Home သတင်း ပိုင်ရပ်ရွာ ယာယီစာသင်ကျောင်း ဗုံးကြဲ ခံရမှု သေဆုံးသူ ၆ ဦးထိရှိလာ

ပိုင်ရပ်ရွာ ယာယီစာသင်ကျောင်း ဗုံးကြဲ ခံရမှု သေဆုံးသူ ၆ ဦးထိရှိလာ

156
Photo: Crd.

ဇွန် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ကျေးရွာ ယာယီစာသင်ကျောင်းကို ဇွန် ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၆ ဦးထိ ရှိလာပြီး ဖြစ်သည်ဟု ကေအဲန်ယူ၊ ကျုံဒိုးမြို့နယ် အတွင်းရေးမှူးက အတည်ပြု ပြောသည်။

အဆိုပါ ယာယီစာသင်ကျောင်းအဖြစ် အသုံးပြုနေသည့် အိမ်ကို စစ်ကောင်စီက မွန်းလွဲ ၂ နာရီ အချိန်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၃ ဦး၊ ဆရာတစ်ဦးနှင့် ဒေသခံ အမျိုးသား ၁ ဦး ကနဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ဗုံးကြဲခံရပြီး စဖြစ်တုန်းက ကျောင်းသား ၃ ဦး၊ ဆရာမ ၁ ဦး၊ ဒေသခံအမျိုးသား ၁ ဦး သေတယ်၊၊ ဒဏ်ရာရတာ က ၃ ဦး ၊၊ ဒဏ်ရာရ တဲ့ ၃ ဦးထဲမှာ ဒီမနက် (ဇွန် ၁၀ ရက်နေ့) မှာ ၁ ဦး ထပ်သေတယ်” ဟု ကေအဲန်ယူ ကျုံဒိုးမြို့ နယ်အတွင်းရေးမှူးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ယာယီ စာသင်ကျောင်းသည် ကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် ကြားရှိ ပိုင်ရပ် ကျေးရွာ၌ တည်ရှိပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် စီမံအုပ်ချုပ်နယ်မြေအတွင်း တည်ရှိသည့် ယာယီစာသင်ကျောင်းတစ်ခု ဖြစ်သည်။