ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး/တောင်ငူခရိုင်အတွင်း ဖမ်းဆီးရမိသည့် မြန်မာကျပ်ငွေ သန်းပေါင်းတစ်သောင်းခွဲ(၁၅,၀၀၀ သန်း)တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို ပြီးခဲ့သည့်ဇွန်လ(၂၆)ရက်နေ့က သက်ဆိုင်ရာအဖွဲ့များဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ က ယမန်နေ့တွင် ထုတ်ပြန်သည်။
ကေအဲန်ယူ တောအူးခရိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တို့ဦးဆောင်၍...