ဇူလိုင် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်ပြည်သူများ ယခုမိုးတွင်းကာလအတွင်း ငှက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးဝါးလိုအပ်လျက်ရှိသည်ဟု ဒေသခံနှင့် နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။
စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသည့် ဒေသခံများမှာ နေရာထိုင်ခင်းမလုံလောက်မှုအကြား မိုးရာသီ အမြဲစိုထိုင်းနေသော ပတ်ဝန်းကျင်ကြောင့် ယခင်နှစ်များထက် ငှက်ဖျားရောဂါနှင့်...