အောက်တိုဘာလ ၁၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေတွင် ယခုနှစ်ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ဖြစ်ပွားသည့် ၉ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်ကျဆုံးပြီး နှစ်ထောင်ကျော်ဒဏ်ရရှိခဲ့သည်ဟု KNU ဗဟို ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( KNDO)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဖြစ်ပွားသော တိုက်ပွဲကြီးငယ်ပေါင်း (၃၅၇၀)ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၈၆၅)ဦးကျဆုံးပြီး (၂၂၆၀)ဦးဒဏ်ရာရရှိသည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့ဘက်တွင်လည်း တပ်ဖွဲ့ဝင် (၁၁၂)ကျဆုံးပြီး (၃၉၉)ဦး ဒဏ်ရာရရှိကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



















