Home လူထုအသံ ပေးစာကဏ္ဍ လူထုပေးစာကဏ္ဍ

လူထုပေးစာကဏ္ဍ

128

လူထုပေးစာကဏ္ဍ

ဒီစာလေးကတော့ ဧပြီလ ၁၂ရက်နေ့မှာ ဧရာ၀တီတိုင်းဒေသကြီးက ဒေသခံတစ်ဦး KIC ထံ ပေးပို့လာတဲ့စာ ဖြစ်ပါတယ်။

“ဒီရက်ပိုင်း ဧရာဝတီတိုင်းဘက်မှာ စကစတွေ ရက်စက်ယုတ်မာလာကြတာ တွေ့ရတယ်။ ကျနော်တို့ ဧရာဝ တီတိုင်းမှာက သတင်းမီဒီယာတွေနဲ့ အလှမ်းဝေးနေတာကတစ်ကြောင်း၊ ပြည်သူတွေက အေးဆေးနေကြပြီး တစ်ခုခုဆို ကြောက်ရွံ့နေကြတာတွေကို စကစတွေက အခွင့်ကောင်းယူပြီး ထင်တိုင်းကြဲနေကြတယ်။

စကစလက်အောက်ခံ အုပ်ချုပ်ရေးမှူးတချို့တွေလည်း စစ်မှုမထမ်းမနေရဆိုတဲ့ စကစရဲ့ စစ်မှုထမ်းထုတ်ပြန် ချက်ကို အခွင့်ကောင်းယူပြီး မဲမနှိုက်ရတဲ့ ရွာတွေဘက်မှာ ငွေညှစ်ခြိမ်းခြောက်မှုတွေ ပိုမို လုပ်ဆောင်လာကြ တယ်။

အစပိုင်းမှာတော့ ငွေပေးရင် ပြဿနာတွေ ပြေလည်ကြမယ်လို့ ထင်ထားကြပေမယ့် နောက်ပိုင်း ညဘက်တွေ မှာ ပေါ်တာအတင်းအဓမ္မ လိုက်ဆွဲတာမျိုးတွေ လုပ်ဆောင်နေကြတယ်။ မြဝတီကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာ စကစတွေက ဧရာဝတီတိုင်းမှာရှိတဲ့ နယ်ကျေးရွာတွေမှာ ပိုပြီး ရက်စက်မှုတွေ ပြုလုပ်လာကြတယ်။

ငပုတောဘက်က ရွာတွေမှာဆို အမျိုးသားတွေ၊ လူငယ်တွေကို ပေါ်တာလိုက်ဆွဲနေကြလို့ ပုန်းနေကြရတယ်။
စစ်သားတွေလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လုပ်ချင်တိုင်းလုပ်နေကြတယ်။

လပွတ္တာဘက်မှာက မဲမနှိုက်ရဘဲနဲ့ ဥက္ကဌတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်ထဲမဝင်ချင်ရင် ပိုက်ဆံပေးရမယ် လို့ ပြောတယ်။ သူတို့က အဝေးမှာ အလုပ်လုပ်နေကြတဲ့သူတွေရဲ့ မိသားစုကို ပစ်မှတ်ထားကြတာ။ လူငယ် တွေက အဝေးမှာအလုပ်လုပ်ကြတဲ့အခါ မဲမနှိုက်ရဘဲနဲ့ အဝေးမှာ အလုပ်လုပ်နေကြတဲ့သူနဲ့ ပိုက်ဆံအနည်း ငယ်ရှိတဲ့ အိမ်ထောင်မိသားစုတွေရဲ့ လူပျိုအရွယ်ကောင်လေးတွေရဲ့ နာမည်တွေကို သီးသန့်စုပြီး မဲပေါက် တယ်ဆိုပြီး ပြောတယ်။

စစ်မှုမထမ်းချင်ရင် ပိုက်ဆံပေးရမယ်လို့လည်း ထပ်ပြောသေးတယ်။ တကယ်တော့ ရွာမှာက မဲမနှိုက်ရဘဲနဲ့ ပါတယ်ပြောပြီး ဥက္က‌ဌက တောင်းတယ်။ အိမ်ထောင်စုစာရင်းထဲမှာ နာမည်မရှိသူတွေ ဘာလို့ပါနေရတာလဲ မေးတော့ ဥက္ကဌကလည်း ပိုက်ဆံမပေးချင်ရင် မိသားစုကိုယ်စား တစ်ယောက်သွားရမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်။

ရွာလူကြီးလည်း အဲဒါကိုသိပေမယ့် ဘာမှမပြောဘဲ တခြားရွာက ဥက္ကဌပြောတာကိုပဲ နားထောင်နေတာ။ နိုင်ငံရေးမကောင်းတာရယ်၊ စစ်မှုထမ်းဥပဒေနဲ့ မသိနားမလည်တဲ့ ရွာသားတွေရဲ့ရိုးသားမှုကို အခွင့်ကောင်း ယူပြီး အုပ်ကြီးတွေပေါင်းပြီး လုပ်စားနေကြတာပါ။

ငပုတောမြို့ဘက်က ရွာတချို့မှာကျတော့ ပေါ်တာ လိုက်ဆွဲနေကြတယ်။ စစ်သားတွေလည်း မထင်ရင် မထင်သလို စစ်ဆေးမှုတွေလုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောဆိုကြတယ်။ ရွာတွေမှာ စစ်သားတွေရောက် လာပြီး ယောက်ျားသားတွေကို ဆွဲခေါ်မှုတွေ လုပ်နေကြလို့ ပုန်းခိုနေရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။”

ဧရာ၀တီတိုင်း ဒေသခံတစ်ဦး