Home သတင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်ချပြီးသားအမှုတချို့ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း စစ်ကောင်စီ ကြေငြာ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ပြစ်ဒဏ်ချပြီးသားအမှုတချို့ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း စစ်ကောင်စီ ကြေငြာ

1319
ပုံ-သမ္မတရုံး

ဩဂုတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစု ကြည်တို့အား ၂၀၂၁ ခုနှစ်တွင် စွဲဆိုခဲ့သောအမှုများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီ လက် အောက်ခံ သတင်းစာမျက်နှာများ၏ ယနေ့ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီး ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ်ပေါင်း ၃၃ နှစ် ချမှတ် ထားသည့်အထဲမှ စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း စွဲဆိုခဲ့သော အမှုငါးမှုအတွက် လက်ကျန်ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုသည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အတူ အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၂ ချမှတ်ခံထားရသည့် သမ္မတဦးဝင်းမြင့်အပေါ် စစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း စွဲဆိုခဲ့သော အမှုနှစ်ခုအတွက် ကျန်ရှိပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုသည်ဟု ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းအကျဥ်း ထောင်များက အကျဉ်းသား ၇၇၄၉ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း၊ သေဒဏ်ကျခံ နေရသည့် အကျဥ်းသားများထဲက ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲကျခံစေရမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ ဆက်စပ်သူ ၇၂ ဦးနှင့် နိုင်ငံခြားသား ၁၂၅ ဦးတို့ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသည်ဟု နောက်ဆက်တွဲထုတ်ပြန်ကြေငြာ ထားချက်အရ သိရှိရသည်။

လတ်တလော ကရင်ပြည်နယ် တောင်ကလေးအကျဥ်းထောင်မှ လွတ်ရက်နီး၊ အကျဥ်းသား/သူများအားတောင်ကလေးအကျဉ်းထောင်မှ ဖားအံမြို့လယ်က ဘုရားကြီးဝင်းအတွင်း စုစည်းပို့ဆောင်ပြီး ထိုမှတစ်ဆင့် နေရာ အသီးသီးသို့ လွတ်ပေးမည်ဟု ဖားအံဒေသတွင်းက အကျဥ်းကျခံသူများ၏ မိသားစုဝင်များ ပြောစကားအရ သိရသည်။