ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလမ်ဆမ်တွင် ပြီးခဲ့သည့် ဩဂုတ်လ(၂၃)ရက်နေ့က ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်း(OKRSO) မှကြီးမှူးကျင်းပသည့် ကရင်လက်ချည်ပွဲအနီး ဖြစ်ပွားခဲ့သော ကရင်လူငယ်အချင်းချင်း ဓါးအသုံးပြုခိုက်ရန်ဖြစ်ပွားမှုမှာ ဝေဖန်သူမြင့်တက်နေသလို ကျူးလွန်သူကိုလည်း ယနေ့ထိ ဖမ်း၍မမိသေးကြောင်း သိရသည်။
လက်ချည်ပွဲကျင်းပရာ ဝပ်ဒုံမိုင်းဘုန်းကြီးကျောင်းအနီး...