Home သတင်း ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သောင်းနှင့် ရွှေ့ပြောင်းလုပ်သား ၄ ဦး သယ်ဆောင်လာသော ယာဥ်တစ်စီးကို ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သောင်းနှင့် ရွှေ့ပြောင်းလုပ်သား ၄ ဦး သယ်ဆောင်လာသော ယာဥ်တစ်စီးကို ဖမ်းဆီး

137
သတင်း - ဓါတ်ပုံ - เทศบาลตำบลท่าสายลวด

ဇွန်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ မယ့်တန်ကျေးရွာတစ်နေရာတွင် ယမန် နေ့ညနေက စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ ၅ သောင်းနှင့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦး သယ်ဆောင်လာသော မော်တော်ယာဉ်တစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ထာ့ဆောင်ယန်းအပိုင်၊ မယ်လမြို့ခွဲ၊ အမှတ် ၅ ကမ်မာဖာဒို့ ကျေးရွာအနီးရှိ ဘန့်ပါဆန်လမ်းအတိုင်း ထွက်ခွာလာသော Pick Up မော်တော်ယာဥ်တစ်စီးကို ရချ်မနူတပ်ဖွဲ့ အမှတ် ၃၅ တပ်ရင်းက စစ်ဆေးချိန် စိတ်ကြွဆေးပြားများနှင့်အတူ ထိုင်းနိုင်ငံသား ၁ ဦး နှင့် ရွှေ့ပြောင်းလုပ်သား ၄ ဦး စုစုပေါင်း လူ ၅ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စိတ်ကြွဆေးပြားများပါဝင်သော ခရီးဆောင်အိတ်ပိုင်ရှင်သည် အသက် ၄၂ နှစ်ရှိ ဆယ်နှစ်ခံ(နိုင်ငံမဲ့အထောက်အထားကဒ်) ကိုင်ဆောင်သူဖြစ်ပြီး မယ်တန့်ကျေးရွာ၊ သောင်ရင်းမြစ် တစ်နေရာမှ ဘန်ကောက်မြို့၊ စဖန်မိုင်နယ်မြေ၊ စဖန်မိုင်မြို့သို့ ဘတ်ငွေ ၁ သောင်းကျပ်လက်ခံ၍ သယ်ဆောင်ပေးခဲ့သည်ဟု ထွက်ဆိုထားသည်။

သတင်း – ဓါတ်ပုံ – เทศบาลตำบลท่าสายลวด

မယ့်ရမတ်ဒေသခံ ယာဥ်မောင်း၏ ထွက်ဆိုချက်အရ ခရီးသည် ၄ ဦးကို မယ့်တန်ဆေးရုံကနေ မယ့်ရ မတ်က စိုက်ပျိုးရေးခြံတစ်ခုပို့ဆောင်ရန် တစ်ဦးလျှင် ဘတ် ၅၀၀ နှုန်းဖြင့် ခေါ်ဆောင် လာခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များက မေးမြန်းမှုများပြုလုပ်နိုင်ရန် မော်တော်ယာဉ် မောင်းသူအပါအဝင် စိတ်ကြွဆေးပြား အလုံးရေ ၅ သောင်းပါ ခရီးဆောင်အိတ်ကို သယ်ဆောင်လာသူနှင့် လူငယ် ၃ ဦးတို့ ၅ ဦးစလုံးကို ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။