Home သတင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကော့ကရိတ်မြို့ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲ

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကော့ကရိတ်မြို့ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲ

857
Photo: CJ

အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၁) ရပ်ကွက် ချောင်းဦးစေတီတွင် အခြေ စိုက်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကစ ၁၂ လက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ (၂၃၀)၊ ခမရ(၂၃၁)က ယမန်နေ့ည လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ရာတွင် မြို့တွင်းရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုတွင် အမှတ်(၁)ရက်ကွက်၊ ရှမ်းပိုင်းရှိလူနေထိုင်မှု မရှိသည့်နေအိမ်‌ခေါင်မိုးပေါ်တွင် ကျရောက်ပေါက်ကွဲပြီး အနီးအနား‌နေအိမ်များမှ အရပ်သားပြည်သူ ၃ ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်တွင်းနေ ထိုင်သူတစ်ဦးက ပြောသည်။

၎င်းက “၆၀ မမအသီးပဲ အိမ်ခေါင်မိုးတည့်တည့်ကျတော့ အိမ်ခေါင် မိုးပြို ကျသွား တာပေါ့။ ချောင်းဦးစေတီက စစ်သားတွေပဲပစ်တာ။ လက်နက်ကြီးကျတဲ့ အိမ်နားမှ သားအမိ နှစ်ဦးနဲ့ အခြားအမျိုးသမီး ၁ဦး ကျည်စ အနည်းငယ်ထိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ရပ်ကွက်အတွင်းရှိ ဒေသခံများသည် ဟင်းစားအဖြစ် ညဘက်တွင် ဖားများလိုက်ရှာ စားနေစဉ် ထိုးလိုက်ဓာတ်မီးအလင်းရောင်ကို လှမ်းမြင်ရ၍ လက်နက်ကြီး ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ခန့်မှန်းပြော ဆိုကြသည်။

ကော့ကရိတ်မြို့ ချောင်းဦးစေတီနှင့် ကပ်လျက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း -ခလရ(၉၇)ကလည်း ကျေးရွာများဘက်သို့ အလျင်းသင့်သလို လက်နက်ကြီး ပစ်ထုတ်မှုများလုပ်ဆောင်လေ့ရှိပြီး ရံဖန်ရံခါတွင် ပစ်လိုက်သော လက်နက်ကြီး ကျည်မှာ မြို့ပြင်သို့မရောက်ဘဲ မြို့တွင်း၌သာ ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်ရှိခဲ့ ကြောင်းလည်း ကော့ကရိတ်မြို့ခံများက ပြောသည်။