Home သတင်း လောင်းလုံး ပင်လယ်ပြင်တွင် စစ်ဆေးမှုတင်းကြပ်၍ ငါးဖမ်းစက်လှေများ လုပ်ကိုင်ရန် ခက်ခဲနေ

လောင်းလုံး ပင်လယ်ပြင်တွင် စစ်ဆေးမှုတင်းကြပ်၍ ငါးဖမ်းစက်လှေများ လုပ်ကိုင်ရန် ခက်ခဲနေ

473
Photo: LLPDF

ဇန်နဝါရီ ၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘော များက လုံခြုံရေးတင်းကြပ်စွာ ချထား၍ ဒေသတွင်းငါးဖမ်း စက်လှေအနေဖြင့် လုပ်ကိုင်ရန် ခက်အခဲများ ကြုံတွေ့ နေရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ရေကြောင်းကို အဓိကအသုံးပြုနေရပြီး စစ်သင်္ဘောများ ကမ်းရိုးတန်းအနီးသို့ ဝင်ရောက် စစ်ဆေး မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများတစ်ဦးက ယခုလို ပြောသည်။

“သင်္ဘောတွေကနေ လက်နက်ကြီးတွေပစ်ပြီး ကမ်းရိုးတန်းဘက်ကို ရောက်လာတာ။ တချို့တွေကတော့ ပြေးကုန် ပြီး လက်နက်ကြီးထိမှာစိုးလို့။ အဆင်မပြေတဲ့သူကျတော့ ဒီငါးဖမ်းစက်လှေထွက်ရတယ်။ အဲ့ဒီအချိန်မှာ စစ်သ င်္ဘော ကနေခေါ်ပြီး စစ်ဆေးမေးတာတွေကိုပိုပြီးလုပ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီက ငါးဖမ်းစက်လှေများကို ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေသည့်အပြင် ခေါ်ယူ၍ မရသည့် ငါးဖမ်းစက်လှေတချို့အား သေနတ်ပစ်ဖောက် ခေါ်ယူမေးမြန်းခြင်းများလည်း လုပ်ဆောင်နေသည့် အတွက် အသက်အန္တရယ်များနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့်၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးချိန်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အထိနာသည့်အတွက် ရေကြောင်းကိုပို၍ အသုံးပြုလာခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အခုစစ်ကြောင်းထိုးတဲ့ အချိန်တွေမှာ ကုန်းပိုင်းထက်၊ ရေပိုင်းကို အသုံးပြုလာလည်းဆိုတော့ ကုန်းပိုင်းက နေရာ အများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေအရ ယူထားတဲ့အတွက် ရေကြောင်းကနေ စစ်ကောင်စီက အင်အားဖြည့်တယ်။ ရိက္ခာပို့တာတွေကို လုပ်လာတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် အဆိုပါဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့်၂၀၂၃ခုနှစ်မှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ကမ်းစပ်တစ်လျှောက်တွင် လုံခြုံရေး တိုးမြှင့် ချထားပြီး ငါးဖမ်း လှေထွက်သည့် ဒေသခံများထံမှ မတရား ငွေညှစ်တောင်းခံခြင်း နှင့် လှေပေါ်ပါလာသည့် ငါးများကိုပါ အတင်း အဓမ္မသိမ်းယူခြင်းများလည်း မကြာခဏ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။