Home လူထုအသံ ပေးစာကဏ္ဍ လူထုပေးစာကဏ္ဍ

လူထုပေးစာကဏ္ဍ

144

လူထုပေးစာကဏ္ဍ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ စည်ပင်သာယာဈေး (C)ရုံရှိ ဆိုင်ခန်းများအား ဆိုင်ခန်းဖိုး (၂၅)သိန်းကျပ်ကို ဈေးသည်များထံမှ စည်ပင်ဦးစီးမှူးမှ ကောက်ခံတောင်းယူနေပါတယ်။ ဒီလို ကောက်ခံတောင်းယူနေခြင်း ဟာ နိုင်ငံတော်အဆင့် တရားဝင်ပဲလား၊ တရားမဝင်ဘူးလား ဆိုတာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ပုံမှန်ဆိုရင် နိုင်ငံတော်ကို ပေးသွင်းရတဲ့ငွေပမာဏကို မြန်မာ့စီးပွားရေးဘဏ်ကနေတဆင့် ပေးသွင်းရတာ ဖြစ်ပါတယ်။

စည်ပင်သာယာရုံးမှ ငွေသွင်းခိုင်းသည့်အတွက် ဈေးသည်တစ်ဦးလျှင် ၂သိန်းကျပ်ဖြင့် မြို့နယ်စည်ပင် ရုံးကို တိုက်ရိုက်ပေးသွင်းခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲလိုပေးသွင်းခဲ့တဲ့အခါမှ ငွေလက်ခံရရှိကြောင်း ပြေစာကို စည်ပင်ရုံးက လုံးဝ ထုတ်မပေးပါဘူး။ အခု ကျန်ရှိတဲ့ ၂၃သိန်းကို မတ်လ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ပေးသွင်းဖို့ ဈေးသည်အားလုံးဆီကို အကြောင်းကြားစာ ပေးပို့လာပါတယ်။

ယခင် စည်ပင်ဦးစီးမှူးဟောင်း လက်ထက်ကလည်း ဈေးဆိုင်တွေကို စာအုပ်ထုတ်ပေးမယ်ဆိုပြီး ဈေးသည်တွေဆီက ငွေကြေးတောင်းခံပြီး ဘာမှလုပ်မပေးဘဲ သူ့အိတ်ကပ်ထဲကို ထည့်သွားပါတယ်။ အခု တကြိမ်မှာလည်း ငွေကြေးတွေကောက်ခံပြီး အရင် စည်ပင်ဦးစီးမှူးလို လုပ်သွားမှာကို ဈေးသူ/ဈေးသားများ အနေဖြင့် စိုးရိမ်နေပါတယ်။

ဒါတွေဟာ စစ်အာဏာသိမ်းပြီနောက်ပိုင်း တည်ငြိမ်အေးချမ်းတဲ့ မြို့က ဈေးသူ/ဈေးသားတွေအပေါ် အကျင့်ပျက်ခြစားတဲ့ နိုင်ငံဝန်ထမ်းတွေက အနိုင်ကျင့်တာပါ။