အောက်တိုဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ဒေသအတွင်း နာရေးကူညီမှု/ လူမှုကယ်ဆယ် ရေးအသင်း ယာဉ်များအသုံးပြုပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ကိုင်သူများ ကြောင့် အသွားအလာအကူအညီပေးရာတွင် အခက်တွေ့နေရကြောင်း နာရေးကူညီ မှုအသင်းဝင်များထံမှ သိရသည်။
ရန်ကုန် /ဖားအံလမ်းမကြီးပေါ်တွင် စစ်တပ်က နာ/ကူ ကားအယောင်ဆောင် ဝစ် သောက်ကား(လိုင်စင်မဲ့)သယ်ပို့ခြင်း၊ စစ်ရေးလှုပ်ရှားမှုနေရာရွှေ့ ပြောင်းခြင်း၊ လက် နက်ခဲယမ်း ပို့ဆောင်ခြင်းများတွင် နာ/ကူကားများ အရောင်း အဝယ်လုပ်သူ၊ ကားပို့ ဆောင်သူများနှင့် ပူးပေါင်းပြီး စစ်တပ်က လုပ်ဆောင်မှုများသတင်းရရှိနေ သောကြောင့် ဒေသတွင်းက နာ/ကူကားများ အနေနှင့်သက်ဆိုင်ရာ နယ်မြေ တော်လှန်ရေးအဖွဲ့များကို ဆက်သွယ်သတင်းပို့ပြီးမှသွားလာကြရန် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်က သထုံ/ဖားအံမိတ်ဘက် တော်လှန်ရေးအဖွဲ့များက ထုတ်ပြန် ထားသည်။
ထိုသို့ မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ထုတ်ပြန်ပြီးနောက်ပိုင်း ဖားအံမြို့က နာရေး ကူညီမှုအသင်းများ ဒေသအတွင်း အသွားအလာအကူအညီပေးရာတွင် သတိထား သွားလာနေရကြောင်း ဖားအံမြို့က နာ/ကူ အသင်းဝင်တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ အခုက စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်စားသူတွေက နာရေးကူညီမှုအသင်း ဟန်ပြထောင်ထားတယ်။ လိုင်စင်မဲ့ နာရေးကူညီတဲ့ကားတွေ တခြားနယ်တွေ ဝစ်သောက်ပို့တယ်။ စစ်တပ်က သယ်ခိုင်းတာ ပို့ခိုင်းတာတွေ၊ ပို့ကူပေးရင်းကားတွေ အရောင်းအဝယ် လုပ်နေကြတာ၊ အခုတော်လှန်ရေးအဖွဲ့တွေက နာ/ကူကားနဲ့ အကာအကွယ်ယူ စစ်ရေးလုပ်ဆောင်နေတာတွေကို စစ်ဆေးအရေးယူသွားမယ် ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာပြီးတော့ မြို့ခံအစစ်အမှန် နာရေးကူညီမှု၊ လူမှု ကယ် ဆယ်ရေး အသင်းတွေအခက်တွေ့ကုန်တယ်”ဟု ၎င်းက ပြောသည်။
၎င်းအပြင် ဖားအံစစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းကဒေသ၊ ကျေးရွာများအလိုက် ကူညီပေးနေသည့် လူမှုကယ်ရေးအသင်းများအပေါ် ဒေသတွင်းစစ်ရေးနိုင်ငံရေး ကိစ္စများတွင် စစ်ကောင်စီနှင့် ပူးပေါင်းကူညီလုပ်ဆောင်ပေးရန် စည်းရုံးပြောဆိုမှု၊ ဖိအားပေးကန့်သတ်မှုများ ရှိလာသည့်အတွက် ဆေးရုံ၊ ဆေးခန်းမှ လူနာသယ်ပို့ ရသည့် ကိစ္စ၊ နာရေးကူညီရသည့်ကိစ္စ၊ လူမှုကယ်ဆယ်ရေး လုပ်ဆောင်ရသည့် ကိစ္စများတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးဌာနကို သတင်းပို့ဆက်သွယ်ပြီးမှ သွားလာ ကူညီရသည့်အခြေအနေဖြစ်လာနေကြောင်း သိရသည်။
ဖားအံမြို့ နယ်အတွင်းက ကျေးရွာအခြေစိုက် နာရေးကူညီမှု/ လူမှုကယ်ရေး အသင်းဝင်တစ်ဦးက “စစ်ကောင်စီအုပ်ချုပ်ချုပ်ရေးပိုင်းကလည်း ကျနော်တို့ အဖွဲ့တွေကို သူတို့ကို ကူညီဖို့ ၊ သူတို့နဲ့ပူးပေါင်းဖို့ စည်းရုံးတယ်။ မြို့ပေါ်မှာဖြစ်တဲ့ ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေမှာ ထိခိုက်သေဆုံးသူတွေကို အကူအညီပေးပြီးရင် သတင်းတွေကို အပြင်ကို မပေါက် ကြားဖို့ မပြောဖို့ ပိတ်ပင်တားမြစ်တာ တွေလည်းရှိတယ်။ အခုက မြို့ပေါ်မှာ လူမှု ရေးအသင်းလုပ်တာ ဖြစ်ပေမယ့် မလွတ်လပ်တော့ဘူး၊ လုပ်ရကိုင်ရ ကူညီရတာတွေက အကန့်အသတ် နဲ့ ဖြစ်လာတယ် ”ဟု ပြောသည်။
လက်ရှိတွင် ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီ မြို့လိုင်စင်မဲ့ ကားဈေး ကွက်မှာ လူနာတင်ကားနှင့် လူနာတင်ကားပုံစံ ပြောင်းအသုံးပြု၍ရသည့် ကားအမျိုး အစားများအရောင်းအဝယ် ကောင်းနေပြီး စစ်တပ်လက်အောက်ခံ စစ်သား၊ ရဲသား၊ စစ်တပ်ဌာနဆိုင်ရာဝန်ထမ်းများက အဆိုပါ နာ/ကူကားများကို မောင်းနှင်ပို့ ဆောင် သည့်လုပ်ငန်းဖြင့် ဝင်ငွေကောင်းနေကြကြောင်း လိုင်စင်မဲ့ကား အရောင်း အဝယ်လုပ်သူများ ပြောဆိုကြသည်။


















