Home သတင်း နေရပ်မပြန်နိုင်သေးသော ကတိုင်တိ စစ်ရှောင်များ ပုံရိပ်

နေရပ်မပြန်နိုင်သေးသော ကတိုင်တိ စစ်ရှောင်များ ပုံရိပ်

600

(ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)/ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ကတိုင်တိ စစ်ကောင်စီတပ်စခန်းအနီးအနားရှိ ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးပဋိပက္ခများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။

ဖာပွန်-ကမမောင်းလမ်း ပိုင်းရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းဖွဲ့တို့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်သည်။

ထိုတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကတိုင်တိ စစ်ရှောင် ၁၀၀၀ ကျော်သည် ယခုအချိန်ထိ ၎င်းတို့နေရပ်ကို ပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ မိသားစုအလိုက် ပြန့်ကျဲနေထိုင်ကြပြီး လက်ရှိတွင် နေရာထိုင်ခင်းနှင့် အစားအသောက်များ အခက်အခဲကြုံတွေ့ရလျက်ရှိသည်။

နေရပ်မပြန်နိုင်သေးသော ဘီးလင်းမြို့နယ်ရောက် ကတိုင်တိ စစ်ရှောင်များ
၏ အခြေအနေကို ကေအိုင်စီ သတင်းထောက်က သွားရောက် မှတ်တမ်းတင်ရိုက်ကူးထားသော ပုံရိပ်အချို့ စုစည်းဖော်ပြလိုက်ပါသည်။