဖော်ပြချက်အရ “တောင်ငူ၊ ထန်းတပင်၊ ဖြူးနှင့်အုတ်တွင်းမြို့နယ်တို့တွင် ပရဟိတအဖွဲ့များအကူအညီဖြင့်သာ ကယ်ဆယ်ရေးလုပ်ဆောင်နေရခြင်း ဖြစ်သည်” ကို တွေ့ရှိရသည်။

Mizzima သတင်းဌာနကလည်း “အုတ်တွင်းမြို့နယ်ဘက်သို့ ကယ်ဆယ်ရေးလုပ်ရန် စစ်ကောင်စီဂိတ်၏ အစစ်အဆေးသာရှိဟု ဖော်ပြသည်” ကို တွေ့ရှိရသည်။

မြေလတ်အသံ – https://shorturl.at/zE7BA

DVB – https://shorturl.at/3cgw7

BBC – https://shorturl.at/x3fHa

Mizzima – https://shorturl.at/vQDsy

MFCN အနေဖြင့် တောင်ငူနှင့်အုတ်တွင်းမြို့နယ်၌ လက်ရှိရေဘေးကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့ဝင်တစ်ဦးကို မေးမြန်းကြည့်ရာ ၎င်းက “ဒီရက်ထဲကျနော်တို့ကယ်ဆယ်ရေးလုပ်လာတဲ့အတောအတွင်းတော့ လက်နက်ကိုင် အဖွဲ့တွေဘက်က ကယ်ဆယ်ရေးလုပ်ဖို့ တားမြစ်တာမျိုး မကြုံရပါဘူး” ဟု ပြောသည်။

သုံးသပ်ချက်
မိုးရာသီကာလ ရာသီဥတုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်တွင် ရေဘေးကယ်ဆယ်ရေးသွားလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မရှိသလို တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း အရပ်ဖက်လူမှုကူညီရေးအဖွဲ့များကို ခြိမ်းခြောက်ပစ်ခတ်မှု မရှိပါ။

ထို့ကြောင့် လတ်တလော အမှန်တကယ်ဖြစ်ပေါ်နေသည့် တံတားကျိုး၊ မြစ်ရေတက်၊ ကျေးရွာရပ်ကွက်များ ရေဘေးသင့်မှုဖြစ်ပွား အခြေအနေပေါ်မူတည်ပြီး စစ်ကောင်စီကိုထောက်ခံသော ဝါဒဖြန့်ချိသူများကဖြန့်ဝေသည့် “ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်၊ တောင်ငူ၊ အုတ်တွင်း စသည့်မြို့နယ်များတွင် ရေဘေးကယ်ဆယ်ရေးသွားလုပ်မည့် စစ်ကောင်စီနှင့် လူမှုကူညီရေးအဖွဲ့များကို KNLAနှင့် PDFတပ်များက ချောင်းမြောင်းပစ်ခတ်ခဲ့” ဆိုသည့် အကြောင်းအရာမှာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork