Home သတင်း နောင်ချိုရှိ စိရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲခံမှု သံဃာတော်နှင့် ပြည်သူ ၉ ဦးသေဆုံး

နောင်ချိုရှိ စိရတနာ ပရိယတ္တိစာသင်တိုက် ဗုံးကြဲခံမှု သံဃာတော်နှင့် ပြည်သူ ၉ ဦးသေဆုံး

742
Photo: TNLA

မတ် ၁၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် ထိန်းချုပ်ထားသည် နောင်ချိုင်မြို့နယ်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီက မတ် ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံးကြဲချခြင်းနှင့် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံဃာတော်နှင့် ပြည်သူ ၉ ဦး သေဆုံးသွားသည်ဟု TNLA က ပြောသည်။

အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းစာသင်တိုက်အတွင်းရှိသော ရဟန်း (၂)ပါးနှင့် သာမဏေ (၄)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအပါအဝင် စုစုပေါင်း (၉)ဦး ဗုံးစထိမှန်ပြီး သေဆုံးသွား ခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှပြောဆိုထားသည်။

Photo: TNLA

ထို့အပြင် သံဃာတော် (၁၃)ပါး၊ ဒေသခံပြည်သူစုစုပေါင်း(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ်နှင့် ဘုန်းကြီးကျောင်းဆောင်အများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတပ်ဖွဲ၏ တာဝန်ရှိသူများနှင့် ပြည်သူများမှဝိုင်းဝန်းပြီး ဆေးကုသရန် ပိုဆောင်ပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲ တိုက်ခိုက်သည့် နေသည့်အတွက် ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှား နိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန် ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟု TNLA က သတိပေးပြောဆို သည်။