ဇူလိုင် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေ ပြည်၏ ကော်သူးလေ တပ်မတော်သည် ကွဲပြားနေသည့် လက်နက်ကိုင်များကို စုပေါင်းထားခြင်း ကို ဆိုလိုခြင်းဖြစ်သည်ဟု ယနေ့ ဇူလိုင် ၅ ရက်တွင်ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-KNLA နေ့ အထိမ်းအမှတ် အမှာစကားပြောကြားစဉ် ဒုတိယစစ်ဦး စီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ပြောသည်။
မိမိတို့ ကရင်အမျိုးသားများအနေဖြင့် ကရင့်တော်လှန်ရေး မစတင်ကတည်းက ကရင်ပြည်နယ်နှင့် လွတ်လပ်မှု ကိုလိုချင်ခဲ့ကြကြောင်း ထိုကြောင့် ကရင်ပြည်နယ်ထူထောင်ပြီး “ကော်သူးလေ” ဟု ခေါ်ဆို နာမည်ပေး ကာ အုပ်ချုပ်ရေးနှင့် တပ်ကိုထူထောင်သည့်အခါ “ကော်သူးလေ” တပ်မတော်ဟု နာမည်ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဒုတိယစစ်ဦးစီးချုပ်က ယခုလို ပြောသည်။
“ကျနော်တို့ တပ်ကို ထူးထောင်တဲ့ နေရာမှာလည်း ကျနော်တို့ရဲ့တပ်ကို ကော်သူးလေ တပ်မတော်လို့ နာမည်ပေး မယ်။ ကော်သူးလေတပ်မတော်လို့ ဆိုတဲ့အခါမှာ ကွဲနေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို စုပေါင်းထားတဲ့ တပ်မတော် တစ်ရပ်ကို ဆိုလိုတာ ဖြစ်တယ်။ ကျနော်တို့ လူမျိုးအတွက် ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ လွတ်လပ်မှုအတွက် ဖြစ်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ကပြောသည်။
ထို့အပြင် မိမိတို့ ကရင်လူမျိုးများအနေဖြင့် လွတ်လပ်မှု၊ ပြည်နယ်၊ မိမိကံကြမ္မာမိမိဖန်တီးခွင့်၊ မြေ၊ ပြည့်ဝသော အခွင့်အရေး၊ လူမျိုးတစ်မျိုးလို ရှင်သန်နေထိုင်ခွင့်ကို လိုချင်သည့်အတွက် လုံခြုံရေးနှင့် ကာကွယ်ရေး ရှိရန် လို ကြောင်း၊ ဒါကြောင့် လုံခြုံရေးနှင့် ကာကွယ် ရေးကဏ္ဍတွင် လူကိုယ်တိုင်ပဲ လုပ်ဆောင်သွားရမည်ဖြစ် သည်ဟု အများပြည်သူသို့ ပြောကြားသည့် အမှာစကားတွင် ၎င်းက ပြောခဲ့သည်။
စစ်တိုက်ရသည်ကို ကြိုက်နှစ်သက်၍ မဟုတ်သော်လည်း ကရင်တို့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိသည့် လူမျိုး တစ်မျိုး အဖြစ်လိုလား၍ တိုက်နေရခြင်း ဖြစ်သည်ဟု ဒုစစ်ဦးစီးချုပ်က ရှင်းပြသည်။
“ငြိမ်းချမ်းရေးလမ်းစဉ်ကို အကြိမ်ကြိမ်သွားခဲ့ဖူးပြီးပါပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီးတိုက်ယူရတာ ဖြစ်တယ်၊ တခြား နည်းလမ်းမရှိဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် တော်လှန်ရေး ၇၆ နှစ်အတွင်း ကော်သူးလေ ခေါင်းဆောင်များ တပ်သား၊ တပ်မှူးများ အပြင် မိဘပြည်သူများလည်း အသက်နှင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများစွာ စွန့်လွတ်ခဲ့ပြီး ဖြစ်သော်လည်း အောင် မြင်မှု ပန်းတိုင်သို့ မရောက်သေးဘဲ အနာဂတ်မှာ စုစည်းညီညွတ်စွာဖြင့် ဆက်ကြိုးစားသွားကြရန် ပြောဆို တိုက်တွန်း ထားသည်။
“ဆိုရိုးစကားတစ်ခုရှိတယ်။ အဲ့တာက ‘ကျနော်တို့ ရဲရင် ရန်သူက ကျနော်တို့ကို ကြောက်မယ်။ ကျနော်တို့ ကြောက်မယ်ဆိုရင် ရန်သူက ကျနော်တို့အပေါ် ရဲတင်းလာမယ်’ အဲ့ဒါကြောင့် ကျနော်တို့ ရဲမှ ကျနော်တို့ ရန်သူဟာ ကျနော်တို့ကို ကြောက်မှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ တာဝန်ထမ်းရွက်တဲ့ အခါမှာ ရဲစွမ်း သတ္တိ ရှိဖို့လိုတယ်” ဟု ၎င်းက တပ်သား တပ်မှူးများကို တိုက်တွန်းပြောဆိုခဲ့သည်။
ထို့အပြင် ယခု ကော်သူးလေ တပ်မတော် တစ်ခုတည်း တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ဗမာ၊ မွန် အစရှိသည့် လူမျိုး များလည်း ပါဝင်ပြီး အတူတကွ ပေါင်းစည်းလုပ်ဆောင်နေသည်ဟု ၎င်းက အသိပေးထားသည်။
“ပွင့်ပွင်လင်းလင်းပဲ ပူးပေါင်းလုပ်ဆောင်တယ်” ဟု ဒုစစ်ဦးစီးချုပ်က ပြောသည်။
တော်လှန်ရေးအတွက် အသက်၊ ကိုယ်လက်အင်္ဂါ စွန့်လွတ်သွားသူများကို ဂုဏ်ယူသလို တပ်မှူး၊ တပ်သားများ အနေဖြင့် မိမိတို့သားသမီး၊ မျိုးဆက်သစ်များ အနာဂတ်အတွက် စွန့်လွှတ်အနစ်အနာခံ လုပ်ဆောင်နေသည်ဟု သဘောထားကာ နိုင်ငံရေး ရည်မှန်းချက်ရောက်ရှိရန်အတွက် ရဲရဲဝံ့ဝံ့ ရွံ့ရွံ့ချွန်ချွန် အသက်သွေးချွေးတွေကို ပေးဆပ်ရမဲ့ သူများအဖြစ် ခံယူလုပ်ဆောင်သွားရန် ပြောဆိုတိုက်တွန်းထားသည်။