Home သတင်း မြန်မာ့အရေး မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ဆွေးနွေးခဲ့

မြန်မာ့အရေး မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ဆွေးနွေးခဲ့

132
photo: Anwar Ibrahim FB

ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့က တွေ့ဆုံမှုတွင် မြန်မာ့အ‌ရေး ဆွေးဆွေးနွေးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ယနေ့ ဖော်ပြထားသည်။

ကွာလာလန်ပူမြို့၌ ပြုလုပ်ခဲ့သည်ဟု ယူဆရသည့် ဆွေးနွေးပွဲသည် “အကျိုးဖြစ်ထွန်းမှု” ဟု မလေးရှားဝန်ကြီးချုပ်က ပြောခဲ့သလို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ဂ်ျယိုသည်လည်း အစည်းအဝေးကို နောက်ပိုင်းတွင် ပါဝင်ခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခြင်းမပြုမီ၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဝန်ကြီးချုအပ် မစ္စတာအန်ဝါ၏ အာဆီယံရေးရာ အလွတ်သဘော အကြံပေးများထဲမှ တစ်ဦးအဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ခန့်အပ်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် စစ်ပွဲများအဆုံးသတ်ရန်နှင့် ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရေး အရေးပါမှုကို အာဆီယံက အလေးပေး ပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပက်တောင်တန် ရှင်နာဝက်ထရာက သူမ ဖခင်ဖြစ်သူနှင့် ဖုန်းပြောဆိုခဲ့ပြီး မြန်မာ့အရေးကို အာရုံစိုက် ထားသည်ဟု ပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

“ဆွေးနွေးပွဲက အာဆီယံတစ်ခုလုံးအတွက် အကျိုးရှိပြီး ဖုန်မှုန့်နဲ့ လေထုညစ်ညမ်းမှုစတဲ့ တခြားကိစ္စတွေမှာပါ ပူးပေါင်းဆောင် ရွက်ဖို့ လမ်းခင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကတော့ အဓိကပဲ” ဟု သူမက ဆိုသည်။

ထို့အတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မလေးရှာနိုင်ငံသည်လည်း အလေးထားကာ အာဆီယံ အစည်း အဝေးတိုင်းတွင် ဆွေးနွေးပြောဆိုခဲ့သည်ကို တွေ့ရကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။