ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထားဝယ် အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ-TNUPC ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အခြေခံမှုများကို သဘောတူလက်ခံသည့် ထားဝယ်တော်လှန်ရေးတပ်များကို စုစည်းပြီး တစ်ခုတည်းသောထားဝယ်တပ် တည်ဆောက်သွားမည်ဟု ကော်မတီ၏တရားဝင်လူမှုကွန်ရက်တွင် ဒီဇင်ဘာ(၁၂)ရက်နေ့က ကြေညာသည်။
ထားဝယ်တစ်မျိုးသားကို ကိုယ်စားပြုစုဖွဲ့ထားသည့် TNUPC မှ ထားဝယ်တော်လှန်ရေးအင်အားစုများ ပိုမိုစည်းလုံးညီညွှတ်ဖို့အတွက် ရည်ရွယ်ပြီး...