ဇူလိုင် ၂၄ ၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
အငြင်းပွားမှုဖြစ်ပေါ်နေသော ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဥူဘွန်ရချဌာနီ ခရိုင်ဒေသန္တရ အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု နောက်ထပ်တစ်ကြိမ်ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကို ဟွန်ဆွန်ကို ထုတ်ပယ်လိုက်သလို ဖနွမ်းပင်ဆိုင်ရာ ထိုင်းကိုယ်စားလှယ်ကိုလည်း ဘန်ကောက်အစိုးရက ပြန်လည်ခေါ်ယူခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားအကြားဖြစ်ပွားသော မြေမြှုပ်မိုင်းပြဿနာသည် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပထမအကြိမ် ဖြစ်ပွားခဲ့ပါသေးသည်။
ယင်းဖြစ်စဥ်အတွင်း ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ခရိုင်၊ နမ်ယွမ်ခရိုင်ခွဲရှိ ချွန်ဘော့ ဧရိယာအတွင်း ထိုင်းစစ်သား ၃ ဦးထိခိုက်သလို ၁ ဦးက ခြေတဖက်ဆုံးရှုံးခဲ့သည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ နမ်ယွမ်ခရိုင်ခွဲရှိ ဟွေ့ဘွန်အနီး ကင်းစခန်းအနီးတွင်လည်း ကမ္ဘောဒီးယားမြေမြှုပ်မိုင်းထိခိုက်သော ဒုတိယဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သား ၅ ဦး ထိခိုက်ခဲ့သလို ထိုအထဲက ၁ ဦးသည် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့သည်။
ထိုင်းနိုငံ၏ ယာယီဝန်ကြီးချုပ် ဖွန်ထမ်ဝီချယာချိုင်က “ကမ္ဘောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကို ပြန်ခေါ်တာနဲ့ ဘန်ကောက်က ကမ္ဘောဒီးယားအမတ်ကို သူ့အိမ်ပြန်ပို့ခြင်းဟာ သက်ဆိုင်ရာနိုင်ငံနဲ့ ဆက်ဆံရေးရဲ့ အတိုင်းအတာကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့အတွက် ဖြစ်ပါတယ်” ဟု ဆိုသည်။
ယနေ့နံနက်ခင်းတွင် ထိုင်းအရှေ့မြောက်ဘက်ခရိုင်ဒေသန္တရ ဆူရင်းအနီးရှိ ထိုင်းစစ်တပ်စစ်စခန်းကို ကမ္ဘောဒီးယားစစ်သားများက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဆီဆာကဒ်ဒေသအတွင်းကို အမြှောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ထိုင်းတော်ဝင်တပ်မတော်ဘက်က ထုတ်ပြန်သည်။
ဆူရင်ခရိုင်ဒေသန္တရ၊ ဖနွမ်ဒွန်ရက်ခရိုင်ရှိ တမွန်ထွမ် ဘုရားဘုန်းတော်ကြီးကျောင်းအနီးတွင် ကမ္ဘောဒီးယား၏ မောင်းသူမဲ့လေယာဉ်တစ်စင်း ထိုင်းစံတော်ချိန် နံနက် ၇ နာရီ ၃၅ မိနစ်လောက်က လှည့်ပတ်နေသည်ကို ထိုင်းစစ်သားများက ကြားသိရကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။

လက်နက်အပြည့်အစုံပါသော ကမ္ဘောဒီးယားစစ်သား ၆ ဦးသည် ထိုင်းစစ်တပ်အနီး ရောက်ရှိလာချိန် ထိုင်းဘက်ခြမ်းမှ ပဋိပက္ခမဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားထားသည်။
ထိုင်းဘက်မှ ကမ္ဘောဒီးယားအမတ်ကို ဖယ်ရှားခြင်းနှင့် ဖနွမ်ပင်ဆိုင်ရာ ဘန်ကောက် အမတ်ကို ပြန်လည်ခေါ်ယူပြီးနောက် နှစ်နိုင်ငံစစ်ရေးတင်းမာလာပြီး ထမွန်ထွမ် အနီးပစ်ခတ်မှုဖြစ်ပွားနေသည်။
ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပါနာ၏ ထုတ်ပြန်ချက်တွင် နိုင်ငံ တကာဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်ကို ရှုတ်ချပြီး နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေးထိခိုက်စေသော ဖြစ်ရပ်အားလုံးအတွက် ကမ္ဘောဒီး ယားဘက်မှ တာဝန်ယူတာဝန်ခံရမှာဖြစ်သည်ဟု ပြောဆိုသည်။
ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များမှ အငြင်းပွားမှုဖြစ်ပေါ်နေသော နယ်စပ်မှာ ထိုင်းစစ်တပ်မှ စတင်တိုက်ခိုက်လာသောကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။
ကမ္ဘောဒီးယား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားစစ်သားများကို ပထမဆုံး ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ကိုးကား။ ။ ဘန်ကောက်ပို့စ်၊ ရိုက်တာ


















