ဖေဖော်ဝါရီ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်စခန်းဟု ယူဆရသည့်နေရာများကို ဖေဖော်ဝါရီ(၈)ရက်နေ့၊ ညပိုင်းကတည်းက လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ယမန်နေ့မှ လက်ရှိသတင်းရေးသားချိန် မွန်းလွဲပိုင်းအထိ ဖလူးဘက်ကို လက်ခတ်တောင်ဘုရားကုန်းနေရာမှစစ်အုပ်စုက ဟောင်ဝှစ်ဇာ...