နိုဝင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) လယ်မူလား(ပုလော) မြို့နယ်၊ မဇောကျေးရွာထဲသို့ ယမန်နေ့၊ နိုဝင်ဘာလ (၆)ရက်နေ့က စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် မသန်စွမ်းသူအပါအဝင် (၃)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် နံနက်(၉)နာရီ(၅၂)မိနစ်အချိန်တွင် မဇောကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး...