Home သတင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိကျေးရွာအချို့စုပေါင်း၍ ကလေးများနေ့ကျင်းပခဲ့

ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိကျေးရွာအချို့စုပေါင်း၍ ကလေးများနေ့ကျင်းပခဲ့

428

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့စုပေါင်း၍ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျ‌ရောက်သည့် မြန်မာ နိုင်ငံက‌‌လေးများ‌နေ့ကို ကလေးငယ်များအတွက် အားကစားပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စစ်မက်ပဋိပက္ခဖြစ်ပွားရာဒေသတွင်းရှိ ကလေးငယ်များ ပညာသင်ယူရာတွင် စိတ်ဓာတ်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ ကလေးများနေ့ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဦးဆောင်ကျင်းပသူများက ကေအိုင်စီသို့ ပြောသည်။

ဦးဆောင်ကျင်းပပေးသူတစ်ဦးက “မိဘတွေ စားဝတ်နေရေး အဆင်မပြေတဲ့သူရှိတယ်။ ကိုဗစ် ကပ်ရောဂါ၊ စစ်တပ်အာဏာသိမ်းတော့ ခက်ခက်ခဲခဲနဲ့ ရှာစားနေရတယ်။ ကလေးငယ်တွေ စိတ်ထိခိုက်မှုမရှိဘဲ ပျော်ပျော် ရွှင်ရွှင်နဲ့ပညာ သင်ယူနိုင်အောင်၊ ကလေးတွေ စုပေါင်းတွေ့ဆုံပြီး ရင်းနှီးမှုရှိ‌အောင် အားကစားပြိုင်ပွဲ ပြုလုပ်ပေးတာဖြစ်တယ်”ဟု ပြောသည်။

ယမန်နေ့ ကျင်းပသည့် ကလေးများနေ့တွင် ကလေးငယ်များအား အုပ်စုလိုက်ဖွဲ့ကာ ဘောလုံးပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ကြိုးဆွဲပြိုင်ပွဲ စသည့် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း ပွဲဦးဆောင်ကျင်းပသူများက ပြောသည်။

ယမန်နေ့ ကလေးများနေ့အစီအစဉ်သို့ ကေအဲန်ယူ ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများ၊ မြို့နယ်ကရင်လူငယ်အစည်းအရုံး(KYO) ခေါင်းဆောင်များနှင့် ကျေးရွာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေ‌‌ဖော်ဝါရီလ(၁၃)ရက်နေ့ကို အစွဲပြု၍ မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။