စက်တင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနှင့်မြန်မာကိုဆက်သွယ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် နေ့စဥ်ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိရာ မဲဆောက်ဘက်သို့ စာသင်ကျောင်းအကြို/အပို့လုပ်သည့် ယာဥ်များအရောက်နောက်ကျပြီး ကျောင်းသို့အချိန်မီရောက်ရေး အခက်အခဲကြုံနေရကြောင်း မိဘများနှင့် ယာဥ်မောင်းများက ပြောသည်။
ပြည်နယ်စစ်အုပ်စု၏ စက်သုံးဆီချွေတာရေး စုံရက်/မရက် ယာဉ်အသုံးပြုမှုကန့်သတ်ချက်ကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍...